Chapter 13.2

1.5K 262 26
                                    

Unicode

“ဘာမှမဟုတ်ပါဘူး။” ယွီယန်သည် စိတ်ပျက်မှုအနည်းငယ်ဖြင့် ပြောလ‌ာ‌ေလ၏။ “ငါခဏ‌လောက်အိပ်ချင်နေသေးတယ်။ မင်းအပြင်ကို အရင်ထွက်သွားလိုက်တာ ကောင်းမယ်။”

မုယွင်ကွေးသည်ခဏမျှ ချီတုန်ချတုန်ဖြစ်နေလေပြီး ညင်သာစွာမေးလာလေ၏။ “ဒီလက်အောက်ငယ်သားက အရှင့်ကို ခဏလောက် အဖော်ပြုပေးခွင့်ရနိုင်မလား။”

မုယွင်ကွေးသည် ယွီယန့်ကို တောင်းဆိုခဲလှသည်။ ယွီယန်သည အံ့ဩသွားမှုကြောင့် မျက်တောင်ခတ်မိသွားလေ၏။

မုယွင်ကွေး : “ကျွန်တော်က အရှင့်ရဲ့ ခန္ဓာကိုယ်ကိုစိတ်ပူလို့ပါ။”

အိုး။ မုယွင်ကွေးက သူအအေးမိသွားတာကြောင့် အားကုန်သွားတာလို့ ထင်နေတဲ့ပုံပဲ။ ပြီးတော့သူက သူအ‌ေြခအနေပိုဆိုးလာမှာကိုတောင် စိုးရိမ်နေလိုက်သေးတယ်။

ယွီယန်သည် ခေါင်းငြိမ့်ပြလိုက်လေပြီး အတူတူလှဲလျောင်းကာ သူ့ကိုပွေ့ဖက်ခွင့်‌ပြုလိုက်လေ၏။

တစ်ဖက်လူ၏ ပွေ့ဖက်မှုကြောင့်ရလာသည့် နွေးထေွးမှုမှာ ယခင်ကအတိုင်းပင် နွေးထွေးနေဆဲဖြစ်ပါ၏။ သူ့လက်မောင်းအကြားတွင် လှဲလျောင်းနေရမှုကြောင့် ယွီယန့်စိတ်အတွင်းရှိ ပရမ်းပတာဖြစ်နေသော အတွေးများမှာ တဖြည်းဖြည်းချင်းငြိမ်သက်လာရလေ၏။

ပြီးခဲ့သည့် ယွီယန့်၏ အနှစ်နှစ်ဆယ်ပတ်လုံးတွင် သူစဉ်းစားခဲ့သည့် အကောင်းဆုံးဘဝမှာ ထီးနန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ဖို့ရာနှင့် ပြီးပါက ဇနီးမယားတစ်ယောက်ကို လက်ထပ်ထိမ်းမြားကာ သဟဇာတဖြစ်သော မိသားစုဘဝလေးကိုဖန်တီးရင်း ကလေးအနည်းငယ်ယူပြီး တိုင်းပြည်ကို ပိုမိုသာယာဝပြောကာ အင်အားတောင့်တင်းအောင်လုပ်၍ ပြည်သူများကို ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်အောင်လုပ်ပေးမည် ဟူ၍ပင်။

သူ့အတွေးများမှာ ယခင်ကအတိုင်းပင် ရှိနေသေးဆဲဖြစ်၏။ သို့ရာတွင်မူ ထိုသူမှာ မုယွင်ကွေးဖြစ်ခဲ့မည်ဆိုလျှင်လည်း သူငြင်းပယ်နိုင်မည်မဟုတ်ပါချေ။

သူသည် မုယွင်ကွေးကို…အနည်းငယ်အလေးပေး မည်ဖြစ်၏။

သူသည် သူ့ခေါင်းကို မုယွင်ကွေး၏ လက်မောင်းများ အကြား‌တွင်မြှုပ်နှံထားလိုက်လေတော့၏။

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Where stories live. Discover now