Uni🍂
မီးရောင်စုံတွေ ပျံ့လွှင့်နေသည့် အဆောက်အဦးတစ်ခုတွင် အားပေးသံများပါ ထွက်ပေါ်လျှက်ရှိသည်၊၊ စင်၏ မီးရောင်များနှင့်အပြိုင် ပုရိတ်သတ်တစ်ယောက်ချင်းစီမှ မီးရောင်မှိန်မှိန် Lightstickများကလည်း ချစ်စဖွယ် အရောင်လေးများ တလှည့်စီ တောက်ပနေသည်၊၊ လက်များဝေ့ယမ်းကာ စည်းချက်ညီညီ ကခုန်နေကြသူတို့အား ဦးဆောင်ခေါ်သူမှာ စင်ပေါ်ရှိ ခန့်ညားလှသော နတ်သားတစ်ပါးဖြစ်သည်၊၊ ထိုသူမှာ ကင်ဆော့ဂျင်၏ မြတ်နိုးရသော လူသားတစ်ယောက်လည်း ဖြစ်ပေသည်၊၊
"အားလုံးပဲ ကျွန်တော်ဒီ showကို အဆုံးမသတ်ခင်မှာ အခုအချိန်ထိ ကျွန်တော့်ဘေးနားမှာ ဆက်ရှိနေပေးတဲ့ ကျွန်တော့်ကို ချစ်တဲ့ပုရိသတ်အားလူံးကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ် အစစအရာရာ ချစ်ပေးနားလည်ပေးလို့ ကျွန်တော့်ကိုယ်ကျွန်တော် ကံအကောင်းဆုံးလူသားလို့တောင် တွေးထင်မိပါတယ်..."
စကားပြောနေသော ဂျောင်ကု၏မျက်နှာတွင် ကြည်နူးခြင်း အပြုံးတို့ လွှမ်းခြုံနေသည်၊၊ ဂျောင်ကုက နဖူးပေါ်ဝဲကျနေသော ဆံပင်ကို သပ်ကာ ချွေးသုတ်သည်၊၊ ထို့နောက် စကားဆက်သည်၊၊
"အခုလို ပုရိတ်သတ်တွေ ရှိနေလို့သာ ဒီနေရာမှာ JKဆိုပြီး ရပ်တည်နိုင်တာပါ အားလုံးကိုချစ်ပါတယ်"
"ရေးးး.....,...ဟေးးး....,......ဖြောင်းးဖြောင်း....,....."
ပုရိတ်သတ်အယောက်စီတိုင်းမှ အားပေးသံများ ဆူညံကာ တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည်၊၊
"ဒီပွဲရဲ့ နောက်ဆုံးတစ်ပုဒ်အနေနဲ့ ကျွန်တော့်ရဲ့ စကားသံတွေ ချစ်ခြင်းတရားတွေ ပါဝင်နေတဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော့်ရဲ့ တစ်ယောက်သောသူအတွက် ဖျော်ဖြေပေးချင်ပါတယ် အခုသူလည်း ဒီပွဲရဲ့တစ်နေနေရာရာမှာ ရှိနေပါလိမ့်မယ်"
ပြုံးရွှင်နေသော မျက်နှာပြင်နဂိုမျက်နှာထားသို့ ပြန်အခြေမကျသေးခင် ပုရိသတ်များတစ်ယောက်တစ်လှည့်ရှာပုံတော်ဖွင့်ကြလေတော့သည်၊၊ ထိုအချိန် မိန်းခလေးတစ်ယောက်ကအော်လိုက်သည်၊၊
"ဒီနေရာမှာပါဗျို့......."
ထိုအသံကား ပုရိတ်သတ်များ၏ အရှေ့ပိုင်းနား ထောင့်စွန်းဘက်တွင်ဖြစ်သည်၊၊ ရုတ်တရက် မီးရောင်သည် ထိုနေရာရှိ ဆော့ဂျင်ပေါ်သို့ ဖြာကျလာသည်၊၊ မီးရောင်အောက်တွင် မြင်နေရသော ချောမောလှပသော ဆော့ဂျင်သည် တီရှပ်အဖြူပေါ်တွင် အဝါရောင်ရှပ်လက်ရှည်ကို ဝတ်ဆင်ထားကာ ဂျင်းဘောင်းဘီ ဘွတ်ဖိနပ်အဖြူနှင့် ဖြစ်သည်၊၊ ဤသို့ လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်ထားသော်ငြား ထိုလူသား၏ ချောမောမှုကား ပေါ်လွင်တောက်ပလျှက်ရှိသည်၊၊ မီးရောင်အောက်မှ ဆော့ဂျင်သည် ဂျောင်ကုအား တစ်ကမ္ဘာလုံး ပိုင်စိုးထားရသော အပြုံးတို့ဖြင့် မျက်နှာချင်းဆိုင် လှမ်းကြည့်သည်၊၊ ထို့အတူ တီးလုံးသံနှင့်အတူ ထွက်ပေါ်လာသော ပုရိတ်သတ်များ၏ အားပေးသံ၊၊ တစ်ယောက်ချင်းစီ၏ အားကျချစ်ခင်ကြသော စကားသံတို့အား ဂျောင်ကု၏ စွဲမက်ဖွယ်အသံက လွှမ်းမိုးလိုက်သည်၊၊
YOU ARE READING
Hold Me Tight Until The End 🐞Complete 🐞
Fanfictionဘာတွေပဲဖြစ်နေနေ အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး ချစ်ခြင်းတရားက ဘယ်လောက်လှပကြောင်း ပြောပြမယ် Jeon JungKook ကိုယ့်ဘဝအတွက် ကံကောင်းမှုတစ်ခုဆိုရင် အဲ့တာက မင်းပါပဲ အဆုံးထိ မင်းလက်ကို ဆုပ်ကိုင်သွားချင်တယ် ...