Happy JIN Day💛🎉

615 79 4
                                    

HAPPY BIRTHDAY KIM SEOK JIN🎉

အဖိုးတန်လူသားတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာ နှစ်၃၀တောင် ပြည့်ခဲ့ပြီ၊၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေနဲ့ အခက်အခဲပြဿနာတွေကိုရော ဖြတ်ကျော်ခဲ့ပြီး အခုဆို အောင်မြင်မှု တစ်နေရာမှာ တည်ရှိနေနိုင်ပြီ၊၊ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်မှာ ပင်ပန်းခဲ့ပြီ လူကြီးရေ၊၊ ချစ်တဲ့သူတွေဆီက အင်အားတွေအပြည့်အဝယူပြီး ရဲရဲဝင့်ဝင့် ဆက်ပြီးလျှောက်လှမ်းပါ၊၊ ဒီလူသားအပေါ် သဘောကျနှစ်သက်ခဲ့ရခြင်းက နောင်တကင်းတဲ့အရာပါပဲ၊၊ အဆုံးထိ တူတူရှိနေပေးမှာမလို့ လူကြီးပေါက်က ဝမ်းနည်းမှုကင်းအောင် ပျော်ရွှင်အောင်သာနေထိုင်ပါ၊၊ ချစ်တဲ့သူတွေကို မခံစားရစေဖို့ ထုတ်မပြဘဲ ကိုယ်ကိုယ်တိုင် ခံစားတာမျိုး မရှိစေချင်တော့ဘူး၊၊ အရာအားလုံးကို နှစ်သက်မြတ်နိုးတာမို့ အရာအားလုံးကို လက်ခံပေးနိုင်တာမို့ မတွန့်ဆုတ်နေပါတော့နဲ့၊၊ လူတိုင်းအပေါ်ကို သဘောကောင်းပြီး ဂရုစိုက်ပေးတတ်တဲ့ လူကြီးက အကောင်းဆုံးပါပဲ၊၊ Manner/ Personalityပြည့်ဝတဲ့ ဒီကောင်လေးက စံထားရတဲ့ လူတစ်ယောက်ပါ၊၊ တစ်ခါတစ်လေမှာ ဒီကောင်လေးက ရင့်ကျက်တဲ့ စကားတွေနဲ့ လမ်းပြကြယ်ဖြစ်ပြီး တစ်ခါတစ်လေမှာ ချစ်ဖို့ကောင်းတဲ့အမူအယာ အမျိုးမျိုးနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာဖြစ်ပြန်တယ်၊၊ ညီငယ် ၆ယောက်ရဲ့ အငယ်ဆုံးလေးက ချစ်ဖို့ကောင်းခြင်းတွေနဲ့ ပြည့်စုံပါတယ်၊၊ မပြည့်စုံသေးတဲ့အတွက် လူကြီးအားငယ်ခဲ့ရတဲ့အရာတွေကို အကောင်းဆုံး၊အတော်ဆုံး လုပ်နိုင်နေတယ်ဆိုတာ သိထားနော်၊၊

အဖိုးတန်လေးရဲ့ မွေးနေ့ကို ဂုဏ်ပြုပါတယ်၊၊
ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးဖြစ်ပါစေ Seokjinnie💛
ပြောမပြတတ်အောင် အများကြီး အများကြီး အများကြီး  ချစ်ပါတယ်
Our World Wide Handsome JIN🙆‍♀️

HAPPY BIRTHDAY KIM SEOK JIN🎉



Hold Me Tight Until The End 🐞Complete 🐞Where stories live. Discover now