Chapter (15.2)

1.1K 183 22
                                    

Unicode 

အချိန်အနည်းငယ်ကြာသောအခါ ယွီယန်သည် စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းထဲတွင် ထိုင်နေလေပြီး သူ့နားရွက်များမှာ ရဲရဲနီနေလေ၏။

အဲ့တော့ အဲ့ငတုံးကောင်က မြူလည်းမြူစွယ်တတ်သေးတာပေါ့လေ။ အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပဲ။

ယွီယန်သည် စိတ်တိုစွာဖြင့် သူ့ထျန်ဟူလုများကို  စားနေလေ၏။

သူတို့သည် ဤစားသောက်ဆိုင်ကို မကြာခဏလာလေ့ရှိသည့်အတွက် မုယွင်ကွေးသည် ကျွမ်းကျင်စွာဖြင့် ယွီယန့်အကြိုက် စားသောက်ဖွယ်ရာများကို မှာလေတော့သည်။ ထို့နောက်တွင် ယွီယန့်ကို ဘာထပ်မှာဦးမလဲဟု မေးလေ၏။

ယွီယန်သည် နောက်ဆုံးကျန်ရှိသည့် ထျန်ဟူလုကို မြိုချလိုက်လေပြီးအသက်မပါစွာဖြင့် ပြန်ဖြေလာလေ၏။ “အပြင်းတကာ့အပြင်းစား ဝိုင်တစ်အိုးချပေး။”

မုယွင်ကွေးသည် မျက်မှောင်ကြုတ်လိုက်လေပြီး “အ…သခင်လေး¹ အပြင်ရောက်နေတဲ့အချိန်အတောအတွင်းမှာ သေရည်မသောက်တာအကောင်းဆုံးပါပဲ။”

ယွီယန်သည် သူ့မျက်ခွံများကို ဖြေးဖြေးချင်းလှန်ကြည့်လာလေပြီး သူနှင့်အကြည့်ချင်းဆုံလိုက်လေ၏။

မုယွင်ကွေး : “……”

မုယွင်ကွေးသည် သူ့ခေါင်းကို ဆိုင်ရှင်ရှိရာဆီသို့ စောင်းငဲ့လိုက်လေပြီး “အပြင်းစားဝိုင်တစ်အိုး”

တကယ်တော့ ထိုဝိုင်မှာ ယွီယန့်က သူ့အတွက်သူမှာခြင်း မဟုတ်ရပါပေ။

အရက်ရဲ့လွှမ်းမိုးမှုအောက်မှာ အမှန်တရားတွေကို ထုတ်ပြောလာတတ်တယ်လေ။ ဒီငတုံးကောင်ကို တိုက်ရမှာပေါ့။ အဲ့လိုလူမျိုးကို တစ်ယောက်တယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ကို‌ သောက်အောင်လုပ်ရမယ်။ အဲ့တာမှ ဘာအကြောင်းကိစ္စတွေပဲဖြစ်ဖြစ် ပွင့်အံလာမှာလေ……

စာအုပ်ထဲမှာ အဲ့လိုတော့ရေးထားတာပဲ။

အစား‌အသောက်များမှာ လျင်မြန်စွာရောက်ရှိလာလေ၏။ ယွီယန်သည် သူ့သောက်နိုင်စွမ်းကို ညစာစားပွဲ‌တွင် သူသောက်ပြီးကတည်းက သဘောပေါက်လေ၏။ အစာစားနေသည့်အချိန်တွင်သူသည် မုယွင်ကွေးအတွက် သဘာဝကျကျဖြင့် ခွက်အပြည့်ဝိုင်တစ်ခွက်ထည့်ပေးရန်အတွက် အခွင့်အရေးကိုရှာလေပြီး ထည့်ပေးလေ၏။

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Nơi câu chuyện tồn tại. Hãy khám phá bây giờ