Chapter 18 - 'This Medicine Can Force An Alpha Into Heat'

1K 177 63
                                    

Unicode

                  'ဒီဆေးက Alpha တစ်ယောက်ကို Heat ဝင်စေဖို့ ဖိအားပေးတဲ့ဆေးပဲ'

ယွီယန်မှာ နိုးလာလေသည်။

သူရောက်နေသောနေရာမှာ မရင်းနှီးလေသော အိမ်တစ်လုံးဖြစ်နေလေပြီး ဤအိမ်ထဲတွင် မရှိမဖြစ်လိုအပ်သော ပရိဘောဂ ပစ္စည်းများဖြင့် ခင်းကျင်းထားသည်။ ဤအိမ်မှာ အကြမ်းထည်ပုံစံမျိုးလုံးဝမဟုတ်ရလေပဲ သန့်ရှင်းသပ်ရပ်နေသည်။

ယွီယန်မှာ ညောင်စောင်းတစ်ခုပေါ်တွင် လှဲလျောင်းနေခြင်းဖြစ်လေပြီး သူ့လက်နှင့်ခြေထောက်များမှာမူ ကြိုးဖြင့် စည်းနှောင်ခြင်း ခံထားရလေသည်။

အိမ်ထဲတွင် စန္ဒကူးရနံ့များလွှမ်းခြုံနေသည်။ ယင်းအနံ့လေးမှာ လတ်ဆတ်လှပြီး တပ်မက်ဖွယ်ကောင်းလှသည်။ ယခင်က သူဤရနံ့ကို တစ်နေ‌ရာရာတွင် ရဖူးသည်ဟုလည်း ခံစားနေရ၏။

ယွီယန်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်လေသည်။ သူဘောက်မဲ့ကြောင့် ဤရနံ့ကို ရင်းနှီးနေရပါသလဲဟု မသိလိုက်ခင်ပင် တံခါးအပြင်မှ ခြေသံတချို့ကို သူကြားလိုက်ရလေသည်။

တစ်စုံတစ်ယောက်မှာ အခန်းတံခါးကို ဖွင့်ကာ ချင်းနင်းဝင်ရောက်လာလေ၏။

“နောင်တော်က နိုးနှင့်နေပြီလား။” လူငယ်လေး၏ အသံမှာ ယခင်ကအတိုင်းကြည်လင်နေပါသော်လည်းပဲ  သူစိမ်းဆန်နေလေသည်။

ယွီယန်မှာ အထိတ်တလန့်ဖြစ်သွားရလေသည်း ရုတ်တရပ် သူစဉ်းစားနေ‌ေသာအဖြေကိုလည်း သိလိုက်ရလေ၏။

ဒီအနံ့က ယွီဟုန် မကြာခဏသုံးလေ့ရှိတဲ့ ရနံ့ပဲ။

သူသည် ထထိုင်လိုက်ဖို့ရာအတွက် အပတ်တကုတ်ကြိုးစားလိုက်ရလေပြီး တံခါးကို ဖြတ်ကာလာနေသည့်လူကို ရှင်းလင်းစွာ မြင်လိုက်ရလေတော့သည်။ “ယွီဟုန် မင်းက ဒီကို ဘာလို့ ရောက်နေရတာလဲ။”

“ကျွန်တော်လား?” ယွီဟုန်က ပြုံးကာ ပြောလာလေသည်။ “နောင်တော့်နောက်ကနေလိုက်လာလိုုက်ရုံပဲလေ။”

သူသည ညောင်စောင်းဘေးနားသို့ လျှောက်လာလေပြီး ယွီယန့်ကို ငုံ့ကာ ကြည့်လိုက်သည်။ “တကယ်လို့ ကျွန်တော်ကသာ ‌နေ့နေ့ညည နောင်တော့်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ လူတစ်ယောက်သာ မလွှတ်ထားဘူးဆိုရင် နောင်တော့်ရဲ့ ထွက်ပြေးတဲ့အစီအစဉ်ထဲမှာ မြောပါသွားမှာပဲ။ နောင်တော်နဲ့ ချန်လုတိုင်းပြည်ရဲ့ ဧကရာဇ်နဲ့မှာ ဒိလောက်အထိကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိနေလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့မိဘူး။ နေ့မနား ညမနား ခရီးဆက်ပြီး လာရတာကိုတောင်မှ နောင်တော်က မင်းသားငယ်လေးရဲ့တစ်လပြည့်‌ပွဲတော်ကို အမှီရောက်အောင်လာ‌တုန်းပဲ။”

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Where stories live. Discover now