Unicode
'တစ်သက်တာအမှတ်အသား'
ယွီဟုန်တစ်ယောက်ထဲသာမက ယွီယန်ပါ မုယွင်ကွေး၏ ရုတ်တရပ်ဝင်ရောက်လာမှုကြောင့် လန့်သွားရသည်။
သူ့အနားတွင်ရှိနေသည့် နှစ်အနည်းငယ်အတွင်း မုယွင်ကွေး၏ ဒေါသကို ထိန်းချုပ်နိုင်စွမ်းမှာ မြင့်တက်လာရသည်။ သူ၏ သွေးဆာနေသောဘက်ခြမ်းက တစ်ခါတရံထွက်ပေါ်လာတတ်ပါသော်လည်းပဲ အနည်းဆုံးတော့ ယွီယန့်အရှေ့တွင် သူအတော်လေးကို ထိန်းချုပ်ထားတတ်လေသည်။ မုယွင်ကွေး၏ ယခုလိုပုံစံကို သူမမြင်ရခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပြီဖြစ်သည်။
သူမတတ်နိုင်ပါပဲနှင့် သူတို့နှစ်ဦး၏ ပထမဆုံးတွေ့ဆုံမှုကို ပြန်သတိရသွားသည်။ သတ်ကွင်းထဲမှ သားရဲကောင်ကဲ့သို့သော လူငယ်လေး…
မုယွင်ကွေး၏ အေးစက်ကာ လူသတ်ငွေ့အပြည့်ရှိနေသည့်မျက်လုံးအကြည့်က ယွီဟုန့်အပေါ်ကျရောက်လာလေ၏။ တစ်ဖက်လူမှာ နောက်သို့ ခြေလှမ်းတစ်ဝက်မျှဆုတ်သွားလေပြီး မကြာမှီဖြစ်လာမည့် အကြောက်တရားကို ခံစားလိုက်မိပုံပင်။
“မင်း…မင်းဘယ်လိုလုပ်…”
မြို့တော်ကနေ ဒီအထိတိုင်အောင် သူအထူးချွန်ဆုံးလက်ရွေးစင်တွေ ဒါဇင်အများကြီး ကင်းပုန်းပြင်ဆင်ထားခဲ့တာလေ။ ဒါကိုတောင် ဒီလူက ဘာလို့ ဒီလောက်မြန်မြန်ရောက်ချလာရတာလဲ!?
မုယွင်ကွေးသည် သူ့ကို လျစ်လျူရှုလိုက်လေပြီး ညောင်စောင်းပေါ်တွင် ဒူးထောက်ကာထိုင်နေပါသည့် ယွီယန့်ကို လှမ်းကြည့်လိုက်လေသည်။
ယွီယန့်ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်ရင်းဖြင့် သူဘာမျှမဖြစ်သည်ကို တွေ့လိုက်ရမှသာ သူအနည်းငယ်စိတ်သက်သာရာရသွားလေတော့သည်။
မုယွင်ကွေးမှာ ဒီတိုင်းရပ်မနေပါချေ။ သူသည် ထိုလူနှစ်ယောက်အကြားသို့ ပြေးဝင်သွားလိုက်လေ၏။ ညောင်စောင်းငယ်လေး၏ ဘေးတွင်ရပ်နေပါသော ယွီဟုန့်ကို ကန်ချက်တစ်ခုတည်းနှင့် အဝေးသို့ လွှင့်စင်စေလိုက်လေသည်။
သွေးများစွန်းထင်းနေပါသည့် ဓား၏ ဓားသွားမှာ လေထဲတွင် တစ်ချက်ဝေ့ဝိုက်သွားလေ၏။ ယွီယန်၏ လက်နှင့်ခြေထောက်များတွင် ချည်နှောင်ထားပါသော ကြိုးများမှာ ချက်ချင်းပြေကျသွားလေတော့သည်။
ESTÁS LEYENDO
Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ်
Romance⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡ Start Date - 12.10.2021 End Date - ....