Uni🍂လင်းလက်သော အလင်းရောင်တစ်ခု မျက်နှာပေါ်သို့ကျရောက်လာသည်နှင့် ဂျောင်ကုမျက်နှာရှုံ.လိုက်မိသည်၊၊ လက်နှစ်ဖက်ကို အပေါ်သို့ဆန့်တန်းရင်း သန်းဝေလိုက်သည်၊၊
"ဝှါး...ဝှါး"
နေအလင်းရောင်ပင် အားမာန်အပြည့်နှင့် တောက်ပနေပေပြီ၊၊
ဂျောင်ကု အိပ်ယာထကာ ထမင်းစားခန်းဘက်သို့ ထွက်လာခဲ့သည်၊၊ မီးဖိုချောင်တွင် မြတ်နိုးရသော လူသားက မနက်စာပြင်ဆင်နေသည်၊၊"အစ်ကို မနက်စာဘာလုပ်ထားလဲ"
"Sandwich နဲ့ နွားနို့ "
"အာ ကြိုက်ပြီ ဒါဆိုမနက်စာစားရအောင်လေအစ်ကို ကျွန်တော် ပြင်ဖို.ကူညီမယ်"
"အွန်း ပြင်ထားနှင့် ဒါလေးကို လက်စသတ်လိုက်အုံးမယ်"
ဆော့ဂျင် ဆိုင်အတွက် ကြိုတင်ပြင်ဆင်ချက်ပြုတ်နေစဉ် ဂျောင်ကုသည် မနက်စာများကို နေရာချသည်၊၊ ပြီးစီးသည်နှင့် ဆော့ဂျင်က ဘေစင်တွင် လက်သန့်စင်သည်၊၊ ထိုအခိုက် ဆော့ဂျင်၏ လက်များပေါ်အုပ်ကိုင်လာသော လက်တစ်စုံ၊၊
"ဂျောင်ကု ဘာလုပ်တာလဲ"
"အစ်ကိုကလည်း အစ်ကို့လက်ကို စနစ်တကျ လက်ဆေးနည်းနဲ့အညီဖြစ်အောင် ဆေးပေးမို့လေ"
ပြုံးစိစိမျက်နှာဘေးနှင့် ပြောလာသော ဂျောင်ကုကို ဆော့ဂျင်ဘုကြည့် ကြည့်လိုက်သည်၊၊
"ငါက လက်တောင်ပြောင်အောင်မဆေးတတ်တဲ့ ကလေးလို့ ထင်လို့လား"
ဂျောင်ကုသည် ဆော့ဂျင်အား ပြန်မဖြေသေးဘဲ သူ၏လက်ချောင်းများဖြင့် ဆော့ဂျင်လက်များကို သေချာဆေးနေသည်၊၊
"မဟုတ်ပါဘူး အစ်ကိုကလည်း ကဲပြီးပြီ စားကြရအောင်"
"မင်းအကြံကို ငါသိတယ်နော် ယုန်စုတ်"
မျက်လုံးဝိုင်းများကို ချစ်စရာကောင်းစေခြင်းဖြင့် ဂျောင်ကုသည် ယုန်သွားများပေါ်အောင် ပြုံးပြသည်၊၊
"အိုး နေအုံး အစ်ကို"
"ဘာလဲ "
"ဒီမှာလေ Apron လည်း မချွတ်ရသေးပဲနဲ့ လာဒီကို"
ဂျောင်ကုသည် ရုတ်တရက် ဆော့ဂျင်ခါးကို ဆွဲလိုက်ကာ မျက်နှာချင်းဆိုင်ဖြစ်စေသည်၊၊ လက်နှစ်ဖက်ကို Apron ကြိုးများစည်းထားသော နေရာသို့ ရွှေ့ကာ ကြိုးများကိုဖြည်သည်၊၊ယခုအခြေအနေသည် ဂျောင်ကုထက် လူကောင်သေးသော ဆော့ဂျင်ခန္ဓာကိုယ်က ဂျောင်ကု၏ ရင်ခွင်အတွင်းရောက်ကာ ခေါင်းက ဂျောင်ကု၏ ပုခုံးပေါ်တွင်ဖြစ်သည်၊၊ ရင်ဘတ်ချင်းနီးကပ်နေသော အခြေအနေတွင် ဆော့ဂျင်၏ ရင်ခုန်သံများအား ဂျောင်ကု ကြားသွားမှာပင် စိုးထိတ်ရသည်၊၊ ကြိုးများဖြည်ပြီးသော်ငြား ဂျောင်ကုသည် မလွှတ်ဘဲ ဖက်ထားသည်၊၊
YOU ARE READING
Hold Me Tight Until The End 🐞Complete 🐞
Fanfictionဘာတွေပဲဖြစ်နေနေ အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး ချစ်ခြင်းတရားက ဘယ်လောက်လှပကြောင်း ပြောပြမယ် Jeon JungKook ကိုယ့်ဘဝအတွက် ကံကောင်းမှုတစ်ခုဆိုရင် အဲ့တာက မင်းပါပဲ အဆုံးထိ မင်းလက်ကို ဆုပ်ကိုင်သွားချင်တယ် ...