Uni🍂"ဆိုဟီး နင်ဒီလိုတွေဆက်လုပ်ဖို့ မသင့်တော့ဘူးနော် "
ပန်းခြံတစ်ခု၏ လူရှင်းသောခုံတန်းပေါ်တွင် ထိုင်နေသော မိန်းကလေးနှစ်ယောက်အနက် တစ်ယောက်မှ ဒေါသသံဖြင့် တားမြစ်နေသည်၊၊
"လူတွေကြားထဲမှာ ငါ့ကိုသူကအရှက်ခွဲထားတာလေ ငါလုံးဝမကျေနပ်ဘူး အခုဆိုငါ့ကို လူတွေက အရှက်မရှိသူများရည်းစားကို ဟန်ဆောင်ပြီးကိုယ့်ချစ်သူလုပ်လို့၊ မျက်ရည်ချူပြီး သနားအောင်လုပ်လို့ဆိုပြီး ပြောနေကြတာ ငါသူတို့ကို တစ်ခုခုပြန်လုပ်ရမယ် နင်ထပ်ကူညီရမယ်"
ဆိုဟီးပြောလိုက်သောစကားအား ပြန်မဖြေဘဲ မြေပြင်သို့ တွေဝေစွာ ထိုအမျိုးသမီးက စိုက်ကြည့်နေသည်၊၊
"ဟင့်အင်း ငါထပ်ကူညီနိုင်တော့မယ်မထင်ဘူး ငါသူတို့ကို နှစ်ခါမကအောင် ဒုက္ခရောက်အောင်လုပ်ပြီးပြီ ငါထပ်ပြီး မလုပ်ချင်တော့ဘူး "
မော့ကြည့်မလာသော ထိုအမျိုးသမီးကို ဆိုဟီးက စူးစူးဝါးဝါး စိုက်ကြည့်နေသည်၊၊
"ဘာလဲ ငါ အရှုံးသမားဖြစ်သွားလို့ နင်ကပစ်ချလိုက်တာလား ဒီမှာ နင်မရှိလည်း ငါ့ကိုလုပ်ပေးမယ့်သူဆိုတာ အများကြီးနော် နင်ကလုပ်ပေးချင်နေလို့ ငါကလုပ်ခိုင်းတာ"
ထိုအချိန် ဆိုဟီးပါးပေါ်သို့ရောက်လာသော လက်ဖဝါးပြင်၊၊ ထို့နောက် မျက်ဝန်းများနီရဲနေကာ ထိုအမျိုးသမီးက စကားဆိုသည်၊၊
"ဒီမှာဆိုဟီး ငါကနင့်ကိုတန်ဖိုးထားလို့ သဘောကျလို့ နင်စိတ်ကျေနပ်အောင် ကူညီပေးနေတာ မစော်ကားနဲ့ အခုငါဆက်မလုပ်နိုင်တော့တာက ငါသူများချစ်ခြင်းကို အနှောက်အယှက်မပေးချင်လို့ တကယ်ချစ်တဲ့သူတွေကို ကိုယ်ချင်းစာလို့ အခုတော့ ငါပေးတဲ့အချစ်တွေကလည်း နင့်အတွက်အလကားပဲမလား ဒီနေရာမှာ ငါတို့ပတ်သတ်မှုကို အဆုံးသတ်တာပေါ့"
ထွက်ခွာသွားသော အမျိုးသမီး၏ကျောပြင်ကိုကြည့်ကာ ဆိုဟီး နာကျင်လာသည်၊၊ ခုံတန်း၏ဘောင်ကို လက်ဖြင့် တင်းတင်းဆုပ်မိသည်၊၊
"ဟား နောက်ဆုံးတော့လည်း ငါ့ကိုအားလုံးက စွန့်ပစ်သွားတာပဲ ဘယ်သူမှလည်း ငါ့ကိုမချစ်ကြဘူး မုန်းတယ် အားလုံးကိုမုန်းတယ်.....အားးးး"
YOU ARE READING
Hold Me Tight Until The End 🐞Complete 🐞
Fanfictionဘာတွေပဲဖြစ်နေနေ အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး ချစ်ခြင်းတရားက ဘယ်လောက်လှပကြောင်း ပြောပြမယ် Jeon JungKook ကိုယ့်ဘဝအတွက် ကံကောင်းမှုတစ်ခုဆိုရင် အဲ့တာက မင်းပါပဲ အဆုံးထိ မင်းလက်ကို ဆုပ်ကိုင်သွားချင်တယ် ...