Unicode
နောက်ဆုံးအကြိမ်ပါပဲ။
မုယွင်ကွေးသည် ယွီယန့်ကို ကျောပိုးကာ ယွီယန့်၏ အိပ်ဆောင်ရှိရာသို့ သယ်ဆောင်လာပြီး သူ့ကို အိပ်ရာပေါ်သို့ ညင်ညင်သာသာချပေးလိုက်လေသည်။
လူငယ်လေးမှာ နိုးတဝက် အိပ်တဝက်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်နှင့် အိပ်ရာထိမိသည်နှင့်တပြိုင်နက် သူခန္ဓာကိုယ်ကို အကြောဆန့်လိုက်ကာ သက်တောင့်သက်သာရှိသည့် ညည်းညူသံလေးတစ်သံ ပြုလုပ်လိုက်လေ၏။
သူတို့ထွက်ခွာသွားပြီး ပြန်လာခဲ့သည်မှာ နှစ်လလောက်ရှိနေပြီဖြစ်သည်။
သံတမန်ရေးရာခရီးတစ်လျှောက်လုံးတွင် သူ၏အိပ်စက်မှုမှာ ဟင်းလင်ပြင်၌ အိပ်ရခြင်းမဟုတ်ပါသော်လည်းပဲ ရထားလုံးပေါ်တွင် အိပ်ရခြင်းမှာ နန်းဆောင်ထဲတွင် အိပ်ရသည်နှင့်တော့ ယှဉ်၍မရပါ။
အိပ်ရာမှာ နန်းဆောင်ကလောက် မနူးညံ့လေပဲ အစားအသောက်များသည်လည်း နန်းဆောင်ကလောက် မကောင်းပါချေ။
ယွီယန်သည် လိမ့်လိုက်ပြီး သူ့မျက်နှာကို နူးညံ့သောခေါင်းအုံးထဲ၌ နစ်မြှုပ်ထားရင်း အလွမ်းသယ်နေလေ၏။
……အိမ်ကသာ အကောင်းဆုံးပဲ။
“အရှင်၊ ထပါဦး” မုယွင်ကွေးသည် ညင်သာစွာ ခေါ်လိုက်၏။ “ရေအရင်ချိုးလိုက်ပါဦး။ ပြီးရင် အမူးပြေဟင်းရည်လေးတစ်ခွက်သောက်လိုက်နော်။ အဲ့လိုမှမဟုတ်ရင် မနက် အရှင်နိုးလာတဲ့အခါ ခေါင်းကိုက်နေလိမ့်မယ်။”
“မလုပ်ချင်ဘူး…” ယွီယန်သည် တီးတိုးပြောပါ၏။ “အရမ်းအိပ်ချင်နေတယ်။”
အသံလေးမှာ ဗလုံးဗထွေးဖြစ်နေကာ အလွန့်အလွန်နူးညံ့နေလေပြီး မယုံနိုင်လောက်အောင်ပင် ချွဲနွဲ့နေလေသည်။
မုယွင်ကွေးခမျာ ကူကယ်ရာမဲ့နေလေပြီ။
လူများအရက်မူးသောအခါတွင် သူတို့၏အပြုအမူများမှာ သူတို့၏ယခင်အပြုအမူများနှင့် ဆန့်ကျင်ဘက်ဖြစ်သွားတတ်ကြသည်။ ယွီယန်သည်လည်း ခြွင်းချက်မဟုတ်ရပါချေ။ မုယွင်ကွေး ယွီယန့်လက်အောက်တွင် စတင်အမှုထမ်းသည့် အချိန်မှစ၍ ဤလူသား၏ မူးနေသည့် ပုံစံကိုတစ်ခါမှ မမြင်ဖူးခဲ့ပါချေ။ ယင်းမှာ မမျှော်လင့်ထားလောက်အောင်ပင်….ချစ်စရာကောင်းလှသည်။
သူတော့ ဒီလူသားလေးကြောင့် ရူးတော့မှာပါပဲ။ အရှင်ငယ်လေးက ဘာပဲလုပ်နေလုပ်နေ သူကတော့ ချစ်ဖို့ကောင်းတယ်လို့ပဲ မြင်တယ်။ (လူသတ်နေရင်ရောဟင်??(ー_ー゛))
မုယွင်ကွေးသည် ခဏမျှတွေးဆလိုက်သည်။ ထို့နောက် နန်းတွင်းအပျိုတော်ဘက်သို့လှည့်ကာ အမိန့်ပေးလိုက်၏။ “ရေပူတချို့သွားယူလာခဲ့။ အရှင့်သားဒီညရေချိုးဖို့အတွက်ကို ငါကူညီပေးလိုက်မယ်။ ပြီးတော့ စားဖိုဆောင်ကိုလည်း အမူးပြေဟင်းရည်ကို ပျားရည်နည်းနည်းထည့်ပြီး လုပ်ပေးဖို့ပြောလိုက်။”
“နားလည်ပါပြီ။”
မုယွင်ကွေးသည် ယွီယန့်၏ အရိပ်သက်တော်စောင့်ဖြစ်၏။ ယွီယန့်နန်းဆောင်ရှိ အစေခံများအားလုံးမှာ မုယွင်ကွေးကို ရိုသေလေးစားကြပြီး သူ့အမိန့်များကိုလည်း နာခံကြသည်။
နန်းတွင်းအပျိုတော်မှာ သူ့အမိန့်အတိုင်းဆောင်ရွက်ရန် ထွက်သွားလေ၏။ မုယွင်ကွေးသည် ယွီယန်ရှိရာဆီသို့ ငုံ့ကိုင်းလိုက်ပြီး ဖိနပ်များနှင့် အပြင်ဝတ်ရုံကို ချွတ်ပေးနေသည်။
သို့ရာတွင် မုယွင်ကွေး ယွီယန့်၏ အပြင်ဝတ်ရုံကြိုးကို ဖြည်နေစဉ်တွင် ယွီယန်သည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး တိတ်ဆိတ်စွာပြောလာလေ၏။ “ယွင်ကွေး…”
“မင်းက အရမ်းချောတာပဲ။”
“ငါက မင်းကို သဘောအကျဆုံး”
မုယွင်ကွေး၏ လက်ချောင်းများမှာ တုန်ရီသွားရလေပြီး ယွီယန့်ဝတ်ရုံကို အပေါက်တစ်ခုဖြစ်သွားအောင် ဖြဲလိုက်မိလေ၏။ (အယ်ကိုကြီးရှက်ရမ်းရမ်း( ̄ヘ ̄;))
“….”
ဟာ မဖြစ်ဘူး။ ဒါက အရှင်အကြိုက်ဆုံးဝတ်ရုံပဲ။
အမူးသမားလေး ယွီယန်မှာတော့ ဘာတွေဖြစ်နေမှန်းမသိပါချေ။ သူသည် ကုတင်၏ ခေါင်းရင်းပိုင်းကို မှီနေသည်။ သူ၏ မျက်ဝန်းများမှာ မှိုန်ဖျော့ဖျော့အခန်းအလင်းရောင်အောက်တွင် အနည်းငယ် ထွေနေသော်လည်း တောက်ပလျက်ရှိနေ၏။
သူ့ခေါင်းအား စောင်းငဲ့လိုက်ပြီး ပြုံးပြကာ “မင်း င့ါဘေးနားမှာ ရှိနေတာက အရမ်းကိုကောင်းတာပဲ။”
မုယွင်ကွေး “….”
သူသည် အသက်ပြင်းပြင်းရှုလိုက်လေပြီး သေသေချာချာပြန်ဖြေလိုက်၏။ “အရှင့်အနားမှာနေနေရတာကိုက ဒီလက်အောက်ငယ်သားအတွက် ဂုဏ်ယူစရာပါ။”
မုယွင်ကွေးသည် ယွီယန့်စကားများကို အတည်မမှတ်ယူထားပါပေ။ (အမူးသမားပြောတဲ့စကားမို့ မယုံရဲဘူးလို့ပြောတာ)
တခြားသောအကြောင်းအရာများကို မစဉ်းစားရင်တောင် ယွီယန်ကိုယ်တိုင်သည်တောင်မှ သူ့ကိုယ်သူဘာတွေပြောနေမှန်း သိမည်မဟုတ်ပါချေ။
ထို့အပြင် ဤလူသားပါးစပ်မှထွက်လာသော သဘောကျခြင်းအကြောင်းပြောခြင်းတွင် လေးနက်သောအဓိပ္ပာယ်ရှိမည်မဟုတ်ပါချေ။
အနည်းဆုံး….ထိုသဘောကျခြင်းမှာ ထိုလူ့အားသဘောကျသည့် သူခံစားချက်နှင့်တော့တူလိမ့်မည်မဟုတ်ပါ။
မုယွင်ကွေးသည် ယွီယန့်အား သိပ့်ကိုသဘောကျပါ၏။
ဟိုးအရင့် အရင် အချိန်တွေကတည်းကပင် သူသည် ဤလူသားအား သဘောကျနေခဲ့ပါ၏။
ဘယ်လိုများ သူဒီလူကိုမကြိုက်ပဲနေနိုင်ပါ့မည်နည်း။ သူ့ဘဝ၏ အမှောင်ဆုံးအချိန်တွင် သူ၏ မျှော်လင့်ချက်မဲ့ကာ အရောင်မဲ့နေသောဘဝထဲသို့ ဤလူငယ်လေးသည် အရောင်ခြယ်ပေးခဲ့သည်။
အသူတရာနက်သောချောက်ထဲမှ သူ့ကိုဆွဲတင်ပေးကာ နေရောင်အောက်တွင် တစ်ဖန်ပြန်လည်ရပ်တည်နိုင်အောင် ကယ်တင်ပေးခဲ့သူမှာ ယွီယန်ပင်ဖြစ်သည်။
လွန်ခဲ့သော ကိုးနှစ်က ယွီယန်သူ့ကို Colosseum မှခေါ်ထုတ်ပေးခဲ့သည်ကို အခုထိတိုင် မုယွင်ကွေးမှတ်မိနေပါသေးသည်။
ထိုအချိန်တုန်းက သူသည် မင်းသားယန်ဟု ခေါ်သူတစ်ဦးအပါအဝင် မည်သူ့ကိုမှ မယုံကြည်ခဲ့ပါချေ။ သို့သော် သူ့ဒဏ်ရာများမှ ပြန်လည်သက်သာလာသည့်နေ့တွင်မူ ငယ်ရွယ်ကာ တော်ဝင်ဆန်သည့် လူငယ်လေးသည်သူ့အိပ်ရာရှေ့တွင်မတ်တပ်ရပ်နေကာ သူ့ကိုအခိုင်အမာကတိပေးလေ၏။
——ယခုကဲ့သို့ နောက်တစ်ကြိမ်ထပ်မဖြစ်စေရဘူးဟု သူပြောသည်။ သူသာ ယန်အင်ပါယာ၏ ဧကရာဇ်ဖြစ်လာခဲ့လျှင် ဤပုတ်ပွနေသော ယန်အင်ပါယာကို ပြုပြင်ပြောင်းလဲပစ်မည်ဟုလည်းပြော၏။
ထိုကဲ့သို့သော စကားမျိုးမှာ ပြောဖို့ရာအတွက် အလွန်လွယ်ကူလွန်းလှသည်။ အကယ်၍ ဤစကားများကို အခြားတစ်ယောက်သာပြောပါက မုယွင်ကွေးသည် အတည်ယူလိမ့်မည်မဟုတ်ပါချေ။
တိုင်းပြည်တစ်ပြည်ကို တစ်ဦးတစ်ယောက်ကပြုပြင်ပြောင်းလဲရုံရင်နှင့်ပင် ထိုတိုင်းပြည်က ပြောင်းလဲပါမည်တဲ့လား။
ထိုအချိန်က ယွီယန်၏ အပြုအမူများမှာ လေးနက်နေလေ၏။
လူငယ်လေးမှာ အထက်စီးဆန်ပုံပေါ်နေကာ သူပြောလိုက်သည့် စကားအပေါ်တွင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေပုံပေါ်နေပြီး ယင်းမှာ အလွန်ထူးချွန်ပြောင်မြောက်နေကာ မည်သူကမှ အကြည့်လွှဲနိုင်မည် မဟုတ်ပါချေ။
ထိုအဖြစ်အပျက်ကြောင့်ပင် သူသည် သူ၏ လွတ်လပ်ခွင့်ပေးသည့် အခွင့်အရေးကိုပင် လက်လွှတ်လိုက်ကာ ထိုလူသားဘေးတွင်နေရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
နန်းတွင်းဆိုသည်မှာ ကျားဂူ၊ နဂါးရေအိုင်ကဲ့သို့ အန္တရာယ်များနှင့်ပြည့်နှက်နေသော နေရာမျိုးဖြစ်၏။ ဤကဲ့သို့သောနေရာမျိုးတွင် သူမည်ကဲ့သို့ ထိုလူသားကို တစ်ယောက်ထဲတိုက်ပွဲဝင်ခိုင်းရက်ပါမည်နည်း။
ဒီ့အပြင် အကယ်၍ ဤတိုင်းပြည်ကို ပြုပြင်ပြောင်းလဲနိုင်မည့်သူသာ ရှိလာခဲ့မည်ဆိုရင် ထိုသူသည် ဤလူသားလေးသာဖြစ်မည်ဟု သူယုံကြည်ပါ၏။
တကယ့်ကိုပင် မုယွင်ကွေးသည် ဤလူသားလေး၏ ဘေးတွင်နေကာ သူ့ကို ဂရုစိုက်ထိန်းသိမ်းပေးရရုံနှင့်ပင် ကျေနပ်နိုင်နေပြီဟု ထင်ခဲ့သည်။
သို့ရာတွင် လူဆိုသည်မှာ ဘယ်သောအခါမှ မရောင့်ရဲမတင်းတိမ်နိုင်ကြပါချေ။
ဤလူသားလေးဘေးတွင် နေချင်ရုံလေးမှသည် ဤလူသားလေးကို သူ့အပေါ်တွင် ပို၍မှီခိုစေချင်သည်။ ဤလူသားလေး သူ့တစ်ယောက်ကိုသာ… မြင်စေချင်သည်။
မုယွင်ကွေးသည် အရောင်တောက်နေသော သူ့မျက်လုံးကို ဖုံးကွယ်ရန် မျက်လွှာချလိုက်၏။
.
နန်းတွင်းအစေခံများသည် လျင်မြန်စွာပင် ရေချိုးသစ်သားစည်ပိုင်းတစ်ခုကိုသယ်ဆောင်လာခဲ့ပြီး အမူးပြေဟင်းရည်ကိုလည်း အခန်းတွင်းတစ်နေရာတွင် နေရာချထားလိုက်၏။
မုယွင်ကွေးသည် နန်းတွင်းအစေခံများကို အပြင်သို့ထွက်သွားစေသည်။ ထို့နောက် ယွီယန့်ကိုယ်ပေါ်မှ အဝတ်အစားများကို ဖယ်ရှားလိုက်ကာ သင့်တော်သောအပူချိန်ရှိသည့် ရေများဖြင့်အပြည့်ဖြည့်ထားပါသော စည်ပိုင်းထဲသို့ ဂရုတစိုက်ချပေးလိုက်၏။
ရေထဲသို့ရောက်သွားသောအခါတွင် ယွီယန်သည် ယခင်ကထက် ခေါင်းပိုကြည်လာလေသည်။
သူသည် ရေချိုးဇလုံထဲ၌ နေနေရင်း သူ့ခန္ဓာကိုယ်ကို သုတ်ပေးနေပါသော မုယွင်ကွေးကို ခေါင်းစောင်းကာကြည့်နေ၏။
“မင်းငါ့ကို ဘာလို့မကြည့်တာလဲ?” ယွီယန်သည် စူးစမ်းလိုစိတ်အပြည့်ဖြင့် မေးလာ၏။ “ငါကရုပ်ဆိုးလို့လား”
မုယွင်ကွေးသည် အသက်ပြင်းပြင်းရှုလိုက်မိသည်။ သူ့လက်ဝါးမှာလည်း ရေချိုးဇလုံ၏ နံရံနှင့် တိုက်မိမလိုတောင် ဖြစ်သွားရသည်။
ဤသည်မှာ သူယွီယန့်ကို ရေချိုးရာတွင်ကူပေးသည့် ပထမဆုံးအကြိမ်မဟုတ်ရပါချေ။
ယန်အင်ပါယာမိသားစုမှာ ထင်ထားသည်ထက်ပင် ပို၍ရှုပ်ထွေးပွေလီလှသည်။ ယွီယန်သည် သူ့နန်းဆောင်ရှိ အစေခံများအပါအဝင် မည်သူ့ကိုမှ မယုံကြည်ရဲပါချေ။
ဟိုးအရင်အချိန်များကတည်းကပင် မည်သည့်အစေခံကိုမှ သူ့အနီးအနား၌ မခစားခိုင်းပါချေ။
မုယွင်ကွေးမှလွဲ၍…
အတိတ်တုန်းကတော့ သူတို့သည် သခင်နှင့်အစေခံများဖြစ်ကြသည်။ ထို့ကြောင့် မုယွင်ကွေးမှာ များများစားစားသိပ်မတွေးခဲ့ပါချေ။
သို့ရာတွင် ယခုမူ အခြေအနေမှာ ကွာခြားသွားပြီ ဖြစ်၏။
သူတို့နှစ်ယောက်ကြားတွင် သူတို့သည်……
မုယွင်ကွေး၏ နားရွက်များမှာ နီမြန်းလာရချေတော့သည်။ သူယခင်အကြည့်လွှဲထားသည့်နေရာမှ အကြည့်ကို လုံးဝမရွေ့ပါချေ။ သူ၏အသံမှာလည်း ကွဲအက်နေလေ၏။ “မဟုတ်ပါဘူး။ အရှင်က အရမ်းလှပါတယ်။”
“ဒါဆိုမင်းငါ့ကို ဘာလို့မကြည့်ရတာလဲ?” ယွီယန်မှာ ဤကိစ္စကို အတော်လေး အာရုံစိုက်နေပုံပေါ်၏။ သူသည် ရေချိုးဇလုံထဲမှထရပ်လိုက်၏။ ရေ၏အပူရှိန်ကြောင့် အနည်းငယ်နီမြန်းနေပါသော သူ၏ အဝတ်မဲ့ခန္ဓာကိုယ်ကို လှစ်ဟပြရင်းဖြင့်…. “ငါ့ကိုကြည့်”
“…”
မုယွင်ကွေးသည် သူ့မျက်လုံးများကို မှိတ်ချလိုက်ရင်း ချုပ်တီးထားရသောအသံဖြင့်ပြောလာလေသည်။ “အရှင် ပြဿနာတွေ ဖြစ်အောင်မလုပ်ပါနဲ့လား။”
ရေပွက်သံနှင့်အတူ ယွီယန်သည် ရေချိုးဇလုံထဲသို့ပြန်ထိုင်ချလိုက်ကာ မုယွင်ကွေးကို ထေ့ငေါ့ပြောလာလေတော့သည်။ “မင်းက ငါ့အပေါ်မှာ နည်းနည်းလေးတောင် စိတ်ဝင်စားမှုရှိမနေဘူးပဲ။”
မုယွင်ကွေး “…”
မုယွင်ကွေးမှာ ပြန်မဖြေပါချေ။ ယွီယန်သည်လည်း ထပ်မမေးတော့။
ယွီယန့်ကို ရေချိုးပေးပြီးသောအခါ မုယွင်ကွေးသည် သူ့ကို ရေချိုးဇလုံထဲမှ ပြန်ချီထုတ်လာပြီး အိပ်ရာပေါ် ဂရုတစိုက်တင်ပေးလိုက်သည်။ မုယွင်ကွေးသည် သူ့ကို အတွင်းအင်္ကျီဝတ်ပေးနေရင်း တစ်ဖက်မှလည်း ကျစ်လျစ်သေးသွယ်သော ခြေကျင်းဝတ်လေးများအား ရေခြောက်အောင်သုတ်ပေးနေလေသည်။
ထိုသို့လုပ်ပေးနေစဉ်တလျှောက်လုံးမုယွင်ကွေးသည် တိတ်ဆိတ်နေလေ၏။ မည်သူကမှ သူဘာတွေးနေသလဲဆိုတာ ပြောပြနိုင်လိမ့်မည် မဟုတ်ပါချေ။
အချိန်အတော်ကြာပြီးနောက်တွင် သူသည်ညင်သာစွာပြောလာလေ၏။ “အရှင်ပြောတာမှားနေတယ်။”
ယွီယန်သည် ရှုပ်ထွေးနေဟန်ဖြင့် မျက်တောင်ခတ်လိုက်၏။
အရိပ်သက်တော်စောင့်တစ်ဦးအနေဖြင့် သူသည် ယွီယန့်ကို မှားနေသည်ဟု ပြောသည်မှာ မရှိသလောက်ရှားလေသည်။
မုယွင်ကွေးသည် အသက်ပြင်းပြင်းရှုလိုက်ရင်း ပြောပြန်သည်။ “စိတ်မဝင်စားတာမဟုတ်ရသလို မကြည့်ချင်တာလည်း မဟုတ်ရပါဘူး။”
သူ့ အသက်ရှုသံမှာ မြန်နေပြီး သူ၏ နှလုံးခုန်သံမှာလည်း အရှိန်မြင့်နေသည်က မရပ်တော့ပါချေ။
ဘယ်လိုများ သူကသူ့ကို မကြည့်ချင်ရမှာတဲ့လဲ။ သူက သူအရမ်းပျော်ဝင်သွားမှာကို စိုးရိမ်နေရုံလေးတင်ပါ။
သူ့လို အခြေအနေမျိုးက ဤလူသားလေးဘေးတွင် နေရရုံလေးသည်တောင်မှ အလွန်ကြီးမားလှသည့် ကောင်းချီးတစ်ခုဖြစ်နေပြီ ဖြစ်၏။ ထို့ထက်ပို၍ မျှော်လင့်နေ၊ ရချင်နေရအောင် သူ့တွင် ဘာအရည်အချင်းရှိ၍ မျှော်လင့်ရပါမည်နည်း။
သို့ရာတွင်…နောက်ဆုံးမှာတော့ဖြင့် သူစိတ်လျော့လိုက်လေတော့သည်။
မသိလိုက်စွာပဲ မျက်မှောင်ကြုတ်လိုက်မိကာ ယွီယန့် ခြေကျင်းဝတ်လေးကို ကိုင်ထားသည့်လက်ကို အားထည့်လိုက်မိလေသည်။ “နာတယ်…”
မုယွင်ကွေးသည် တုံ့ခနဲရပ်သွား၏။ သူဘာလုပ်မိလိုက်သည်ကို သိသွားရပြီး သူ့အား အလျင်အမြန်လွှတ်ပေးလိုက်လေသည်။
“ခွင့်လွှတ်ပေးပါ အရှင်။”
ယွီယန်၏ အသားအရည်မှာ ဖြူဖွေးကာ နူးညံ့လှ၏။ ထိလိုက်ရုံနှင့်ပင် အနီရောင်သန်းသွားတတ်သည်။ သူသည် မုယွင်ကွေးလုပ်ထားပါသည့် သူ့ခြေကျင်းဝတ်ရှိ အနီရောင်အရာကို ကြည့်လိုက်ရင်း တီးတိုးပြောလေ၏။ “အရမ်းနီရဲသွားပြီ…”
“အရှင်…”
ယွီယန်သည် ခြေကျင်းဝတ်ကို မုယွင်ကွေး၏ ပေါင်ပေါ်သို့ တင်လိုက်ပြီး အမိန့်ပေးလိုက်၏။ “ငါ့ကို ကူပြီး ပွတ်ပေး။”
မုယွင်ကွေး “…”
အရက်သောက်ထားတဲ့အခါဆို ဘာလို့ ဒီလူသားလေးက ပိုပြီးကြောက်တတ်လာရတာလဲ။
“မြန်မြန်လုပ်ပေးလေ။”
မုယွင်ကွေးက ပြန်လည်တုံ့ပြန်သည်ကို မတွေ့သောအခါ ယွီယန်သည် သူ့ခြေချောင်းလေးများဖြင့် သူ့ပေါင်ကို ပုတ်လိုက်ပါ၏။
သောက်ထားကာ မတည်မငြိမ်ဖြစ်မှုတို့ကြောင့် သူသည် သူမထိသင့်သည့်နေရာပေါ်သို့ ခြေချလိုက်မိတော့လေသည်။ မုယွင်ကွေးသည် အခြားသောသူ၏ ခြေကျင်းဝတ်ကို အလျင်အမြန်ဆွဲလိုက်ပါ၏။
“ဒီလက်အောက်ငယ်သားက အမိန့်နာခံပါ့မယ်။ ကျေးဇူးပြုပြီး…”
ယွီယန်သညိ ပြုံးလိုက်ကာ ကျေနပ်စွာပြောလာ၏။ “ကောင်းပြီလေ။”
မုယွင်ကွေးသည် ခြေကျင်းဝတ်ကို ကိုင်လိုက်ပြီး နီရဲနေသည့် နေရာကို အနည်းငယ် နှိပ်နယ်ပေးလိုက်၏။
ယွီယန်မှာ အရပ်မပုသော်လည်းပဲ မုယွင်ကွေးနှင့် ယှဉ်လိုက်လျှင်တော့ဖြင့် လူကောင်တော်တော်သေးသွားသည်။ သူ့ခြေဖဝါးများမှာ အေးနေပြီး သူ့ခြေကျင်းဝတ်များမှာ သေးသွယ်လှသည်။ သူ့ခြေကျင်းဝတ်တစ်ခုလုံးကို ဖုံးသွားဖို့ရာအတွက် မုယွင်ကွေးမှာ သူ့လက်ဝါးတစ်ဖက်ထဲကိုသာ သုံးရုံဖြင့်ပင် လုံလောက်နေပြီဖြစ်၏။
သူ့ခြေကျင်းဝတ်ကို နှိပ်နယ်ပေးနေသည်မှာ သက်တောင့်သက်သာရှိ၍ ယွီယန်သည် အနောက်ဘက်သို့ လှန်ချလိုက်ပြီး ဗလုံးဗထွေးရေရွတ်နေတော့သည်။
မုယွင်ကွေး၏ အသက်ရှုသံမှာ အနည်းငယ် မတည်မငြိမ်ဖြစ်လာရချေတော့၏။ တစ်ဖက်လူ၏ ရေရွတ်သံများသည် သူ၏အထိခိုက်မခံနိုင်သောအာရုံကြောများပေါ်တွင် ခုန်ပေါက်နေသကဲ့သို့ ခံစားနေရပြီး သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမှာလည်း အပ်ချည်မျှင်လေးပေါ်တွင် ချိန်ညှိနေရတော့လေ၏။
သူသည် နူးညံ့ကာချစ်စရာကောင်းလွန်းလှသည်။ သူ့ကို Alpha တစ်ယောက်ဟု အစပိုင်းကတည်းပင် မမှတ်ယူထားပါချေ။
မုယွင်ကွေး၏ လက်ချောင်းများမှာ တစ်ဖက်လူ၏ ခြေကျင်းဝတ်ကို နှိပ်နယ်ပေးနေရင်းဖြင့် အမှတ်မထင်တွေးလိုက်မိသည်။
မဖြစ်ဘူး…မှားနေပြီ။
အပြင်လူများ၏ မျက်လုံးထဲတွင် သူသည် ယန်အင်ပါယာ၏ ဒုတိယမင်းသားသာ ဖြစ်နေသေးလေ၏။ သူ့စကားများသည် ခက်ထန်နေသော်လည်း စိတ်အရင်းခံမပါပါချေ။ သူသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံပြီး တော်သော မင်းသားတစ်ပါးဖြစ်လေ၏။
သူတစ်ယောက်ရှေ့တွင်မူ အရှင်သည် တွေ့မြင်နေကြပုံစံနှင့် မတူပါချေ။
ယွီယန်၏ ထိုတစ်ဖက်ခြမ်းကို သူတစ်ယောက်သာမြင်နိုင်လေသည်။
ဤအတွေးမှာ မုယွင်ကွေး၏ နှလုံးသားကို အလွန်ကျေနပ်စေပြီး ရှက်စရာကောင်းသည့် အချို့သော အတွေးများသည် မှိုန်ပျပျနှင့် လွတ်နေသော အခန်းထဲတွင်ပျံ့လွင့်လာချေတော့သည်။
ယွီယန်နှင့် အကြည့်ချင်းဆုံရန်အတွက် သူခေါင်းမော့လိုက်၏။
လက်ဖက်သင်းရနံ့သည် သတိပေးခြင်းမရှိပါပဲ အိပ်ရာအတွင်း ပျံ့နှံ့လာလေတော့သည်။
“ကောင်းလိုက်တဲ့ အနံ့လေး…”
ယွီယန့်ထံတွင် မုယွင်ကွေးပေးထားသော ယာယီအမှတ်အသားရှိနေသေးဆဲဖြစ်သည့်အတွက် တစ်ဖက်လူ၏ ရနံ့ကို တွန်းလှန်နိုင်စွမ်းမရှိပါချေ။ ယခုတွင်မူ သူသည် အရက်သောက်ထားသည့်အတွက်ကြောင့် သူ၏ဆင်ခြင်တုံ့တရားများမှာ ပြတင်းပေါက်မှအပြင်ဘက်သို့ လွှင့်ပစ်ခံလိုက်ရလေပြီး အမွှေးရနံ့နောက်ကို လိုက်ကာ ထိုလူ့အပေါ်သို့ မှီလိုက်လေတော့သည်။
“ယွင်ကွေး…” သူသည် မုယွင်ကွေးလည်ပင်းပေါ်ရှိ အကွေးနေရာနားတွင် သူ့ခေါင်းကို မြှုပ်နှံထားလေပြီး အသက်ပြင်းပြင်းရှုလိုက်၏။ “မင်းရဲ့ ရနံ့ကအရမ်းကောင်းတာပဲ။”
သူ့လက်မောင်းကြားထဲတွင်ရှိနေသော ခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်းနှင့်ပျော့ပြောင်းလာလေပြီး ခန္ဓာကိုယ်အပူချိန်မှာလည်း မြင့်တက်လာလေတော့၏။
သူ၏ရနံ့မှာ လွယ်လွယ်ကူကူစိမ့်ထွက်လာလေပြီး ဆပ်ပြာရနံ့သင်းလေးဖြင့် ရောနှောနေလေ၏။ နှစ်ဦးစလုံး၏ အသက်ရှုသံများမှာ ပိုမိုလေးလံလာလေ၏။
“မရဘူး။ ကျွန်တော်တို့လုပ်လို့မရဘူး။” မုယွင်ကွေးမှာ ရုတ်တရပ်အသိပြန်ဝင်လာသည်။ ထို့နောက် သူ့ပေါ်သို့ ကပ်တွယ်နေသောသူကို တွန်းထုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်၏။
အရှင်သည် သူ့ကို ယုံကြည်လေ၏။ သို့ရာတွင် ယခုသူလုပ်မိနေသော လုပ်ရပ်များမှာ…
ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူမည်ကဲ့သို့ အခွင့်အရေးယူရက်ပါမည်နည်း။
မုယွင်ကွေးသည် မျက်လုံးမှိတ်လိုက်ကာ သူ့ဆီမှ စိမ့်ထွက်နေသော ရနံ့များကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။
“အရှင် အရင်နားလိုက်ပါဦး။ ဒီလက်အောက်ငယ်သားက…”
စကားဆုံးအောင်ပင်မပြောလိုက်ရလေပဲ မုယွင်ကွေးမှာ သူ့ကို အနောက်မှ လှမ်းဖက်ခြင်းခံလိုက်ရလေ၏။
ရုတ်တရပ် သစ်တော်ပန်းရနံ့များသည် သူ့ခန္ဓာကိုယ်သို့ ဖြတ်ကာ အလွန်အမင်းစိမ့်ထွက်လာလေသည်။
မုယွင်ကွေးမှာ တင်းကြပ်သွားရလေတော့သည်။ Omega ရနံ့များမှာ သူ့ကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားလေပြီး လွတ်မြောက်ရန်လမ်းပင် မပေးပါချေ။
“ငါသိပါတယ်…” ယွီယန်သည် အိပ်ရာပေါ်တွင် ဒူးထောက်လျက်ရှိနေပြီး သူ့လက်များမှာ မုယွင်ကွေး၏ ခါးတဝိုက်တွင် ရစ်ပတ်ထားလေသည်။ “မင်းငါ့အပေါ်မှာ စိတ်ဝင်စားမှု တစ်စက်မှ ရှိမနေဘူးဆိုတာ ငါသိပါတယ်။”
“ဒီတိုင်း ငါ့ကို ကူညီပေးနေရုံပဲမလား။ အဲ့တာက အရမ်းဆိုးတယ်လို့ ခံစားရတယ်။”
“ဒါက နောက်ဆုံးအကြိမ်ပါပဲ။ နောက်ဆုံးအကြိမ်လေးပါပဲ။ ဟုတ်ပြီလား။”
ကျင်းတုမြို့တော်သို့ ပြန်ရောက်သွားသောအခါ သူသည် သမားတော်တစ်ပါးနှင့် သွားတွေ့ကာ ရနံ့ထိန်းချုပ်နည်းကို သင်ယူမည်ဖြစ်၏။
ဒီညက နောက်ဆုံးအကြိမ်ပါပဲ။
ဤစာကြောင်းမှာ သူနှလုံးသားကို ရိုက်နှက်နေသော တူတစ်လက်ကဲ့သို့ပါပင်။ သူ၏ နှလုံးသားမှာ တင်းကြပ်လာလေရတော့၏။
ယွီယန်မှာမူ သူ့အတွေးများကို လုံးဝသိမနေပါချေ။ မုယွင်ကွေးတစ်ယောက် သူ့အတွေးများထဲတွင် ပိတ်မိနေချိန်တွင် ယွီယန်သည် သူ့ကို ခပ်ပြင်းပြင်းဆွဲလိုက်လေ၏။
နှစ်ယောက်သားမှာ နူးညံ့သော အိပ်ရာပေါ်သို့ ပြုတ်ကျသွားလေတော့သည်။
ယွီယန်သည် လှိမ့်လိုက်လေပြီး မုယွင်ကွေးအပေါ်မှ အုပ်မိုးလိုက်လေပြီး သူ့နှုတ်ခမ်းထောင့်များသည် အောင်နိုင်သူကဲ့သို့ ကွေးညွတ်သွားလေတော့သည်။ “အခုမင်းထွက်မပြေးနိုင်တော့ဘူး။”
မုယွင်ကွေး “…”
ယွီယန်သည် မုယွင်ကွေး၏ အဝတ်အစားများကို ပြင်းထန်စွာ ဆွဲချွတ်နေသော်လည်း တစ်ဖက်သူ၏ ခါးရှိ ငွေကြိုးများမှာ ရှုပ်ထွေးနေတော့သည်။ ထိုကြိုးများကို ဘယ်လိုပင် ဆွဲဖြည်နေပါချေ ယွီယန်မှာ မဖြည်နိုင်ပဲ ဖြစ်နေရလေတော့၏။
တစ်ခဏမျှကြာသောအခါတွင်မူ နှစ်ယောက်သား၏ နေရာများမှာ ချိန်းသွားလေတော့သည်။
Alpha ရနံ့များမှာ ယခင်ကထက် အဆတစ်ထောင်မျှပိုမိုသိပ်သည်းလာလေ၏။
ယန်အင်ပါယာ၏ ဒုတိယမင်းသားမှာ အရက်၏ လွှမ်းမိုးမှုအောက်တွင် တစ်ဖက်လူအား တစ်ညလုံးလှည့်စားပြီးသည့်နောက်တွင်မူ နောက်ဆုံးတွင် ထိုလှည့်စားမှု၏ အဖိုးအခကို နာနာကျင်ကျင်ဖြင့်ပင် ပေးဆပ်ရလေတော့သတည်း။
……
……
The author has something to say :
နောက်တစ်နေ့တွင် နိုးထလာသည့် ယွီယန် : ငါတစ်ကိုယ်လုံးကိုက်ခဲနေတာပဲ!
![](https://img.wattpad.com/cover/287992182-288-k945049.jpg)
YOU ARE READING
Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ်
Romance⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡ Start Date - 12.10.2021 End Date - ....