Part (23)
ရှောင်းကျန့်အခန်းတံခါးကိုပိတ်ပစ်လိုက်သည်။
"အရမ်းချစ်တယ် "
ရိပေါ်၏စကားသံကနားထဲကမထွက်။သူ့ကိုစားမတတ်ဝါးမတတ်ကြည့်နေတာကြီးကကြောက်ဖို့ကောင်းလွန်းသည်။ဘာမှမလုပ်ရင် တောင်အနည်းဆုံးတော့အနမ်းခံရနိုင်သည်မို့အမြန်ထ
ထွက်လာခဲ့လိုက်ခြင်းပါ။
ရိပေါ်ကသူ့ကိုမထင်မှတ်ပဲစိုက်ကြည့်နေရင်တောင်သူငါ့ကိုဘာပြောမလို့လဲ...သူငါ့ကိုတစ်ခုခုများလုပ်တော့မှာလားဆိုပြီးတွေးကာရင်ခုန်ရသည်ကမိန်းကလေးတစ်ယောက်လိုတောင်သူ့ကိုယ်သူခံစားမိလာသည်။
ိ"ဘာဖြစ်သွားတာလဲ"
"ဒေါက်...ဒေါက်"
ထင်တဲ့အတိုင်းပင်သူလိုက်လာချေပြီ။
အခန်းတံခါးကိုခေါက်ရင်းအပြင်ဘက်ကနေတတွတ်တွတ်မေးနေသည်။
"ရှောင်းကျန့်ဘာဖြစ်တာလဲ...ငါဘာလုပ်မိလို့လဲ...မင်းငါ့ကိုစိတ်ဆိုးသွားတာလား...ငါအမှားလုပ်မိတာတစ်ခုခုရှိရင်ပြောလေ...ငါမင်းကိုချော့မှာပေါ့..ဘာဖြစ်လို့ရုတ်တရက်ကြီးပြေးထွက်သွားတာလဲ...ငါ့ကိုစိတ်ဆိုးသွားတာမလား...ရှောင်းကျန့်ငါ့ကိုပြန်ပြောပါဦး"
တံခါးကိုတဘုန်းဘုန်းထုရင်းစိုးရိမ်စွာမေးနေသည့်သူ့ကိုရှောင်းကျန့်ပြေးထွက်ကာနမ်းပစ်ချင်မိသည်အထိရင်ထဲအသဲယားနေမိသည်။
သူ့ကိုကောက်သွားရင်puppyမျက်လုံးလေးတွေနဲ့စိုးရိမ်တ
ကြီးလူကိုလိုက်ချော့တတ်တာကလေးကိုသိတယ်မလား။
အခန်းအပြင်ဘက်ကနေချော့နေတဲ့သူ့ရဲ့သနားစရာပုံစံကလေးကိုပြေးမြင်မိကာရှောင်းကျန့်ပြုံးပြုံးကြီးနှင့်ပန်းတွေပွင့်နေမိသည်။သို့သော်တုန့်ပြန်မှုကတစ်ခြားစီပင်။
"မင်းကိုဘာကိစ္စစိတ်ဆိုးရမှာလဲ...နားညီးတယ်တံခါးကိုထုမနေနဲ့"
"အဲ့တာဆိုထွက်တွေ့မှာလား"
"ထွက်တွေ့ရင်မင်းငါ့ကိုဆွဲနမ်းတော့မယ်မလား"
"ငါနမ်းမှာကိုသိနေလို့အကောင်းကြီးကနေထွက်ပြေးတာပေါ့လေ"

DU LIEST GERADE
My Crush In My Area >.<
Fanfictionစပ်စလူးစိန်ရှောင်းကျန့်နဲ့သူ၏crhကြီး တစ်လောကလုံးကိုပတ်ချေနေသောရိပေါ်တို့ ဘော်ဒါဆောင်တွင်ထိပ်တိုက်တွေ့သောအခါ... ဘာတွေဆက်ဖြစ်မလဲ? သိချင်ဝင်ဖတ်လိုက်ပါ😶👋 ဒရမ်မာမပါဘာမပါနဲ့လုံးဝSeသီးသန့် အဲမှားလို့Heသီးသန့်ပြောတာ။