အပိုင္း(၁၁)🐞

1.1K 126 9
                                    

Uni🍂

လမ်းတစ်လျှောက်တိတ်ဆိတ်မှုက ကြီးစိုးနေသည်၊၊ ဆော့ဂျင်လိုအပ်သည့် ပစ္စည်းများဝယ်ယူရာတွင် မြို့ပြင်နားရှိဆိုင်၌ အလုံအလောက်မရှိသောကြောင့် မြို့တွင်းသို့ သွားဝယ်လိုက်ရသည်၊၊ ညနေခင်းဆိုင်သိမ်းချိန်ထွက်လာမိခြင်းကြောင့် အိမ်ပြန်ချိန်သည် မှောင်ရီပျိုးနေပေပြီ၊၊ တိတ်ဆိတ်သော မြို့ပြင်လမ်းတစ်လျှောက် ဆော့ဂျင်မောင်းနှင်လာသော ဆိုင်ကယ်စက်သံသာ ထွက်ပေါ်လျှက်ရှိသည်၊၊

အိမ်သို့ အချိန်မှီ ပြန်ရောက်နိုင်ရန် အရှိန်တင်မောင်းနှင်လာစဉ် ရုတ်တရက် မြင်လိုက်ရသော အရာကြောင့် ဘရိတ်ကို လျှင်မြန်စွာ အုပ်လိုက်သည်၊၊ မြင်လိုက်ရသည်ကား မျက်နှာဖုံးစွပ်ထားသော လူသုံးယောက်ပင်၊၊ ဆော့ဂျင် ရှောင်ပြေးရန်မတတ်သာလိုက်ပါ၊၊

"ဒီက ကင်ဆော့ဂျင်မဟုတ်လား ငါတို့နဲ့ ခဏလောက်လိုက်ခဲ့မလား"

လူသုံးယောက်ထဲမှ ခန္ဓာကိုယ်အထွားဆုံးလူက စကားဆိုလာသည်၊၊

"မင်းတို့ကို မသိပဲ ဘာကြောင့်ငါက လိုက်ရမှာလဲ အချိန်မရှိဘူး လမ်းဖယ်လိုက်ရင်ကောင်းမယ်"

"အိုးဟိုး ကြောက်စရာပါလားကွ ဒါပေမယ့် မင်းနောက်ကျသွားပြီ"

"ဟာ အွတ်.........."

ဆော့ဂျင်၏ နှာခေါင်းနှင့်ပါးစပ်အား လူတစ်ယောက်က နောက်မှလာကာ အုပ်လိုက်သည်၊၊ ဆော့ဂျင်လည်း အသိစိတ်ကင်းမဲ့ကာ အမှောင်ထုအတွင်းသို့ ကျရောက်သွားလေသည်၊၊

"ဟာ အကိုဆော့ဂျင်က အရမ်းကြာနေပြီ လမ်းမှာ ဘာဖြစ်နေလို့ပါလိမ့် ဖုန်းဆက်တော့လည်း မကိုင်ပြန်ဘူး "

လှပသော ဝင်ပေါက်ခုံးလေးအောက်တွင် လက်မှနာရီကို စက္ကန့်မလပ်ကြည့်ကာ ဆော့ဂျင်အား စိတ်ပူနေသူ တစ်ယောက်ရှိလေသည်၊၊ ဂျီမင်သည် ညနေပိုင်းတွင် သင်တန်းချိန်ရှိနေ၍သာ ဆော့ဂျင်ကို ပစ္စည်း သွားဝယ်စေလိုက်ခြင်းဖြစ်သည်၊၊ အိမ်အပြန်နောက်ကျနေသည့်အပြင် ဖုန်းပင်မကိုင်သော ဆော့ဂျင်ကြောင့် ဂျီမင် နေထိုင်မရအောင်ပင် စိတ်ပူနေသည်၊၊

Hold Me Tight Until The End 🐞Complete 🐞Where stories live. Discover now