Chapter 13.1

1.2K 249 22
                                    

Unicode 

ယွီယန်သည် ခေတ္တမျှ အတွေးလွန်နေလေသည်။ ထို့နောက်တွင်မူ မုယွင်‌ကွေး၏ ပွေ့ချီခြင်းကို ခံလိုက်ရလေတော့၏။

သူသည် မသိစိတ်၏ လှုံဆော်မှုအရ အလိုအလျောက် မုယွင်ကွေး၏ ပခုံးကို သိုင်းဖက်လိုက်လေပြီး မေးလာလေ၏။ “မင်းဘာလုပ်နေတာတုန်း?”

“အရှင်က နေထိုင်မကောင်းဖြစ်နေတဲ့အတွက် ဒီလက်အောက်ငယ်သားက အရှင့်ကို ရထားလုံးပေါ်ကို တင်ပေးမလို့ပါ။” မုယွင်ကွေးသည် ယွီယန့်ကို သယ်ဆောင်‌ကာ လျှောက်သွားလေတော့သည်။ “အရှင်ခဏလေးပဲတောင့်ခံထားပေးပါနော်။ နန်းဆောင်တော်ကို ပြန်ရောက်တဲ့အခါကြရင် ဒီလက်အောက်ငယ်သားက အင်ပါယာတော်ဝင်သမားတော်ကိုပင့်ပြီးတော့ အရှင့်ရဲ့ ရောဂါကိုရှာဖွေဖို့အတွက် သွေးခုန်နှုန်းစမ်းသပ်ခိုင်းလိုက်ပါ့မယ်။”

ရော-ရော-ရောဂါရှာဖွေဖို့အတွက် သူ့သွေးခုန်နှုန်းကို စမ်းသပ်မယ်—???

“မဖြစ်ဘူး!” ယွီယန်သည် စဉ်းစားခြင်းပင်မပြုပဲ ပြောလိုက်လေ၏။

မုယွင်ကွေးသည် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်လေပြီး သူ့လက်မောင်းများအကြားတွင်ရှိနေသော ထိုလူအား ငုံ့ကြည့်လိုက်လေ၏။

ယွီယန်သည် ဆက်ပြောဖို့ရာအတွက် သူ့ကိုယ်သူတွန်းအားပေးလိုက်လေသည်။ “ငါပင်ပန်းနေပြီ။ အခုလောလောဆယ် နန်းတော်ကိုမပြန်ချင်သေးဘူး။ ငါ့အခန်းကိုပြန်ပြီးတော့ပဲ အိပ်ချင်တယ်!”

မုယွင်ကွေးမှာ ပြန်မဖြေပါချေ။ ယွီယန်နှင့် သူသည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် စိုက်ကြည့်နေကြ၏။ မျက်ဝန်းနှစ်စုံမှာ လေထဲတွင် အပြန်အလှန်စိုက်ကြည့်နေကြပြီး အသံတိတ်တိုက်ပွဲတိုက်နေကြသကဲ့သို့ပင်။

ခေတ္တမျှကြာသော် မုယွင်ကွေးမှ လမ်းစပေးလာလေ၏။

“ကောင်းပါပြီ…”

သူသည် မြေခွေးသားရေခြုံထည်လွှာကို ယွီယန့်ပေါ်သို့ တင်းကြပ်စွာ ရစ်ပတ်ပေးလိုက်လေပြီး သူ့ကို အိပ်ခန်းဆီသို့ သယ်ဆောင်သွားလေ၏။

မုယွင်ကွေးသည် ထိုလူကို အိပ်ခန်းအတွင်းသို့ ပြန်လည် သယ်ဆောင်လာပြီးနောက်တွင်မူ အနားယူချင်သည်ဟုဆိုကာ သူ့ကို အခန်းအပြင်သို့ နှင်ထုတ်ခြင်းကို ခံလိုက်ရလေ၏။ 

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Where stories live. Discover now