Chapter 22

1.5K 169 29
                                    

Unicode

ညီလာခံလွှတ်တော်၏ အရေးပါသော မှုးမတ်ဆယ့်သုံးယောက်မှာ ညချမ်းအချိန်အခါတွင် ၎င်းတို့၏ အိမ်တော်များ၌ လုပ်ကြံခံလိုက်ရလေသည်။ ထိုသတင်းကြောင့် ကျန်းတုမြို့တော်တစ်ခုလုံးမှာ မုန်တိုင်းဝင်သွားသကဲ့သို့ ပွက်လောရိုက်နေကြလေ၏။

မှုးမတ်အများစုမှာ ထိုဆယ့်သုံးယောက်သော မှုးမတ်များ၏ အကျင့်ပျက်ခြစားသောအမူအကျင့်များကို ကောင်းစွာသိကြလေသည်။ ထိုသူတို့ လုပ်ကြံခံလိုက်ရလေသည်ဟူသော သတင်းကို ကြားသောအခါတွင် တစ်ဖက်အဖွဲ့ရှိလူများမှာ ပေါ်တင်ထုတ်ဖော်မပြသကြသော်လည်း
ယင်းတို့မှာ အလွန့်အလွန်ကို ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။ တစ်ဖက်ရှိ ထိုဆယ့်သုံးယောက်နှင့် တူညီသောအဖွဲ့မှလူများမှာမူ ဘယ်အချိန်ပြုတ်ကျလာမည်မှန်းမသိသော သူတို့လည်ပင်းထက်ရှိဓားများအကြောင်းကို ‌တွေးကြောက်နေရင်းဖြင့် စားမဝင်အိပ်မပျော်ကြလေချေ။

ဧကရာဇ်ယန်မှာမူ ထိုအမှုကို သေသေချာ‌ချာစုံစမ်းစစ်ဆေးရန် ချက်ချင်းပင် အမိန့်ချမှတ်လိုက်လေတော့၏။

မုယွင်ကွေးမှာ အရာအကုန်လုံးကို သေသေသပ်သပ်လုပ်သွားခဲ့လေသည်။ ခြေရာလက်ရာတစ်ခုတစ်လေမျှတောင်မချန်ခဲ့။ အကယ်၍ တစ်ခုခုလွဲချော်သွားခဲ့လျှင်တောင် ထိုကိစ္စမှာ ယွီယန့်ကို ဆက်နွယ်လာလိမ့်မည်မဟုတ်ပါချေ။

တော်ဝင်တရားရုံးရှိလူများနှင့် တရားသူကြီးချုပ်မှာ သူ့လူများဖြစ်ကြလေသည်။ တစ်ခုခုကြံစည်လိုက်ရန်မှာ သူ့အတွက်တော့ လွယ်လွယ်လေးပါပင်။

နှစ်ဝက်လောက်ကြာသည်အထိ အမှုကို စုံစမ်းစစ်ဆေးခဲ့ပါသော်လည်းပဲ ထိုမင်းမှုထမ်း ဆယ့်သုံးယောက်ကို မည်သူက သတ်ဖြတ်ခဲ့သည်ကို မစုံစမ်းနိုင်ရုံသာမက အကျင့်ပျက်ခြစားမှုများနှင့် လာဘ်ပေးလာဘ်ယူများပြုလုပ်သည့် ကွင်းဆက်တစ်ခုလုံးမှာလည်း အမြစ်ပြုတ်လုနီးပါးပင် ‌ဖြစ်နေချေလေပြီ။

ဝန်ကြီးချုပ်၏ အာဏာသက်ရောက်မှုမှာလည်း ဆိုးဝါးစွာ အကျိုးသက်ရောက်ခြင်းခံရလေသည်။ သူ့မှာ တစ်ကိုယ်ထဲ အကူအညီမဲ့ဖြစ်လုနီးပါးပါပင်။

You've reached the end of published parts.

⏰ Last updated: May 18, 2023 ⏰

Add this story to your Library to get notified about new parts!

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Where stories live. Discover now