Chapter - 3 ' Don't Ever Touch This Prince Again!'

3.1K 452 3
                                    

Unicode

'ဒီမင်းသားကို နောက်တစ်ခါထပ်မထိနဲ့တော့!'  

ပထမဦးဆုံးသံတမန်ရေးရာတာဝန်ကို ထမ်းဆောင်ရာတွင် ယန်အင်ပါယာ၏ ဒုတိယမင်းသားမှာ ယန်အင်ပါယာနန်းတော်မှ အကောင်းဆုံးရထားလုံးကို သဘာဝကျစွာပဲ သုံးလိမ့်မည်။

ရထားလုံးအတွင်းရှိနေရာမှာ လုံးဝကို ကျဉ်းကျပ်မနေပါချေ။ အိပ်ရာနံဘေးရှိ ဖယောင်းတိုင်မီးမှာလည်း ပျော့ပျောင်းနူးညံ့သော ဆိုဖာပေါ်ရှိ လှုပ်ရှားမှုများနှင့်အတူ ရထားလုံး၏ လှုပ်ခြင်း၊ ယိမ်းထိုးခြင်း နှင့် လှုပ်ခါမှုများအတိုင်း ငြိမ်းသွားခြင်းမရှိပါပဲ တဖျပ်ဖျပ်လင်းနေလေ၏။

သစ်သားမျက်နှာပြင်ကို ဆွဲဖွင့်လိုက်ခြင်းသည် လျို့ဝှက်စွာ နူးညံ့မှုများလုပ်ဆောင်နေခြင်းကိုတားဆီးလိုက်ပြီး ဖယောင်းတိုင်၏ အလင်းကြောင့် မျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသော ပုံရိပ်များကို မှုန်ဝါးသွားစေသည်။

ကုတင်အသေးလေးပေါ်မှ ပိုမိုအားတက်သရော လှုပ်ယမ်းမှုများကြောင့်  ယွီယန်၏ တိုး‌ဖျော့ကာ အက်ကွဲနေ‌သည့်အသံလေးက တီးတိုးရေရွတ်လာသည်။ “မရဘူး, ငါတို့လုပ်လို့မရဘူး—!”

“အထဲမှာ မလုပ်လိုက်နဲ့….”

အပေါ်ဘက်တွင် လှုပ်ရှားနေသောလူမှာ သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်၏။ ဆန့်ထုတ်ထားသောလက်နှစ်ဖက်မှ လက်မောင်းပေါ်ရှိ သွေးပြန်ကြောများမှာ တစ်စုံတရာကို ချုပ်ထိန်းဖို့ရာအတွက် အားစိုက်ကြိုးပမ်းနေသည်ကို ပေါ်လွင်နေစေလေသည်။

ဘယ်Alphaကမှ ဤကဲ့သို့သောငိုနေမှုကို ရပ်တန့်စေရန် မတတ်စွမ်းနိုင်ပါချေ။

မုယွင်ကွေးသည် သူ၏ခေါင်းကို မော့လိုက်၏။ သူ၏ သူငယ်အိမ်မှာလည်း အနီရောင်အနည်းငယ်ရောစွက်နေလေချေသည်။

ဤသည်မှာ ဗီဇကို ဆန့်ကျင်ကာ တိုက်ပွဲဝင်နေရခြင်းပေတည်း။

သူ့ရှေ့တွင်ရှိနေပါသော ဤလူအား အမှတ်အသားလုပ်ပစ်လိုက်ချင်သည်။

ဘယ်လောက်ပဲ ဆုံးရှုံးနစ်နာရပါစေ…

ယွီယန်မှာ ဆိုဖာပေါ်တွင်လှဲလျောင်းနေရင်း သူ့အပေါ်ရှိအမျိုးသား၏ မျက်နှာအမူအရာများကို မမြင်နိုင်ပါသော်လည်း တဖြည်းဖြည်းနှင့်ပိုမိုများပြားလာသည့် လက်ဖက်ရည်အနံ့က နေရာအနှံ့တွင်စိမ့်ဝင်နေသည်ကိုတော့ဖြင့် သူသတိထားလိုက်မိ၏။ အလိုလိုနေရင်းကြောက်ရွံ့မှုကြောင့် သူ၏ ခန္ဓာကိုယ်ကို ကွေးလိုက်မိသည်။ တုန်ယင်နေရင်းဖြင့် ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံးထိန်းသိမ်းကာ “ယွင်ကွေး…..”

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Where stories live. Discover now