Uni🍂လွန်ခဲ့သည့်ရက်က မရပ်မနားမြည်နေခဲ့သော ဖုန်းသည် ယခုတော့ သူမဟုတ်သည့်အတိုင်း တိတ်ဆိတ်လွန်းလှသည်၊၊ ထိုဖုန်းအား ဆော့ဂျင်တွေဝေစွာ စိုက်ကြည့်နေမိသည်၊၊
"ဟာ အကိုဆော့ဂျင် ဘာန့ံကြီးလဲ တစ်ခုခုတူးနေပြီမဟုတ်ဘူးလား"
ထိုအခါမှ တည်ထားသောဟင်းအိုးကို သတိရကာ ဆော့ဂျင် အလျှင်အမြန်ပိတ်လိုက်သည်၊၊
"ဟုတ်တယ်ဂျီမင် အစ်ကိုညနေစာအတွက် ဟင်းချက်နေတာ ဘယ်လိုလုပ်မလဲ တူးသွားပြီ တောင်းပန်ပါတယ်"
"မဟုတ်တာ အကိုဆော့ဂျင်ရာ အဲ့တာထက် ထိခိုက်မိမှာပဲစိုးရတာ သေချာဂရုစိုက်အုံး အကိုဆော့ဂျင်"
စိုးရိမ်စိတ်ဖြင့် သတိပေးလာသော ဂျီမင်ကို ဆော့ဂျင် အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်၊၊
"လာအကိုဆော့ဂျင် Cafeထဲ သွားရအောင် ခဏနေရင် ဧည့်သည်တွေ လာတော့မယ်"
"အွန်း သွားရအောင်"
ဂျောင်ကုနှင့် ပြဿနာဖြစ်ခဲ့သည့်နေကတည်းက ဆော့ဂျင် စိတ်နှင့်လူ မကပ်ဘဲ ဖြစ်နေသည်ကို ဂျီမင်သတိထားမိပါသည်၊၊ အလုပ်လုပ်ရာတွင် တိကျမှုရှိပြီး ကြိုးစားတတ်သည့် ဆော့ဂျင်သည် အခုရက်ပိုင်းတွင် တကယ်ကို တခြားတစ်ယောက်အဖြစ် ရှိနေသည်၊၊ ထိုစဉ် ဆိုင်ဝင်ပေါက်မှ ဆည်းလည်းသံကြောင့် လှည့်အကြည့် ဂျီမင်၏ မျက်နှာတွင် မာထန်မှုတို့ ပေါ်ပေါက်လာသည်၊၊ သို့သော်ငြား တာဝန်ဝတ္တရားရှိသည်ကြောင့်...
"ဧည့်သည် ဘာအလိုရှိပါသလဲ "
"အော် ဒီဆိုင်လေးက အရမ်းနာမည်ကြီးနေတာနဲ့လေ ဒါကြောင့် လာခဲ့တာ"
"ဟိုဘက်ကို ဝင်သွားလိုက်ပါခင်ဗျာ"
ရောက်ရှိလာသောလူများသည် အခြားမဟုတ်ပါပေ၊၊ ဂျောင်ကုနှင့်ယွန်းဆိုဟီးပင်ဖြစ်သည်၊၊ ခင်မင်ရင်းနှီးခဲ့သည့် ဂျီမင်ကိုပင် ဂျောင်ကုက ပြုံးမပြခဲ့ပါ၊၊ မျက်နှာတည်တည်ဖြင့်သာ အခုမှရောက်ဖူးသော လူတစ်ယောက်ပမာ ဖြစ်နေသည်၊၊ ဂျောင်ကုတို့ကိုတွေ့လျှင် ဆော့ဂျင် အဆင်ပြေမည်မဟုတ်သောကြောင့် ဂျီမင်ဆိုင်အတွင်းဝင်ကြည့်သော် နောက်ကျခဲ့ပါပြီ၊၊
YOU ARE READING
Hold Me Tight Until The End 🐞Complete 🐞
Fanfictionဘာတွေပဲဖြစ်နေနေ အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး ချစ်ခြင်းတရားက ဘယ်လောက်လှပကြောင်း ပြောပြမယ် Jeon JungKook ကိုယ့်ဘဝအတွက် ကံကောင်းမှုတစ်ခုဆိုရင် အဲ့တာက မင်းပါပဲ အဆုံးထိ မင်းလက်ကို ဆုပ်ကိုင်သွားချင်တယ် ...