Part(10)

1.6K 168 5
                                        

ဒီနေ့ကနှုတ်ဆက်ပွဲနေ့။
မနက်မိုးလင်းထဲကထိုအတွေးကရိပေါ်ခေါင်းထဲကိုကြီးစိုးနေတာဖျောက်ဖျက်လို့မရတဲ့အထိ။

ရှောင်းကျန့်ကိုကြည့်တော့ခပ်မြူးမြူးကလေး။အရင်ကထပ်ပိုပြီးသပ်ရပ်အောင်ပြင်ဆင်နေပါ၏။ပိုပြီးကြည့်ကောင်းနေတယ်ဟုသူထင်မိ၏။

"ရှောင်းကျန့်...မင်းဘာလို့ပြင်ဆင်နေတာလဲ"

"မပြင်ပါဘူး...ပုံမှန်ပဲဟာ"

ရှောင်းကျန့်ကသူ့ဆံပင်တွေကိုသေချာဖီးလိမ်းရင်းမှန်မှအကြည့်မခွါပဲဖြေ၏။

"မင်းဘယ်သူနဲ့ချိန်းတွေ့မလို့လဲ...တစ်ယောက်ယောက်ကိုကြိုက်နေတာလား"

"မကြိုက်ပါဘူး...အမေးအမြန်းထူလိုက်တာ"

ရှောင်းကျန့်ကစားပွဲဆီလျှောက်သွားပြန်ကာစာအုပ်တွေဘောပင်တွေကိုယူရင်းတံခါးဝဆီဦးတည်ကာသွား၏။

"စောလှချည်လား"

"ကျိုချန်းတို့နဲ့တွေ့ရဦးမယ်"

"မင်း...တစ်ခုခုဖြစ်နေတာလား"

"မဖြစ်ပါဘူး...ငါထင်တာတော့ဖြစ်နေတာကမင်း...မိုးလင်းထဲကအပူသယ်ရုပ်နဲ့...မြန်မြန်လိုက်ခဲ့"

ရှောင်းကျန့်ကပြောရင်းတစ်ချက်လွှတ်အမိန့်
ကိုပါထုတ်သွားသေး၏။

'တကယ်ပဲငါကအပူသယ်ရုပ်ပေါက်နေတာလား...ငါတစ်ခုခု‌ဖြစ်နေတာလား...ဪ...အင်း...ဟုတ်တယ်...နေလို့မကောင်းဘူး...ရင်ထဲမှာတင်းကျပ်နေတယ်'

"အဲ့တာမင်းကြောင့်လေ...မင်းကြောင့်ကွရှောင်းကျန့်ရ"

နှုတ်ဆက်ပွဲနေ့ဆိုသော်ငြားလဲမနက်ပိုင်းသည်သာမာန်စာသင်ချိန်တွေကဲ့သို့ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်။စာသင်သည်။ထပ်ပြီးစာသင်သည်။စာသင်ပြီးရင်စာသင်၏။

"ကဲ... Chapter (2)ကိုသွားမယ်...နံပါတ်အကြီးလေးကနံပါတ်အသေး(4)ကိုတွေ့လား...အဲ့က"a"ကနေ"g"အထိပုစ္ဆာတွေကိုတစ်ယောက်ချင်းထွက်တွက်ရမယ်..."

"ကဲ...ယွီပင်းထပါဦး..."a"ကိုထွက်တွက်ပေး"

အိပ်မှုန်စုန်ဝါးရုပ်နဲ့ယွီပင်းသည်ဆံပင်စုပ်ဖွားနှင့်ထရပ်လာ၏။မျက်တွင်းတွေကလဲအနည်းငယ်ညိုနေပြီးမျက်နှာဟာလည်းမသာမယာ။

My Crush In My Area >.<Tempat di mana cerita hidup. Terokai sekarang