Unicode
သန္ဓေတားဆေး
ယွီယန်မှာ နောက်တစ်နေ့ နေ့လည်ခင်းရောက်သည်အထိ မထနိုင်သေးပါချေ။
မနေ့ညကသောက်လိုက်သော အမူးပြေဟင်းရည်၏ အကျိုးသက်ရောက်မှုကြောင့် သူနိုးလာသောအခါတွင် ခေါင်းကိုက်ခြင်းရှိမနေပါချေ။ ထူးဆန်းစွာနှင့်ပင် သူ၏ ခါးမှာ ဆိုးဆိုးဝါးဝါးနာကျင်နေ၏။
ဖြည်းဖြည်းချင်းထတာတောင်မှ မသက်သာနိုင်သေးပေ။ သူသည် သူ၏ခေါင်းကိုမော့လိုက်ပြီး အပေါ်ရှိ ပိတ်သားစကန့်လန့်ကာကို ကြည့်လိုက်သည်။ သူ၏ ရီဝေနေသောမျက်လုံးများမှာ ရုတ်တရပ်ကြည်လင်လာလေတော့၏။
...ထို့နောက်တွင်မူ အသည်းအသန်ထိတ်လန့်သွား၏။
မနေ့ညက သူဘာတွေလုပ်မိလိုက်တာတုန်း!!!!!!!!!
ကလေးတစ်ယောက်လိုပြုမူပြီး မုယွင်ကွေးကို ကုန်းပိုးခိုင်းတယ်။ အဲ့လူကို ခုန်မအုပ်ခင် ရေချိုးနေတဲ့အချိန်တုန်းကလည်း သူ့ကို သဘောကျမကျမေးခဲ့သေးတဲ့လူက တကယ့်ပဲ ငါရောဟုတ်ရဲ့လား...
ယွီယန်သည် သူ့မျက်နှာကို လက်ဖြင့် အုပ်လိုက်၏။ အိပ်ရာထဲတွင် နာကျင်စွာ လှဲလျောင်းနေရင်းနှင့်ပင် သူထိုအကြောင်းကို မစဉ်းစားရဲတော့ပေ။
...အသက်ဆက်မရှင်ချင်တော့ဘူး
ယွီယန်သည် ဘယ်တုန်းကမှ သူ၏ ဆင်ခြင်တုံတရားများပျောက်ဆုံးသည်အထိ သောက်မည့်နေ့ ရှိလာမည်မဟုတ်ဟု တွေးထင်ထားခဲ့လေသည်။ သူအလွန့်အကျွံသောက်ထားလျှင်တောင်မှ သူ့အကျင့်နှင့်ဆိုလျှင် ရှက်စရာကောင်းသည့် ကိစ္စရပ်များကို လုပ်လိမ့်မည် မဟုတ်ပါချေ။
ယခုတော့ ထိုမျက်နှာမှာ ရိုက်ချခံလိုက်ရပြီဖြစ်၏။
နီးကပ်လာသော ခြေသံအနည်းငယ်ကို ကြားလိုက်မိသည့်အတွက် ယွီယန်မှာ တစ်ဖက်သျု့ အလျင်အမြန်လှည့်လိုက်လေ၏။ သူသည် ခြုံစောင်တစ်ထည်ကို ယူကာ သူ့တစ်ကိုယ်လုံးလုံအောင် ပတ်ထားလိုက်သည်။
အရာအားလုံးကို ပြောပြရန် ရောက်လာသော မုယွင်ကွေး : "..."
သိုင်းပညာရှင်တစ်ယောက်သည် ဘယ်သောအခါမှ ခြေသံကြားရအောင် မလျှောက်ပေ။ သို့ရာတွင် မုယွင်ကွေးသည် ယွီယန့်ကို အနီးအနားသို့မည်သူလာနေကြောင်း သိစေရန် တမင်တကာပင် အသံပေးခြင်းဖြစ်၏။
YOU ARE READING
Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ်
Romance⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡ Start Date - 12.10.2021 End Date - ....