အပိုင္း(၄)🐞

1.4K 182 3
                                    

Uni🍂

2020

Seoul မြို့၏ ခမ်းနားလှသော အားကစားရုံအတွင်း
မီးရောင်များ တလက်လက်တောက်ပကာ ကြွေးကြော်သံတို့
မြည်ဟည်းလျက်ရှိသည်၊၊ဟစ်ကြွေးသံများကို အပြင်ဘက် လမ်းမပေါ်ကပင် ကြားနိုင်ပေသည်၊၊

* JK   Jk   Jk   Jk   Jk   Jk   Jk   Jk  Jk   Jk*

ဤသည်ကား အဆိုတော် Jk ၏ concert ပင်ဖြစ်သည်၊၊
ယခုနှစ်အတွင်း အသက် 20သာရှိသေးသော အဆိုတော် Jk သည် ပရိတ်သတ်များအကြား အရမ်းရေပန်းစားနေသည်၊၊
ငြိမ်းချမ်းသာယာလှသော အသံချိုအေးနှင့် Jkသည် အဆိုပညာရပ်တစ်ခုတွင်သာ မဟုတ်ဘဲ အက၊ပန်းချီ၊အားကစားနှင့်
ရိုက်ကူးရေးပိုင်းများသာမက အရာရာတွင်ထူးချွန်သော လူငယ်တစ်ယောက်ဖြစ်သည်၊၊ ရုပ်ရည်သည်လည်း ချောမောခန့်ညားသောကြောင့် မိန်းမပျိုတွေကြား လူကြိုက်များလှသည်၊၊
ခေတ်တစ်ခေတ်ကို လွှမ်းမိုးထားနိုင်သည့် အနုပညာရှင် Jk ပင်ဖြစ်သည်၊၊

"ဘယ်လိုလဲ ငါ့ကောင် ပင်ပန်းသွားပြီလား"

Concert အပြီး ခဏအနားယူနေချိန် ကြားလိုက်ရသောအသံ၊၊

"ဟာ ယောင်းဆော့ မင်းဘယ်လိုရောက်လာတာလဲ "

"မင်းလို အရမ်းအောင်မြင်ကျော်ကြားတဲ့လူ မဟုတ်တော့ အချိန်တွေ အားနေလို့ လာအားပေးတာပေါ့ကွာ"

Jkထိုင်နေသော ဆိုဖာထိုင်ခုံ၏နေရာအလွတ်တွင် ယောင်းဆော့ဝင်ထိုင်သည်၊၊ ယောင်းဆော့သည် Jk၏ အရင်းနှီးဆုံးသူငယ်ချင်းဟု ပြောနိုင်ပေသည်၊၊ အနုပညာလောကထဲရောက်မှ သိကျွမ်းမိကြသော်လည်း ငယ်ပေါင်းတွေလိုပင်၊၊ ခန္ဓာကိုယ်သွယ်သွယ်၊ အရပ်ရှည်ရှည်နှင့် ယောင်းဆော့သည် ချောမောသည်မဟုတ်သော်ငြား ချစ်စရာကောင်းသောသွင်ပြင်ရှိသည်၊၊

"တော်ပါ ငါ့ကောင်ရာ အဲ့လောက်လည်းမဟုတ်ပါဘူးကွ
အခု concert ပြီးရင် ငါနားရက် ၃ရက်လောက်ရတယ်
အဲ့ဒါ အပန်းဖြေဖို့ တစ်ခုလောက်လုပ်မလားလို့"

"ဟာ ဒါဆို ငါအရမ်းသွားချင်နေတဲ့ နေရာတစ်ခုရှိတယ်
မင်းစိတ်ဝင်စားမှာသေချာတယ်ကွ"

"အွန်းဟုတ်ပြီ  အခုတော့ ငါပင်ပန်းနေပြီကွ အိမ်ပြန်နားတော့မယ် အပန်းဖြေသွားဖို့ ကိစ္စကို နောက်နေ့မှဆွေးနွေးရအောင်"

Hold Me Tight Until The End 🐞Complete 🐞Where stories live. Discover now