Uni🍂
ရွှေရောင်နေမင်းသည် မိုးပြာရောင် ကောင်းကင်ပြင်နှင့် အလှခြင်း ပြိုင်လျက်ရှိသည်၊၊ ခမ်းနားထည်ဝါသော တိုက်အိမ်ကြီးများ ဝန်းရံထားသော လမ်းလေးသည်လည်း တစ်ဖက်တစ်ချက်သစ်ပင်တန်းများစွာ စိမ်းစိုသာယာဖြင်းဖြင့် ပိုလှအောင်
ဖြည့်စွက်ပေးနေသယောင်၊၊ ဤလမ်းရှိ တိုက်အိမ်အားလုံးတွင်
အခမ်းနားဆုံးဟု ဆိုနိုင်သော စံအိမ်ရှေ့၌ကား သပ်ရပ်စွာ
ဝတ်စားထားသူတစ်ယောက် ခုံတန်းပေါ်တွင် ထိုင်နေသည်၊၊
တီရှပ်အဖြူပေါ်တွင် မိုးပြာရောင်ရှပ်လက်ရှည်ကို ထပ်ဝတ်ထားကာ အနက်ရောင် ဒူးတိဘောင်းဘီအတိုနှင့် ထိုသူသည် ခုံတန်းပေါ်တွင် ထိုင်နေသော်လည်း သူ၏ခေါင်းကိုတော့
ဘယ်ညာလှည့်ကာ အလုပ်ပေးလျက်ရှိသည်၊၊ မျက်ဝန်းဝိုင်းများကလည်း တစ်စုံတစ်ခုကို ရှာဖွေနေသယောင်၊၊ဂျောင်ကု သူ့အားဒီနေ့လျှောက်လည်ရန် ချိန်းဆိုထားသောသူကို စောင့်နေသည်မှာ နာရီဝက်ပင်ကျော်ပေပြီ၊၊ ဟိုတစ်နေ့ကလို နှောက်ယှက်ခံနေရခြင်းမဟုတ်ရန် စိတ်ပူမိသည်၊၊ထိုကောင္လေးနွင့္သူ ပြန်ဆုံပြီးနောက်ပိုင်း နလေ့ည်စာ စားချိန်တိုင်း တူတူစားဖြစ်ကြပြီး ရင်းနှီးလာကြပြီဖစ်သည်၊၊ ဒီနေ့ ဂေ်ာင္ကုမြေးနေ့မို့ အတူလျှောက်လည်ကြရန် ချိန်းဆိုထားခြင်းဖြစ်သည်၊၊
"ဟူးးး......" သက်ပြင်းတစ်ခုချကာ ခေါင်းကိုအောက်ငုံ့မိလိုက်သည်၊၊ နဖူးပြင်ထိ ဖုံးအုပ်ထားသော ဆံပင်သည် မျက်လုံးအပေါ်ဖက်သို့ လာထိတွေ့နေကြသည်၊၊ ထိုဆံပင်အား ပါးစပ်ဖြင့် လေမှုတ်ကာ ဆော့နေမိချိန် ရှေ့တွင်လာရပ်သည့် ဖြူနုသော ခြေထောက်တစ်စုံ၊၊ အပြစ်တင်ရန်မော့အကြည့် ခဏတာ
ငြိမ်သက်သွားမိသည်၊၊ ပြေးလာရ၍ထင် နားသယ်စပ်နှင့်မေးစေ့တွင် ချွေးစက်တို့တွဲခိုနေသည်၊၊ ပျော့ပျောင်းသော ဆံသားများမှာ စိုနေသောကြောင့် အရောင်ပိုတောက်နေသည်၊၊ ဒူးနှစ်ဖက်ပေါ်တွင် ခါးကိုကိုင်း၍ လက်ထောက်ကာ မောဟိုက်နေ၍ထင် နှုတ်ခမ်းဖူးဖူးမှ လေအထုတ်အသွင်းပြုလုပ်နေသည်၊၊
အဝါရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီကိုသာ ရိုးရှင်းစွာ ဝတ်ဆင်ထားသည်၊၊
YOU ARE READING
Hold Me Tight Until The End 🐞Complete 🐞
Fanfictionဘာတွေပဲဖြစ်နေနေ အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး ချစ်ခြင်းတရားက ဘယ်လောက်လှပကြောင်း ပြောပြမယ် Jeon JungKook ကိုယ့်ဘဝအတွက် ကံကောင်းမှုတစ်ခုဆိုရင် အဲ့တာက မင်းပါပဲ အဆုံးထိ မင်းလက်ကို ဆုပ်ကိုင်သွားချင်တယ် ...