'ငါနဲ့အတူနေပေးလို့ရမလား?'
သူတို့နှစ်ဦးနန်းဆောင်သို့ ပြန်ရောက်ချိန်တွင် ညသန်းခေါင်တောင်ရောက်တော့မည် ဖြစ်၏။
နှင်းများမှာ ထူထပ်စွာ ကျနေဆဲဖြစ်သည်။ မုယွင်ကွေးသည် သူ၏ အပေါ်ဝတ်ရုံကိုချွတ်လိုက်ကာ တစ်ဖက်လူကို တင်းတင်းခြုံပေးလိုက်လေ၏။ ထို့နောက်သူသည် ထိလူအား သူ့လက်မောင်းကြားတွင် သိုင်းဖက်ပြီးနောက် Qing gong¹ ကိုအသုံးပြုကာ နံရံများပေါ်မှ ဖြတ်လျှောက်သွားလေတော့သည်။
ကောင်းကင်ယံထက်တွင်မူ လမသာသလို ကြယ်များလည်းရှိမနေပါချေ။ နေရာတိုင်း၌ နှင်းများက ထူထပ်စွာကျဆင်းနေလေသော်လည်းပဲ လေအေးများနှင့် နှင်းခဲများမှ မုယွင်ကွေးမှ ပိတ်ဆို့ခြင်းခံထားရလေသည်။ (ယွင်ကွေးက ယန်လေးကို သိုင်းဖက်ထားတဲ့အတွက်ကြောင့် နှင်းတွေက သူ့အပေါ်မကျလာဘူးလို့ပြောချင်တာပါ။)
နှင်းများအကြားတွင် အချိန်အတန်ကြာသည့်တိုင်အောင် နေခဲ့ပါသော်လည်းပဲ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများမှာ နွေးထွေးနေဆဲဖြစ်လေ၏။ အဝတ်များမှ တစ်ဆင့် ထိုနွေးထွေးမှု အပူလှိုင်းကလေးမှာ ယွီယန့်ထံသို့ ကူးပြောင်းလာလေတော့သည်။ သူ၏ အေးခဲနေသော ခြေလက်များမှာ ပြန်လည် နွေးထွေးလာခဲ့သည်။
ယွီယန်သည် သူ့မျက်လုံးများကို ပင့်လိုက်သည်။ သူ့အမြင်မှဆိုလျှင် တစ်ဖက်လူ၏ ဘေးတိုက်ပုံစံလေးကိုသာ သူမြင်နိုင်လေသည်။
မေးရိုးအကွေးလေးမှာ အလွန်တရာလက်ရာမြောက်ကာ လှပလွန်းလှပြီး ထိုမေးရိုး၏ ကောက်ကြောင်းမှာ သိသာထင်ရှားနေလေသည်။ ဤသည်ကို ဘယ်စုတ်ချက်ကမှ တုပ၍မရနိုင်ပေ။
ဒီလူရဲ့ ပုံပန်းသွင်ပြင်ရုပ်ရည်က ရာဇဝတ်မှုတစ်ခုလိုပဲ။
တကယ်တမ်း မုယွင်ကွေးမှာ အရိပ်သက်တော်စောင့်တစ်ယောက် ဖြစ်မလာသင့်ပေ။ ဤလူမှာ အလွန်တရာထူးခြားလှကာ အလွန်အမင်းကို ဆွဲဆောင်နိုင်လေ၏။ လူအုပ်ကြားထဲမှာ ရောက်နေလျှင်တောင်မှ သူသည် လျစ်လျူရှုထား၍ မရဆုံးသော ဖြစ်တည်မှုမျိုးပင်။
YOU ARE READING
Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ်
Romance⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡ Start Date - 12.10.2021 End Date - ....