အပိုင္း(၁၃)🐞

1K 123 0
                                    

Uni🍂

ဆောင်းဦးရောက်ပြီထင် ရာသီဥတုသည် အေးမြစွာ ဖြစ်တည်နေပေပြီ၊၊ အစာရှာရန် တေးသီငှက်တို့ ပျံဝဲနေကြသည်၊၊ သစ်ပင်တို့သည်လည်း လေအေး၏ ကြည်စယ်မှုတွင် ပျော်ဝင်လှုပ်ရှားနေကြသည်၊၊

"မဟုတ်ဘူး အစ်ကိုဘာလို့ရောက်မလာတာလဲ မဟုတ်ဘူး ကျွန်တော့်မှာ နာမည်လေးတောင် မှတ်မိနေခွင့်မရှိဘူးလား
အစ်ကိုကရက်စက်လိုက်တာ ရွှတ်..."

ယောင်ရမ်းကာ ဂျောင်ကု ထထိုင်မိသည်၊၊ ယခုအိပ်မက်ထဲတွင်တွေ့မြင်ခဲ့သည့် မြင်ကွင်းများသည် ဘယ်သို့သော အကြောင်းအရာများပါနည်း သူစဉ်းစားကြည့်သည်၊၊ လက်နှစ်ဖက်ဖြင့် ဆံပင်ကို သပ်တင်မိတော့ မျက်ဝန်း၏ စိုစွတ်မှုကို ထိတွေ့မိသည်၊၊ သူငိုနေသည်လား၊၊ မှတ်မိနေသည့်ပုံရိပ်က ချောမောသည့်မျက်နှာဖြင့် ကောင်လေးတစ်ယောက်၊၊ ထိုမျက်နှာအား သူသေချာပေါက် ရင်းနှီးနေပါသည်၊၊ မျက်စိမှိတ်ကာ သေချာစဉ်းစားကြည့်လျှင် ပုံရိပ်ပေါ်လာသည့် နှုတ်ခမ်းဖူးလေး၊၊ ထိုစဉ် မှတ်မိစွာ ယှဉ်တွဲမိသည့် အစ်ကို၊၊

"ဟင် အဲ့ဒီကောင်လေးက အစ်ကိုများလား ဒါဆို ငါအစ်ကို့ကို ပြန်မှတ်မိပြီပေါ့ ဟုတ်ပြီ ဒီနေ့ညနေအလုပ်ပြီးရင် အစ်ကို့ဆီသွားရမယ်"

ပျော်ရွှင်ခြင်းဖြင့် စတင်ခဲ့သော ဂျောင်ကု၏ တစ်နေ့တာသည် မလွဲမသွေ လှပနေပါလိမ့်မည်၊၊

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"Hello ဆော့ဂျင်"

"ဟာ ယွန်းမီ ဒီနေ့နောက်ကျတယ်နော် "

"ဟုတ်တယ် ဆော့ဂျင်ရဲ့ အလုပ်လေးရှိနေလို့လေ ဒါဆို ပုံမှန်အတိုင်းပဲ ပြင်ပေးနော် "

"စိတ်ချဗျာ ခဏပဲစောင့်"

"ဟုတ်ပါပြီရှင်"

ချိုမြသော အပြုံးဖြင့် ယွန်းမီသည် ခန္ဓာကိုယ်အလှ အသားပေးသော shoulder off အကျၤႌ ပေါင်လည်ထိသာရှိသော ဂျင်းစကပ်အတိုနှင့်ဖြစ်သည်၊၊

^ဟင်း....ဟင်း ဆော့ဂျင် အမှန်တော့ ငါကအားနေတဲ့သူမဟုတ်ဘူး နင်နဲ့ ရင်းနှီးမှုရအောင်သာ အလုပ်ရှုပ်ခံပြီးလာနေရတယ်ဆိုတာ နင်ဘယ်သိပါ့မလဲလေ၊၊ နင်က သူ့အတွက် အရေးကြီးတဲ့လူဆိုတာ သေချာသိလိုက်ရတာမလို့ ငါနင်နဲ့ရင်းနှီးအောင် ပိုကြိုးစားနေရတာ၊၊^

Hold Me Tight Until The End 🐞Complete 🐞Where stories live. Discover now