Chapter 4 - Still so easy to coax

2.9K 391 15
                                    

Unicode

ချော့ဖို့ရာအတွက်အရမ်းကို လွယ်ကူနေတုန်းပဲ 

နောက်တစ်နေ့မှာတော့ဖြင့် ယာဉ်တန်းကြီးသည် တောင်များကြားမှ ထွက်ခွာလာခဲ့လေပြီး ခဏတဖြုတ်အနားယူရန်အတွက် ကုန်သွယ်ရေးမြို့သို့ ခရီးဆက်လေ၏။

ရထားလုံးမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်နားလေသည်။ မုယွင်ကွေးမှာ ကိုယ်ကိုလှည့်ကာ မြင်းပေါ်မှဆင်းလိုက်ပြီး ယွီယန်၏ ရထားလုံးရှိရာဆီသို့ လျှောက်လှမ်းလာကာ ပြောလေ၏။ “အရှင် ကျွန်‌တော်မျိုးတို့ဆိုက်ရောက်ပါပြီ။”

ပြန်ဖြေခြင်းမရှိပါချေ။

မုယွင်ကွေးမှာ နောက်တစ်ခေါက်ထပ်ခေါ်ရန် ပြင်လိုက်‌သည်။ ထိုအချိန်တွင် ရုတ်တရပ် ရထားလုံးအတွင်းမှ လက်တစ်စုံသည် ဆန့်ထွက်လာလေ၏။

မုယွင်ကွေးမှာ သူပင်သတိမထားမိလိုက်ပဲ လက်ကိုကိုင်ရန် လှမ်းလိုက်သည်။ သို့ရာတွင် ထိုလက်မှာ သူ့အားရှောင်သွားလေချေ၏။

မုယွင်ကွေး : “……”

ငယ်ရွယ်ချောမောသောလူငယ်လေးမှာ သူ၏ခေါင်းကို အပြင်ထုတ်ကာ သူ၏ မျက်လုံးများကို လှန်ကြည့်လိုက်၏။ သို့ရာတွင် ရထားလုံး၏ တစ်ဖက်တစ်ချက်တွင် စောင့်နေသော ရထားလုံးမောင်းသမားကို ကြည့်ခြင်းသာ ဖြစ်၏။

ရထားလုံးမောင်းသမားမှာ သူ၏အကြည့်အောက်တွင် တုန်ယင်နေရင်း သူ့လက်ကို မင်းသားဆီသို့ လှမ်းလိုက်လေသည်။

ယွီယန်သည် သူ၏အကူအညီဖြင့် ရထားလုံးပေါ်မှ ဆင်းလိုက်လေ၏။

မုယွင်ကွေး၏ လက်မှာ လေထဲတွင် လှမ်းနေဆဲဖြစ်ပြီး သူ၏လက်‌ချောင်းများမှာ အနည်းငယ်ကွေးသွားလေသည်။ သူသည် သက်ပြင်းအနည်းငယ်ချလိုက်ပြီး တိတ်ဆိတ်စွာ သက်ပြင်းမချခင်တွင် သူ၏လက်ကို ပြန်ချလိုက်လေ၏။

သူ့မိသားစုရဲ့ အရှင်ငယ်လေးက စိတ်ဆိုးနေတာပဲ။

ပြီးတော့ ဒီအတိုင်းစိတ်ဆိုးနေတာတောင်မဟုတ်ဘူး။

ဟုတ်တာပေါ့ ယွီယန်က ပြင်းပြင်းထန်ထန်ကို စိတ်ဆိုးနေတာ။

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Wo Geschichten leben. Entdecke jetzt