Unicode
' —အဲ့ဒီအရူးကောင်ကတော့"
နောက်သုံးရက်ကြာသည်အထိ ယွီယန်မှာ အဖျားကြောင့် ခြေတစ်လှမ်းမျှပင် မြေပြင်ပေါ်သို့မချဘဲ အခန်းအပြင်သို့လုံးဝမထွက်ချေ။
သုံးရက်ကြာပြီးနောက် ယွီယန်၏ heatမှာလည်း ပြီးဆုံးသွားပြီး အစောင့်ရှောက်တပ်သားယာဥ်တန်းများမှာလည်း ၎င်းတို့၏ ခရီးကို ရှေ့ဆက်ကြလေသည်။
နေ့လည်ပိုင်းတွင် ထိုယာဉ်တန်းမှာ ၎င်းတို့၏ ထောက်ပံ့ရေးပစ္စည်းများကို လမ်းမပေါ်၌ ပြန်လည်ဖြည့်တင်းနေ၏။ ယွီယန်သည် ကြီးမားသော ရထားလုံးအပေါ်တွင် ထိုင်နေရင်း ပြတင်းပေါက်ကို မှီကာ အပြင်ဘက်သို့ငေးကြည့်နေသည်။
အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသားငယ်လေးမှာ မြင်း၏ ကျောပေါ်တွင် ထိုင်နေရင်း အရပ်လေးမျက်နှာရှိ ဘေးအန္တရာယ်များကို စောင့်ကြည့်နေပြီး သူ၏ နောက်ကျောပြင်မှာမူ ယွီယန်အားမျက်နှာမူထားလေသည်။ ယန်အင်ပါယာသို့ ပြန်ရောက်သောအခါ မုယွင်ကွေးမှာ သူ၏ အရိပ်သက်တော်စောင့်အဖြစ်သာရှိနေပြီး အရိပ်ထဲတွင်သာနေလေ၏။ တကယ်တမ်း သူ့အားနေ့ခင်းအချိန်တွင် တွေ့ရန် ယွီယန်၌ လုံးဝအခွင့်အလမ်းမရှိပါချေ။
အခြားသောနိုင်ငံသို့ သံတမန်အဖြစ် သွားရသည့်အတွက် ယွီယန်သည် မုယွင်ကွေးအား သူ့ကို အဆင်ပြေစေရန်နှင့် လုံခြုံစိတ်ချမှုရှိစေရန် သူ၏ကိုယ်ပိုင်သက်တော်စောင့်အဖြစ်ထားခဲ့သည်။
မုယွင်ကွေး၏ ခန္ဓာကိုယ်မှာ သာမန်တည်ဆောက်ပုံနှင့် မတူပါချေ။ သူ၏ ပခုံးများမှာကျယ်ပါသော်လည်း ပိန်သည်။ သူ၏ခါးမှာ သိမ်သွယ်ပြီး မြင်းစီးသောအခါတွင်မူ ဖြောင့်ဖြောင့်မတ်မတ်ထိုင်နေတတ်၏။
သူ၏ အင်္ကျီကိုချွတ်လိုက်သော အခါတွင် သူထံ၌ ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုးရှိနေလိမ့်မည်ဟု မည်သူကမှ တွေးထင်ထားကြမည် မဟုတ်ပါချေ….
“အရှင်?”
ရင်းနှီးနေသော အသံသည် သူ၏နားထဲတွင် မြည်ဟီးလာခဲ့၏။ ယွီယန်မှာ အံ့ဩသွားခဲ့ရသည်။ သူ၏ အာရုံများကို အလျင်အမြန်ပြန်လည် စုစည်းလိုက်ပြီး : “ဟမ်?”
YOU ARE READING
Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ်
Romance⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡ Start Date - 12.10.2021 End Date - ....