Uni🍂အမှောင်ထုက ကြီးစိုးနေသည်၊၊ နားထဲသို့ ပိုးကောင်အော်သံတို့ တဖြည်းဖြည်းကြီးစိုးလာသည်၊၊ ဖုန်အနံ.ကြောင့် နှာခေါင်းတို့မွှန်လာသည်၊၊ မျက်လုံးကို အားယူကာ တဖြည်းဖြည်းဖွင့်ကြည့်တော့ အမှောင်ထုအတွင်း ရောက်နေသည်၊၊ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်သော် တင်းကြပ်ခြင်းကို ခံစားရသည်၊၊
ထိုစဉ် ထွက်ပေါ်လာသော မီးအလင်းရောင်ကို ဆော့ဂျင်လှမ်းကြည့်သော် မျက်လုံးတို့ ကျိမ်းစပ်သွားသည်၊၊"သိပ်မလှုပ်ရှားနဲ့ကောင်လေး ရုန်းနေလည်းအပိုပဲ"
မီးတုတ်ကိုင်ကာ ရောက်ရှိလာသော လူလတ်ပိုင်းအရွယ် လူတစ်ယောက်ကပြောသည်၊၊
"မင်းကငါနဲ့ဘာရန်ငြိုးရှိလို့ ဖမ်းတာလဲ ဘာကြောင့်လဲ"
ထိုလူက ပုခုံးတွန့်ရင်း
"ငါနဲ့ ဘာမှမရှိပါဘူး ငါကခိုင်းလို့လုပ်ပေးရုံပဲ""ဒါဆိုဘယ်သူက ခိုင်းတာလဲ....."
ထိုစဉ်အမှောင်ထဲမှလျှောက်လာသော ဒေါက်ဖိနပ်သံ တဂွက်ဂွက်ကို ကြားလိုက်ရသည်၊၊
"ဟယ်လို ကင်ဆော့ဂျင် တွေ့ရတာဝမ်းသာပါတယ် ဟင်းဟင်း"ထိုအမျိုးသမီးက နှုတ်ဆက်ရင်းမီးရောင်ထဲ လာရပ်သည်၊၊
"ဟင် မင်း.......မင်းက ယွန်းဆိုဟီးမလား ဘာလို့ငါ့ကို ဒီလိုလုပ်တာလဲ"
"ဘာကြောင့်လုပ်တယ်ဆိုတာ ပြောပြဖို့ လိုနေသေးလို့လားဆော့ဂျင် နင်က ဂျောင်ကုကို လုယူသွားလို့လေ ကျန်တာဘာရှိရအုံးမှာလဲ "
"ဘာ......."
ဆော့ဂျင် အံ့သြစွာ ရေရွတ်မိသည်၊၊ ရုပ်ရည်လှပကာ ဂုဏ်သရေရှိသော အသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ယောက်သည် အချစ်အတွက် ဤသို့ပြစ်မှုကျူးလွန်ပါသည်လား၊၊
"မအံ့သြနေနဲ့ဆော့ဂျင် ငါအခုလိုလုပ်တာ ပထမဆုံးအကြိမ်မဟုတ်ဘူး"
"ဒါ..... ဒါဆို အရင်တခါ....."
"ဉာဏ်ကောင်းသားပဲဆော့ဂျင် ဟုတ်တယ် အဲ့ဒီတုန်းကလည်း ငါပဲလုပ်ခဲ့တာ အဲ့တုန်းကတော့ နင်ကဂျောင်ကုအတွက်အရေးပါလား သိချင်လို့ လုပ်ခဲ့ရုံပဲ အခုကတော့.....ဟင်းဟင်း"
YOU ARE READING
Hold Me Tight Until The End 🐞Complete 🐞
Fanfictionဘာတွေပဲဖြစ်နေနေ အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး ချစ်ခြင်းတရားက ဘယ်လောက်လှပကြောင်း ပြောပြမယ် Jeon JungKook ကိုယ့်ဘဝအတွက် ကံကောင်းမှုတစ်ခုဆိုရင် အဲ့တာက မင်းပါပဲ အဆုံးထိ မင်းလက်ကို ဆုပ်ကိုင်သွားချင်တယ် ...