အပိုင္း(၁၄)🐞

1K 120 8
                                    


Uni🍂

အားပေးသံများ ဆူညံစွာထွက်ပေါ်နေသော အဆောက်အအုံအတွင်း အစီအစဉ်ကြေငြာသူ၏ စကားသံကြောင့် မီးတောက်ကို ရေလောင်းလိုက်သလို ငြိမ်ကျသွားသည်၊၊

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ ဒီနေ့ကျင်းပတဲ့ ပွဲလေးကတော့ ပုရိတ်သတ်ကြား လူကြိုက်များရေပန်းစားတဲ့ အနုပညာရှင်တွေကနေ သီချင်းတပုဒ်စီနဲ့ ဖျော်ဖြေပေးကြမှာပါပဲ ဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲ အဆင့်သင့်ဖြစ်ကြပြီလား"

"အဆင်သင့်ပါပဲ ရေးးးးး"

ရောက်ရှိနေသော ပုရိတ်သတ်အားလုံးဆီမှ တုန့်ပြန်သံသည် အဆောက်အအုံအတွင်း ဟိန်းထွက်လာသည်၊၊

"အခုဖျော်ဖြေမှာကတော့ အသံချိုအေးလေးနဲ့ ဖမ်းစားတတ်တဲ့ အဆိုတော် Suriပဲ ဖြစ်ပါတယ်ခင်ဗျာ နားဆင်လိုက်ကြရအောင်ပါ"

ငြိမ့်ညောင်းသော တေးသံနှင့်အတူ အဆိုတော်မလေးထွက်လာသည်နှင့် တပြိုင်နက် အော်သံတို့ဆူညံသွားသည်၊၊

"ဂျီမင် ဒီနားက လူအရမ်းများလွန်းတယ် ဟိုဘေးစပ်ကို သွားကြမလား"

မွန်းကြပ်နေဟန်ရှိသော မျက်နှာအမူအယာနှင့် ဆော့ဂျင်က ဂျီမင်အား ပြောလာသည်၊၊

"အာ ဟုတ်သားပဲ ဆောရီးပါအကိုဆော့ဂျင် ကျွန်တော်နေရာယူတာ မှားသွားတယ် အဲ့ဘေးစပ်နားထက် ဟိုရှေ့ဆုံးနားကို တွေ့လား အကို အဲ့နားကကောင်းကောင်းလည်းမြင်ရပြီး လူလည်းရှင်းတယ်"

မီးရောင်အနည်းငယ်ရပြီး လူရှင်းသောစင်ရှေ့တစ်နေရာအား ဂျီမင်လက်ညိုးထိုးကာ ပြလေလျှင် ဆော့ဂျင် ခေါင်းငြိမ့်၍သာ အဖြေပေးလိုက်သည်၊၊

"ဘယ်လိုလဲ အကိုဆော့ဂျင် အဆင်မပြေရင် နောက်တစ်နေရာ....."

"ရပြီ ဂျီမင် ဒီနေရာအဆင်ပြေတယ်"

အလှည့်ကျ သီဆိုမှုတို့နှင့်အတူ မီးရောင်များ၊ ပုရိတ်သတ်များက စည်းချက်ညီစွာ လှုပ်ရှားကြသည်၊၊

"ကဲ ဒီတစ်ခါဖျော်ဖြေပေးမှာကတော့ အားလုံးရဲ့ အသဲစွဲ လူငယ်လေးတစ်ယောက်ဖြစ်တဲ့........."

"JK JK JK JK JK JK JK............"

ပျားအုံကို တုတ်နှင့်ထိုးလိုက်သလို ကြွလာသော ပုရိတ်သတ်တွေဆီမှ အားပေးသံများ ထွက်ပေါ်လာသည်၊၊ ထိုစဉ် စင်ပေါ်သို့ တည်ငြိမ်စွာ တက်လာသော ခန့်ညားလှသည့် Jk၊၊ အမဲရောင် ရှပ်လက်ရှည်ကိုမှ ရင်ဘတ်အနည်းငယ်ဖော်ကာ ဝတ်ဆင်ထားပြီး မီးရောင်အောက်တွင် အကျၤႌမှ အရောင်လက်လက်လေးများ တောက်ပနေသည်၊၊ ထိုအကျၤႌကို အနက်ရောင် ဘောင်းဘီဖြင့် တွဲဝတ်ထားသည့် Jkသည် ဖြူသော အသားအရေနှင့်လိုက်ဖက်ကာ လွန်စွာပင် ကြည့်ကောင်းလှသည်၊၊

Hold Me Tight Until The End 🐞Complete 🐞Where stories live. Discover now