Chapter 9 - 'Want...Want To Touch Me?'

1.9K 308 9
                                    

Unicode

ငါ့ကို...ငါ့ကို ထိချင်လားဟင်?

အဆုံးမှာ‌တော့ဖြင့် ထိုနေ့တွင် ယွီယန်မှာ သူ့စကားကို ဆုံးအောင် မပြောလိုက်ရပါချေ။

သူနှင့် မုယွင်ကွေးကြားရှိ သူငယ်ချင်းသံယောဇဉ်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၏။ သခင်နှင့် အစေခံဆိုသည်ထက် သူတို့နှစ်ဦးမှာ အတွင်းစကားများကို ပြောပြရလောက်သည်အထိ တစ်ဦးနှင့်တစ်ဦးယုံကြည်သူများဖြစ်ကြပါ၏။ ထိုကဲ့သို့သတ်မှတ်ထားခြင်းခံထားရသည့်သူက ထိုသူ၏ အမှတ်အသားပေးခြင်းကို ခံလိုနေ၏။ သူဘယ်လိုများ ထုတ်ပြောရမှာတဲ့တုန်း။

ယွီယန်မှာ မျက်နှာမပျက်ချင်ပါ‌ပေ။

ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီကိစ္စက ပျက်ပြယ်သွားနိုင်တာပဲလေ။(ယာယီအမှတ်အသားကို ပြောတာလို့ထင်တာပဲ)

ရက်အနည်းငယ်ကြာပြီးနောက်တွင် မုန့်ချန်ကျိုးသည် သူ၏အသက်အရွယ်ကြောင့် အငြိမ်းစားယူကာ ဇာတိမြေသို့ပြန်တော့မည့်အကြောင်း ဧကရာဇ်ယန်ကို လျှောက်တင်လေတော့၏။

၎င်း၏ မိသားစု ကျန်းတုမြို့မှာထွက်ခွာသည့်နေ့တွင် ယွီယန်သည် မြို့တော်ဂိတ်ဝအထိ လိုက်လံပို့ဆောင်ပေးလေသည်။

ထိုအချိန်မှာ နှစ်သစ်ကူးပွဲတော်ပြီးခါစလေးတင် ရှိသေး၏။ မုန့်ချန်ကျိုး၏ ဆန္ဒများအရ နွေဦးပွဲတော်မတိုင်မီ သူ့ဇာတိမြေသို့ အချိန်မီရောက်ချင်သည့်အတွက်ကြောင့် ယခုအချိန်ထွက်ရမည်သာဖြစ်သည်။

"ခင်ဗျားက ထွက်သွားတော့မှာပဲ။ အမတ်မုန့်က အခုအချိန်ထိကို ခင်ဗျားနောက်ကွယ်မှာ ရှိနေတဲ့သူကို ကိုယ်တော့်ကို မပြောပြချင်သေးဘူးလား?" ယွီယန်သည် လူအုပ်ကြီးနှင့် ဝေးသောတစ်နေရာတွင် မုန့်ချန်ကျိုးကို မေးလိုက်သည်။

"ဒီလူအိုကြီးက နှုတ်ထွက်စာတင်ခဲ့ပြီးပါပြီ။ အမတ်တစ်ယောက်မဟုတ်တော့ပါဘူး။"

မုန့်ချန်ကျိုးမှာ သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ၏ပုံစံမှာ အရင်ကထပ်ပို၍ ကြည့်ကောင်းနေ၏။

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Where stories live. Discover now