Unicode
ဒီမင်းသားက လုံးဝကို ကလေးမွေးပေးမှာမဟုတ်ဘူး!
ယွီယန်သည် လက်ဖက်ရည်သီးမှုကြောင့် သေမလိုခံစားလိုက်ရ၏။
ချင်းကျွယ်ထံ ပြင်းထန်သောအကြည့်မပို့လွှတ်ခင် အချိန်အတော်လေးကြာသည်အထိ သူ၏ တည်ငြိမ်မှုပြန်ရရန် စောင့်လိုက်ရ၏။
“ငါက ဒါကို မင်းကောင်းဖို့အတွက်လုပ်တာပါ။” ချင်းကျွယ်သည် အပြစ်ကင်းစင်သော အကြည့်များဖြင့် ပြောလာသည်။ “Alpha တွေရဲ့ မျိုးပွားနိုင်စွမ်းက မတရားကိုမြင့်တာနော်။ သူတို့ရဲ့ထောင်ချောက်တွေမှာပိတ်မိပြီး ကိုယ်ဝန်ဆောင်လိုက်ရတဲ့ Omegaတွေ ဘယ်လောက်ရှိလဲဆိုတာတောင် ငါမသိနိုင်ဘူး။”
သူသည် ခေတ္တရပ်ပြီး ဆက်ပြော၏။ “ပြောရမယ်ဆိုရင် အကြိမ်ရေတော်တော်များများလုပ်ပြီးပြီဆိုတော့ မင်းမှာ…” သူသည် ပြောနေရင်းဖြင့် ယွီယန်၏ ဝမ်းဗိုက်ရှိရာဆီသို့ ကြည့်နေလေသည်။
ယွီယန်သည် ရှက်လာပြီး စိတ်ရှုပ်လာပြီဖြစ်သည်။ သူဆက်ပြီး သည်းမခံနိုင်တော့ပါပေ။ “မင်းပါးစပ်ပိတ်ထားလိုက်တော့”
ယွီယန်မှာ ဆက်နားထောင်နိုင်စွမ်းမရှိတော့သောကြောင့် မုယွင်ကွေးကို ဆွဲကာ ထွက်ဖို့ပြင်တော့သည်။ ထွက်မလာခင်အချိန်အထိ ချင်းကျွယ်မှာ ထိုဗရုတ်အခြေအနေကို ဆက်လက်လှုံ့ဆော်နေဆဲဖြစ်ပြီး တောက်တောက်ပပကြီးကို အားပေးနေခြင်းဖြစ်၏။ “အရှင့်သားရေ အဲ့တာဖြစ်လာဖို့ လုံးဝကို အခွင့်အရေးမထားနဲ့နော်။ တကယ့်ကို တစ်ခုခုဖြစ်ပြီးပြီဆိုရင် ဆေးကို အချိန်မှီသောက်ဖို့ သတိရနော်။ ဘာဖြစ်လာနိုင်မလဲဆိုတာကို အတိအကျမှမပြောနိုင်ပဲလေ။”
ယွီယန်မှာ အလွန်အမင်းကို ဒေါသထွက်နေပြီဖြစ်သည်။ သူသည် ကျောက်စိမ်းဘယက်တစ်ခုကို ဆွဲထုတ်ကာ အခန်းထဲသို့ လှမ်းပစ်ပေးလိုက်လေတော့သည်။
ချင်းကျွယ်မှာမူ စိတ်အနှောင့်အယှက်ဖြစ်ခြင်းမရှိပါပေ။ သူသည် မြေပြင်ပေါ်သို့ ကျသွားသော ကျောက်စိမ်းဘယက်ကို ကောက်လိုက်ကာ နူးညံ့သော အပြုံးတစ်ခုပေးလာလေ၏။ “ချီးမြှင့်မှုအတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါထပ်လာခဲ့ပါဦးနော်။”
YOU ARE READING
Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ်
Romance⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡ Start Date - 12.10.2021 End Date - ....