အပိုင္း(၅)🐞

1.3K 167 3
                                    

Uni🍂

"ဂျောင်ကု မင်းကလည်း နောက်ကျတယ်ကွာ"

ကားရပ်လိုက်တာနဲ့  ကိုယ်တော်ချောက အစပြုပေပြီ၊၊

"ဘာတွေလောနေတာလဲ ငါ့ကောင်ရာ အချိန်သုံးရက်တောင်
ရတာကိုကွာ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကြွဗျာ"

စိမ်းလန်းစိုပြေသော ကမ္ဘာငယ်လေးသည် အံ့သြစရာကောင်းလောက်အောင်ပင် အေးချမ်းမှုဖြင့်ကြိုဆိုသည်၊၊ ပန်းမျိုးစုံစိုက်ပျိုးထားသော ပန်းခြံလေးက ကြည်နူးဖွယ်အတိ၊၊ ရေကန်လေးရယ် ဘေးမှာရှိသော သစ်ပင်အောက်မှ ခုံတန်းလေးရယ်နဲ့
ဘယ်လောက်တောင် သာယာလိုက်ပါသလဲ၊၊

"ဘယ်လိုလဲဂျောင်ကု မင်းပါးစပ်မပိတ်တော့ပါလား"

"ယောင်းဆော့ရာ မင်းအရမ်းတော်သွားပြီ ကဲ သုံးရက်လောက်တော့ အားလုံးလွှတ်ချပြီး နားကြရအောင်ကွာ"

"Ok ဗျာ လာငါ့ကောင်"

ကျောက်စရစ်စီထားသောလမ်းပေါ် ပေါ့ပါးစွာ လျှောက်လှမ်းကာ တိုက်အိမ်အကြီးသို့ ဝင်ခဲ့သည်၊၊ ခမ်းနားမနေပဲ သေသပ်လှပတဲ့ အပြင်အဆင်များက တစ်မျိုးကြည့်ကောင်းသည်၊၊

"မင်္ဂလာပါခင်ဗျာ ဘာများအလိုရှိပါသလဲဗျ"

Reception မှ ချစ်စရာလုံးလုံးလေးက နှုတ်ဆက်လာသည်၊၊ အားပါး ပြုံးလိုက်ရင် တော်တော်ကို ကြည့်ကောင်းတာပဲ၊၊

"ဟာ ဒါနဲ့ နေပါအုံး J......JK ဟုတ်ပါတယ်နော် ဟို....ဟို"

"ဟုတ်ပါတယ်ဗျာ ကျွန်တော် JKပါ "

"JKက ဒီ...ဒီကို ဘယ်လိုများ"

"ဟောဗျာ အားလပ်ရက်အပန်းဖြေချင်လို့ အပန်းဖြေတဲ့နေရာကို လာတာလေဗျာ ဘာလဲ ကျွန်တော်လာလို့မရဘူးလား"

"မဟုတ် မဟုတ် ဟို လာလို့ရပါတယ်ဗျ ကျွန်တော်က မယုံနိုင်လို့"

"ကျွန်တော့်ကို သိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

"မဟုတ်တာ လာအနားယူပေးလို့ ကျေးဇူးတင်ပါတယ်
  ဘယ်အခန်းကို ယူချင်လဲခင်ဗျာ "

"အရမ်းမယဉ်ကျေးလို့ ရပါတယ် အသက်ကမတိမ်းမယိမ်းလောက်ပဲ ဆိုတော့ ရင်းရင်းနှီးနှီး ပြောလို့ရပါတယ် ဒီရှေ့နားက အခန်းပဲပေး ပြီးတော့ သုံးရက်တည်းမယ်နော်"

Hold Me Tight Until The End 🐞Complete 🐞Where stories live. Discover now