အပိုင္း(၈)🐞

1.2K 146 1
                                    


Uni🍂

ဒီနေ့နေသာနေပါသည်၊၊ ဆိုင်တွင် ဧည့်သည်မရှိတော့ပေ၊၊မီးဖိုချောင်အတွင်း သန့်ရှင်းရေးကို ပြီးစီးအောင်လုပ်ဆောင်လိုက်သည်၊၊ တစ်စုံတစ်ယောက်အား သတိရမိနေသောကြောင့် လူကမလန်းပေ၊၊သူပြန်သွားတာ တစ်လတောင်ပြည့်တော့မည်၊၊ အစ်ကို့ဆီကို လာလည်ပါမည်ဆိုသည့် လူသားက ခုတော့
အကြာကြီးလာမတွေ့ပါ၊၊ မီဒီယာတွေမှာ မြင်နေရသော်ငြား သတိရသောစိတ်က ပြေလျော့မသွားသည့်အပြင် ပိုတိုးလာသည်၊၊ ပြန်လည်တွေ့ဆုံရခြင်းကိုတောင် အပြစ်တင်ချင်လာသည်၊၊ ငေးကြည့်ရုံသာ အဆင်ပြေနေသော စိတ်ကို အနှောက်အယှက်ပေးခဲ့သည်မဟုတ်လား၊၊

"အကိုဆော့ဂျင် ဆိုင်ထဲမှာမတွေ့တော့လို့ရှာနေတာ ဒီမှာလာထိုင်နေတာပဲ"

"ဘာလဲ အကောင်ပေါက်လေးက အကို့ကို မျက်စိအောက်က ခဏတောင် အပျောက်မခံဘူးလား"

ဆံပင်များအား ပွတ်သပ်ပေးသောအခါ အကောင်ပေါက်က မျက်လုံးများမှေးအောင် ရယ်သည်၊၊ ညီအရင်းလို သူတစ်လှည့် ကိုယ်တစ်လှည့် စောင့်လျှောက်ဖြတ်သန်းလာခဲ့တာတောင် အချိန်တွေကြာပါရောလား၊၊

"ဟုတ်တယ်ဗျို့ ဒီအကိုကြီးမရှိတော့ရင် ကျွန်တော့်အတွက် ပျော်စရာမရှိတော့ပဲနေမှာလေ"

"ဒီလောက်ထိပဲ စောင့်လျှောက်ပေးတာတင်လွန်နေပြီလေ အကောင်ပေါက်ရေ အကိုကပဲ စောင့်လျှောက်ပေးရမယ့်ဟာကို "

"ခရီးကြမ်းကို တူတူဖြတ်သန်းလာခဲ့တာပဲလေအကိုဆော့ဂျင်ရာ အပြန်အလှန်စောင့်လျှောက်ပေးရမှာပေါ့"

"ဒီအကိုကြီးအနားမှာပဲ နေမနေတော့နဲ့လေ ချစ်ရမယ့်သူလေးရှာတော့ "

"ဟာအကိုဆော့ဂျင်ကလည်း အကိုရှိနေတာပဲ ကျန်တဲ့သူမလိုတော့ဘူး"

"ဟုတ်ပါပြီဗျာ တစ်ချိန်ချိန်တော့ တွေ့မှာပါ ဟုတ်တယ်မလား"

"အဲ့အကြောင်းတော်လိုက်ရအောင် အကိုရာ လာ ရုပ်ရှင်ကြည့်ရင်း နားကြရအောင်"

^အကို့ရဲ့ ဖြူစင်တဲ့ချစ်ခြင်းကို ကျွန်တော်အရောင်မဆိုးရက်ပါဘူးအကို၊ မထိန်းချုပ်နိုင်ပဲ ကျွန်တော့်ရဲ့ ချစ်ခြင်းကတော့ အရောင်စွန်းထင်းသွားမိပြီ၊ အကို့စိတ်ထဲမှာ တခြားတစ်ယောက်ရောက်နေတယ်ဆိုတာ ကျွန်တော်သိတယ်အကို၊ အကိုပျော်နေရင်ပဲ ရတာမို့ အကို့ကို ကျွန်တော်မပိုင်ဆိုင်ရလည်းဖြစ်တယ်၊ အကို့အနားမှာရှိနေရတာတင်ပဲ ကျွန်တော့်အတွက် အလုံလောက်ဆုံးပါ၊ ချစ်တယ်အကိုဆော့ဂျင် အကိုထင်သလိုမဟုတ်ပဲ ချစ်တယ်၊ ဒီစကားကို စိတ်ထဲမှာတော့ ကျွန်တော်ပြောခွင့်ရှိတယ်လေနော်^

Hold Me Tight Until The End 🐞Complete 🐞Where stories live. Discover now