အပိုင္း(၁၅)🐞

975 111 7
                                    


Uni🍂

မနက်ပိုင်းလုပ်နေကျ တာဝန်အတိုင်း ဆော့ဂျင် ပန်းပင်များကို ရေလောင်းသည်၊၊ သစ်ပင်အောက်က ခုံတန်းဆီ မျက်စိအရောက် နားနေသော ငှက်နှစ်ကောင်သည် တီတီတာတာ ချစ်တေးသီကာ ဆော့ဂျင်အား လှောင်ပြောင်လျှက်ရှိသည်၊၊ သိမ်းဆည်းလိုက်ရန် ဆုံးဖြတ်ထားသော ရင်တွင်းတစ်နေရာသည် တစ်စုံတစ်ဦးအား လွမ်းဆွတ်နေပြန်သည်၊၊ ဂျောင်ကု၏ ဘဝတွင် ဆော့ဂျင်ကြောင့် ထိခိုက်စေရန် မလိုလားပါပေ၊၊ ထိုအတွက်ကြောင့်လည်း အရင်ကတည်းက အဝေးကသာ မျှော်ကြည့်ခဲ့သည် မဟုတ်ပါလား၊၊ ကံကြမ္မာ၏ တွေ့ဆုံပေးမှုသည် ကံကောင်းစေရန်လား၊ ကံဆိုးစေရန်လား မခွဲခြားတတ်တော့ပေ၊၊ ယခုဆိုလျှင် ဆော့ဂျင်သည် ဂျောင်ကုဆက်သမျှဖုန်း၊ ပို့သမျှ မက်ဆေ့တိုင်းကို လျစ်လျူရှုထားခဲ့သည်မှာ တပတ်ပင်ကျော်ပြီ၊၊

"အကိုဆော့ဂျင် အကိုဆော့ဂျင် "

ရုတ်တရက် အတွေးတို့ ပြန့်နေရာမှ ဂျီမင်ခေါ်သံကြောင့် သတိဝင်လာသည်၊၊

"ဟေ ဂျီမင် ဒီဘက်မှာ"

"အာ ဒီမှာအကိုဆော့ဂျင် ဒီသတင်းကို ပြသင့်လား မသိပေမယ့်......."

"ပေးလေ ဘာမို့လို့လဲ"

တွန့်ဆုတ်နေသော ဂျီမင်လက်ထဲမှ ဖုန်းကို ယူကာ ကြည့်မိသည်၊၊စိုးရိမ်နေမှုက ဂျီမင်၏ မျက်နှာတွင် အထင်းသား၊၊ဖုန်းမျက်နှာပြင်တွင် ပေါ်နေသော သတင်းခေါင်းစဉ်ကို မြင်လိုက်တာနှင့် ဆော့ဂျင်၏ မျက်နှာသည် ပြိုတော့မယောင်တိမ်စိုင်တွေလို ညိုးကျသွားသည်၊၊ တစ်ခဏတာသာ ဟုတ်တယ် တခဏတာသာ ဆော့ဂျင်ငိုင်နေမိရာမှ ဂျီမင်အား ဖုန်းပြန်ပေးလိုက်သည်၊၊ ဤသို့အထိ မမျှော်မှန်းခဲ့ပေမယ့် ဆော့ဂျင်ကိုယ်တိုင် ဆုံးဖြတ်ခဲ့သည့် ကိစ္စပင် ဖြစ်ပေသည်၊၊

"အကိုဆော့ဂျင် အဆင်ပြေရဲ့လား "

ဆော့ဂျင်ပုခုံးပေါ်သို့ ဖွဖွထိတွေ့လိုက်သော ဂျီမင်လက်ကို ခံစားမိသည်၊၊ ခေါင်းငုံ့ထားသော်ငြား အဆင်ပြေကြောင်း ဂျီမင်၏ လက်ပေါ် ဆော့ဂျင်လက်တစ်ဖက် ထပ်တင်ကာ ဖြေမိသည်၊၊

"ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တဲ့ ကိစ္စပဲ ဂျီမင် အဆင်ပြေရမှာပေါ့ လာလေ သွားကြရအောင် ခဏနေရင် ဧည့်သည်တွေ ရောက်လာကြတော့မယ်မလား"

Hold Me Tight Until The End 🐞Complete 🐞Where stories live. Discover now