Uni🍂ကောင်းကင်ကြီးက တိမ်ကင်းစင်ကာ ကြည်ပြာရောင်ခြယ်သလျှက်ရှိသည်၊၊ ဂျွန်ဂျောင်ကုသည်လည်း သူ၏ကောင်းကင်ကြီးနားတွင် အပြုံးပန်းများခြယ်သလျှက်ရှိသည်၊၊
"အစ်ကို ဟိုနားက ပန်းအိုးလေးကို ဒီနားထားရင် မကောင်းဘူးလား အဲ့လိုမှ ပိုလှသွားမယ်ထင်တယ်"
"မင်းသဘောကျသလိုထားလေ လှမယ်ဆိုရင် မင်းစိတ်ကြိုက်လုပ်လို့ရတယ်"
"လှတဲ့အရာကို ကျွန်တော်စိတ်ကြိုက်လုပ်လို့ရတာလား"
ပြန်ပြောလိုက်တဲ့စကား အဆုံးမှာ ဂျောင်ကု မျက်နှာကို အစ်ကို့နားဆီ တိုးကပ်သွားမိသည်၊၊ ပြီးတော့.............
အစ်ကို့နဖူးပြင်ကျယ်ဆီ ညင်သာတဲ့ အနမ်းတစ်ပွင့်😚"မင်း..... မင်း ဘာလုပ်လိုက်တာလဲ "
ဂျောင်ကု တခဏတာ စိတ်လွတ်သွားမိသည် ထင်၏၊၊ မထင်မှတ်ပါပဲ အစ်ကို့ကို နမ်းမိသွားသည်၊၊ အစ်ကိုနဲ့ ပိုရင်းနှီးချင်တာမို့ မနက်ခင်း အစ်ကိုနှင့်အတူတူ သစ်ပင်ရေလာလောင်းကူခြင်းဖြစ်သည်၊၊
"ဟို.... ဟို ကျွန်တော်ကိုယ်တိုင်လည်း မသိလိုက်ဘူး အစ်ကို
တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့ဗျာ""ငါက စိတ်ဆိုးစရာလား ဒါပေမယ့် ခုလို ရုတ်တရက်ဆန်ပြီး
ဘာမှန်းမသိတဲ့ ပတ်သတ်မှုဖြစ်အောင် မလုပ်သင့်ဘူးထင်တာပဲ မင်းနဲ့ငါက ဘာမှမပတ်သတ်သေးသလို မင်းက Idol တစ်ယောက်ဆိုတာလည်း မေ့မထားနဲ့အုံး""မပတ်သတ်သေးဘူးဆိုတော့ ပတ်သတ်လာနိုင်တာလား"
"မင်း ပြောလေ ကဲလေပါလား ဂျောင်ကု ဒီလိုတွေ ဆက်လုပ်နေမယ်ဆိုရင် ငါ့နားမလာနဲ့"
"တောင်းပန်ပါတယ်အစ်ကိုရာ မကြိုက်ဘူးဆို မလုပ်တော့ပါဘူး မနှင်လွတ်ပါနဲ့ဗျာ"
^မကြိုက်တာ မဟုတ်ဘူး ဂျောင်ကု ငါခံစားချက်တွေကို မထိမ်းချုပ်နိုင်တော့မှာ ကြောက်တာ၊ မင်းကိုပိုင်ဆိုင်လာချင်မှာကို ကြောက်တာ^
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
Cafeမှာ နေ့လည်စာ ပြင်ဆင်တာ ကူညီပေးနေရင်း တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရတာကြောင့် ဂျီမင် နောက်လှည့်ကြည့်မိလိုက်သည်၊၊
YOU ARE READING
Hold Me Tight Until The End 🐞Complete 🐞
Fanfictionဘာတွေပဲဖြစ်နေနေ အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး ချစ်ခြင်းတရားက ဘယ်လောက်လှပကြောင်း ပြောပြမယ် Jeon JungKook ကိုယ့်ဘဝအတွက် ကံကောင်းမှုတစ်ခုဆိုရင် အဲ့တာက မင်းပါပဲ အဆုံးထိ မင်းလက်ကို ဆုပ်ကိုင်သွားချင်တယ် ...