Part(2)

2.7K 254 6
                                    

"ကဲဆရာသွားမယ်...ရန်မဖြစ်နဲ့...ချစ်ချစ်ခင်ခင်နေကြ"

ဆရာစူးကပြောပြီးရှောင်းကျန့်ကိုတစ်ချက်ကြည့်ကာထွက်သွားသည်။ရှောင်းကျန့်လည်းအထုတ်အပိုး‌တွေကိုဆွဲကာအထဲကိုအခန်းဝမှခေါင်းလေးစောင်းကာအတွင်းကိုချောင်းလိုက်၏။

သူ!!
သူ!!ဝမ်ရိပေါ်!

ရှောင်းကျန့်ရင်ထဲဒိန်းကနဲတက်ဆောင့်သွားသည်။ခုတင်ပေါ်မှနေ၍ဖြတ်ကနဲကြည့်လိုက်‌သည့်သူ့မျက်လုံးတွေကရင်ထဲတည့်တည့်လာမှန်တာကိုး။

ရှောင်းကျန့်ကိုယ်လေးကိုကျုံ့ရင်းရိပေါ်၏ဘေးတစ်ဖက်ရှိညာဘက်မှခုတင်အလွတ်တွင်နေရာယူလိုက်သည်။
ရိပေါ်ကသူ့ကိုအခုထိဖော်ဖော်ရွေရွေဆီးကြိုခြင်းမပြုခဲ့သလိုစကားတစ်ခွန်းတောင်မပြောပေ။

တိတိကျကျပြောရရင်ရှိတယ်လို့ကိုမထင်တာ။ရှောင်းကျန့်ကိုမမြင်သလိုဟန်မျိုးနဲ့စာအုပ်ကိုသာမျက်လုံးကပ်ထားသည်။ဝမ်ရိပေါ်ရဲ့ဘဝမှာစာအုပ်တွေပဲရှိသလား?။

"အဟမ်.."

ရှောင်းကျန့်အသံပေးလိုက်သည်။
သူမကြားဘူး။တကယ်တော့မကြားဟန်ဆောင်တာ။

"အဟမ်း!"

နောက်တစ်ကြိမ်။လှည့်ကြည့်ခြင်းလုံးဝမရှိ။

"အဟွန်း!"

တတိယတစ်ကြိမ်။ထိုအတိုင်းပင်။

"အဟွတ်"

ဟော!!ကြည့်ပြီ။

စတုတ္တတစ်ကြိမ်တွင်လှည့်ကြည့်လာသည်။
မျက်လုံးစိမ်းကြီးတွေနှင့်ပြာကျလုမတတ်ပင်။ပြီးတော့ဘာမှမပြောဘဲပြန်လှည့်သွား၏။

တစ်ခုခုပြောလိုက်ရင်လေခွန်ဆောင်ရမယ်များထင်နေသလားမသိပေ။

"အဟွန်းးးး!!"

"ဆေးသောက်မလား"

"ဘာကိုလဲ"

"မင်းချွဲကျပ်နေသလားလို့"

"မင်းကငါချွဲကျပ်မှာစိုးရိမ်တယ်ပေါ့လေ"

"မဟုတ်ဘူး...နားညီးလို့"

"အင်~~"

ရှောင်းကျန့်အနည်းငယ်တိတ်သွားသည်။သူကရှောင်းကျန့်ကိုတစ်စက်ကလေးတောင်လှည့်မကြည့်ပဲ။

My Crush In My Area >.<Où les histoires vivent. Découvrez maintenant