Uni🍂
"ဟာ.....ဟာ စင်ကုန်ပြီ အစ်ကို အစ်ကိုရေ"
"ဟမ်...ဟမ် ဘာဖြစ်တာလဲ "
"ဒီမှာ ဆီတွေလာစင်ကုန်ပြီ လုပ်ပါအုံး"
"အလန့်တကြားနဲ့ကွာ ဖယ်ဖယ် မလုပ်နဲ့ဆိုတော့ ကူညီချင်လို့ပါဆိုပြီး အတင်းလုပ်တယ် "
ချစ်ကြိုးသွယ်ဖို့ ကြိုးစားရာတွင် အမှတ်ကောင်းရရန် ဂျွန်ဂျောင်ကု အားထုတ်ခြင်းက အရာမရောက်ပါပေ၊၊
"ငါပဲလုပ်လိုက်တော့မယ် မင်းက ငါနွှာနေတဲ့ ငါးအသားပြားကို ဆက်လုပ်လိုက် လုပ်တတ်တယ်မလား"
"အဲ့တာလောက်တော့ အေးဆေး"
သာယာနေသော မနက်ခင်းတစ်ခုတွင် မီးဖိုချောင်အတွင်း မနက်စာအတွက် နှစ်ယောက်သား တက်ညီလက်ညီ ပြင်ဆင်လျှက်ရှိသည်၊၊
"အကိုဆော့ဂျင် လိုတာတွေဝယ်လာခဲ့ပြီ ကျွန်တော်ရော ဘာကူညီရအုံးမလဲ"
"ပြီးတော့မယ် ဂျီမင် စားဖို့အတွက်ပဲပြင်ဆင်လိုက်တော့"
"ဟုတ် အကိုဆော့ဂျင် ဒါနဲ့လေ ဒီလိုနာမည်ကျော် Idolတစ်ယောက်နဲ့ ထမင်းတူတူစားရလိမ့်မယ်လို့ မတွေးမိခဲ့ဖူးဘူး ဟီး ဝမ်းသာလိုက်တာ"
"ဟွန်း မပြောလိုက်ချင်ဘူးနော် အကောင်ပေါက်ရေ ထိန်းပါအုံး"
"ထိန်းလို့ တိုးတိုးလေးပြောနေတာလေဗျာ"
နှစ်ကိုယ်ကြား စကားတိုးတိုးပြောကာ ရယ်မောနေသော လူနှစ်ယောက်ထံတွင် အကြည့်စူးစူးတို့ကျရောက်နေသည်၊၊ လှီးဖြတ်နေသော ငါးအသားတို့သည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရချေပြီ၊၊
"ဗန်း....."
"အမလေး"
ရုတ်တရက် အရှိန်ပါစွာ ချလိုက်သောအသံကြာင့် အာမေဍိတ်သံတို့ထွက်ပေါ်လာရသည်၊၊
"ပြီးပြီအစ်ကို စားတော့မလား"
"သာသာချပါ ဂျောင်ကုရာ လန့်သွားတာပဲ ဟမ် မင်းဘယ်လိုတွေ လှီးထားတာလည်း ကြည့်ပါအုံး"
ု
"အရှိန်ပါသွားလို့ အစ်ကိုရာ စားဖို့ပြင်ရအောင်"ဒေါသထွက်နေပုံပေါ်သော ဂျောင်ကုကို ဆော့ဂျင်နဲ့ ဂျီမင်တို့ နားမလည်သောအကြည့်တို့ဖြင့် ကြည့်နေကြသည်၊၊ ဂျောင်ကု အဘယ်ကို စိတ်အလိုမကျပါသနည်း၊၊
YOU ARE READING
Hold Me Tight Until The End 🐞Complete 🐞
Fanfictionဘာတွေပဲဖြစ်နေနေ အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး ချစ်ခြင်းတရားက ဘယ်လောက်လှပကြောင်း ပြောပြမယ် Jeon JungKook ကိုယ့်ဘဝအတွက် ကံကောင်းမှုတစ်ခုဆိုရင် အဲ့တာက မင်းပါပဲ အဆုံးထိ မင်းလက်ကို ဆုပ်ကိုင်သွားချင်တယ် ...