ဝမ်ရိပေါ်ကရှောင်းကျန့်အနားသို့လျှောက်လာကာ.....
"ပြောပါဦး....ငါကအမြင်ကတ်စရာကောင်းတယ်လို့..."
တစ်လှမ်းချင်းနီးကပ်လာသောသူ
၏ခြေလှမ်းတွေကြောင့်ရှောင်းကျန့်
ကြောက်ကြောက်နှင့်အနောက်သို့ဆုတ်နေမိသည်။"ငါကမာနကြီးတယ်....ချေတယ်....အပေါက်ဆိုးတယ်....ကြီးကျယ်တယ်.....နောက်ဘာတွေကျန်သေးလဲ..."
တဖြည်းဖြည်းနှင့်ရိပေါ် ကတစ်လှမ်းတိုး
ရှောင်းကျန့်ကတစ်လှမ်းဆုတ်လာရာနောက်ဆုံးတွင်တံခါးနှင့်ကျောကပ်လျက်ဖြစ်သွားသည်။ရိပေါ် ကတံခါးကိုလက်နှင့်ရှောင်းကျန့်
အားခွကာ ထောက်ပြီးစိုက်ကြည့်သည်....။ရှောင်းကျန့်မှာတော့ရင်တွေကိုခုန်လို့.....။
'မင်းငါ့ကိုkissပေးတော့မှာလား....ငါအဆင်သင့်မဖြစ်သေးဘူးလေ....ဒါမဲ့ရပါတယ် လုပ်လိုက်ပါတော့ငါ့ကိုတစ်ခုခုလုပ်
လိုက်....ငါစိတ်မဆိုးဘူး...'"ဒီလိုလုပ်ကြမလား....ငါ့အကြောင်းတွေကိုပြောပြမယ်....မင်းပြောတာနဲ့မတူရင်....ပါးရိုက်ကြေး...."
"အဲ့တာအင်တာနက်ကဟာကြီး....
မင်းcopyယူရင်Crdပေးရမယ်လေ..."ရိပေါ်ခမျာဟိတ်ကြီးဟန်ကြီးနဲ့ပြောပြီးမှ
ရှောင်းကျန့်စကားကြောင့်မျက်နှာလေးညိုသွားလေသည်။"Crdဟုတ်လား...ငါ့ပါးစပ်နဲ့ငါပြောတာcrdပေးစရာလုံးဝမလိုဘူး...."
"လိုတာပေါ့...လေးစားမှုတော့ရှိသင့်တယ်....မင်းcrdမပေးချင်ရင်ပြောင်းလိုက်လေ...မတူရင်kissပေးကြေးလို့...."
'လက်ခံရဲလက်ခံကြည့်လိုက်စမ်း...ဟား...ဟား...'
ရှောင်းကျန့်လူယုတ်မာအသံနှင့်ကြိတ်ရယ်မိသည်။
"ဘာ! "
"မင်းတော်တော်ကို....ဟူး...."
ရှောင်းကျန့်ကိုလက်ညှိုးကြီးတထိုးထိုးနှင့်ဟူးကနဲတစ်ချက်သက်ပြင်းချပြီး.....စာအုပ်တစ်အုပ်ကောက်ဆွဲကာခုတင်ပေါ်ထိုင်ပြီး...စာအုပ်ဖတ်ရင်းဒေါသဖြေလိုက်သည်။

YOU ARE READING
My Crush In My Area >.<
Fanfictionစပ်စလူးစိန်ရှောင်းကျန့်နဲ့သူ၏crhကြီး တစ်လောကလုံးကိုပတ်ချေနေသောရိပေါ်တို့ ဘော်ဒါဆောင်တွင်ထိပ်တိုက်တွေ့သောအခါ... ဘာတွေဆက်ဖြစ်မလဲ? သိချင်ဝင်ဖတ်လိုက်ပါ😶👋 ဒရမ်မာမပါဘာမပါနဲ့လုံးဝSeသီးသန့် အဲမှားလို့Heသီးသန့်ပြောတာ။