Chapter 17 - 'You Are Also Important Person To Me'

1K 163 41
                                    

Unicode  

ရှီးရှနှင့် ချန်လုတို့ကြားမှ တိုက်ပွဲမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာလေ၏။ ဧကရာဇ်ယန်သည် ဤဘေးကျပ်နံကျပ်ကာလတွင် အခွင့်အရေးယူရန် ယွီယန့်ကို အမိန့်ပေးလာလေ၏။ သို့သော်သူမသိသည်မှာ ယွီယန်သည် အစောပိုင်းကတည်းက ချန်လုနှင့် သဘောတူညီမှု ယူထားပြီးသားဖြစ်သည်ကိုပင်။

ချန်လုအနေဖြင့် ဤတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ထားခဲ့သည်မှာ အချိန်အတော်ပင် ကြာနေပြီဖြစ်သည်။ လူသတ်သမားတစ်ယောက်မှာ အလိမ္မာတရားကို လက်ကိုင်ထားသလိုပါပင် ယွီယန်သည် ဧကရာဇ်ယန်၏ အမိန့်များကို နာခံသလို ဟန်ဆောင်နေခြင်းကို သူတို့အနေဖြင့် စိတ်မခုပါချေ။

သို့သော် ဤသရုပ်ဆောင်ခြင်းမှာ ကြာရှည်မခံလိုက်ပါချေ။ ရှီးရှ၏ဘုရင်မှာ ဖြုတ်ချခံလိုက်ရပြီဟူသော သတင်းမှာ ကျန်းတုမြို့သို့ရောက်လာခဲ့လေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!” ဧကရာဇ်ယန်သည် စာလွှာတော်ကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်လေသည်။ “သုံးလ။ စစ်ပွဲစဖြစ်တာကနေ အခုချိန်အထိ သုံးလပဲရှိသေးတာကို ရှီးရှက ဒီလောက်လွယ်လွယ်‌ေလးနဲ့ အပြတ်ရှင်းခံလိုက်ရတယ်ပေါ့လေ?!”

အဆောင်အတွင်းတွင် ရှိနေသမျှလူအကုန်လုံးမှာ ဒူးထောက်နေကြ၏။ ယွီယန်သည် ဧကရာဇ်ယန်ရှေ့‌‌ေမှာက်တွင် ဒူးထောက်လိုက်လေရင်း “ခမည်းတော်ရဲ့ တော်ဝင်ခန္ဓာကိုယ်ကို ဂရုစိုက်တော်မူပါ ခမည်းတော်ဧကရာဇ်”

ဧကရာဇ်ယန်မှာ ပူပင်သောကရောက်နေရလေသည်။ သူ့မျက်နှာမှာ ဒေါသကြောင့် အနည်းငယ် နီနေလေပြီး အသက်ရှုရာတွင်လည်း အလွန်ပင် ခက်ခဲစွာ ရှုနေရလေသည်။

ထိုအရာကို မြင်သောအခါ သူ့၏အပါးတော်မြဲဖြစ်သော မိန်းမစိုးအိုကြီးက တရုတ်ရိုးရာတိုင်းရင်းဆေးကို ယူဆောင်လာရန်အတွက် ခိုင်းစေလိုက်လေတော့သည်။ ပန်းကန်လုံးထဲ‌တွင်ရှိသော ဆေးပမာဏ အတော်များများကို သောက်လိုက်ပြီးကာမှ တဖြည်းဖြည်းနှင့်စိတ်တည်ငြိမ်သွားလေတော့သည်။

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Hikayelerin yaşadığı yer. Şimdi keşfedin