Unicode
မင်းက ငါမင်းကို စိတ်ဖြေဖို့အတွက်ပဲ အသုံးချနေတယ်လို့ ထင်နေတာလား?
ညကောင်းကင်မှာ မှောင်ပိန်းနေပြီဖြစ်၏။ လူရိပ်တစ်ခုမှာ ခေါင်မိုးပေါ်မှနေ၍ ယွီယန်နန်းဆောင်၏ ခြံဝင်းဆီသို့ ခုန်ဆင်းလာလေသည်။
နန်းဆောင်ရှေ့တွင်စောင့်နေပါသော အစောင့်များမှာ ခြံဝင်းအပြင်ဘက်တွင်စောင့်ကြပ်ရန် ပို့ခံလိုက်ရလေသည်။ အိပ်ခန်းဆောင်၏ တံခါးမှာ တင်းကြပ်စွာ ပိတ်ထားလေပြီး အခန်းတွင်းတွင်မူ မှိန်ပျပျ အိပ်ရာဝင်မီးအိမ်လေးကိုသာ ထွန်းညှိထားလေသည်။
မုယွင်ေကွးသည် ပြတင်းပေါက်အနားသို့ တိုးကပ်လာလေပြီး ယင်းကို တွန်းဖွင့်လိုက်သည်။ တိုးညှင်းလှသည့် အသံလေးတစ်သံထွက်ပေါ်သွားလေ၏။
အားပျော့နေသော သစ်တော်ပန်းပွင့်ရနံ့များမှာ ပွင့်ဟနေသော ပြတင်းပေါက်အကြားမှ တိုးထွက်လာခဲ့လေသည်။
မုယွင်းကွေးသည် အသက်ရှုသံများမှာ မြင့်တက်လာလေတော့သည်။
ယနေ့သူနန်းတော်ကို ပြန်မလာရခြင်းမှာ သူသိုင်းပြိုင်ပွဲအတွက် ပြင်ဆင်ရမည်ဟူသော အကြောင်းပြချက်တစ်ခုထဲအတွက်ကြောင့် မဟုတ်ရပါချေ။
တစ်သက်တာအမှတ်အသား၏ အင်အားမှာ သူယခင်က တွေးထားခဲ့သည်ထက်အတော်လေးကို ပိုကြောက်စရာကောင်းလှသည်။
ယင်းမှာ သူနှင့်ယွီယန်အကြားတွင် သူတို့နှစ်ယောက်ကြားရှိဆက်ဆံရေးကို ပိုမိုတိုးတက်စေပါသည့် မမြင်ရသော ကြိုးမျှင်လေးတစ်ချောင်းရှိနေသကဲ့သို့ပင်။ အကယ်၍ ဤမျှသာပဲဆိုရင်တောင် တော်ပါသေးသည်။ ၎င်းထက်ပို၍ ကြောက်စရာကောင်းသည်မှာ တစ်ဖက်လူ၏ အမူအရာများကလေးကပင် သူ့ခံစားချက်များကို ကပြောင်းကပြန်ဆန်စေသည်။
စိတ်လှုပ်ရှားလာလေလေ ထိန်းချုပ်နိုင်စွမ်း ကျဆင်းဖို့ နီးလာလေလေပင်။
မုယွင်ကွေးမှာ ဤကဲ့သို့သော ထိန်းချုပ်နိုင်စွမ်းနှင့် ပတ်သတ်သည့် ေကြာက်စရာကောင်းလှသည့် ကိစ္စမျိုးကို တစ်ခါမှ မကြုံတွေခဲ့ဖူးပါချေ။ သူသည် ချုပ်တည်းသည်းခံခြင်းနှင့်ပတ်သတ်လာခဲ့ပါလျှင် အမြဲတမ်း ကောင်းမွန်ခဲ့သည်သာ။ သို့ရာတွင် Omega တစ်ယောက်၏ ကစားပွဲရှေ့တွင်တော့ သူ၏ ချုပ်တည်းနိုင်စွမ်းများမှာ ဟာသတစ်ခုသာသာပင်။ နေ့တိုင်းနေ့တိုင်း သူ့ကိုယ်သူချုပ်တည်းရန်အတွက် အင်အားအလွန်သုံးကာ ဖိနှိပ်ထားရလေသည်။
YOU ARE READING
Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ်
Romance⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡ Start Date - 12.10.2021 End Date - ....