Part(7)

1.7K 175 5
                                    

(Uni)

"နောက်ဆုံးအကြိမ်အနေနဲ့ဒီနေ့ညနေ၄နာရီကျရင်ရုပ်ရှင်ပြခန်းမှရုပ်ရှင်ပြပါမယ်...ဒါကနောက်ဆုံးအကြိမ်ပြသခြင်းပါပဲ...နောက်ဆုံးစားမေးပွဲကနီးလာပြီဆိုတော့နောက်ထပ်ရုပ်ရှင်ထပ်ပြဖို့မရှိတော့ပါဘူး...တပည့်တွေအားလုံးစာကိုပဲဖိပြီးကြိုးစားဖို့ပြောချင်တယ်ဒါပါပဲ"

ဆရာကျိုးကာစာသင်ခန်းအရှေ့ဆုံးမှရပ်ကာမိန့်ခွန်းခြွေသလိုအသံဩကြီးနှင့်ပြောသည့်စကားတို့ကြောင့်အတန်းထဲကအတန်းသားများဝေးကနဲ့တစ်ခါဟင်းကနဲတစ်လဲဖြစ်သွားကြသည်။

သူတို့ဘော်ဒါဆောင်မှကျောင်းသားကျောင်းသူများ၏အပျော်ဆုံးအချိန်သည်ရုပ်ရှင်ပြသည့်အချိန်ပင်ဖြစ်သည်။

ရုပ်ရှင်ပြမည်ဆိုတာကြောင့်ပျော်သော်လည်းနောက်ဆုံးအကြိမ်ဆိုသောကြောင့်အားလုံးကသိပ်ဘဝင်မကျကြပေ။သို့သော်လည်းဒါကနည်းလမ်းကျပါတယ်။

"ရိပေါ်ငါတို့အတူထိုင်မယ်မလား"

ရိပေါ်ကပြန်မဖြေပါ။

"ငါတို့အတူထိုင်မယ်မလားလို့"

"ရှောင်းကျန့်ကော"

ထမင်းစားခန်းမကြီးသို့ဦးတည်‌သွားနေသောလူအုပ်ကြားတွင်ရှောင်းကျန့်၏ပုခုံးကိုဖတ်ကနဲပုတ်လိုက်တဲ့ယမ်းချီ။ရိပေါ်၏မျက်လုံးတွေကဖျတ်ကနဲ့ပါပဲ။

"ဘာလဲ"

နှစ်တန်းငယ်တဲ့မိန်းကလေးတွေကိုရှောင်းကျန့်အမြင်ကတ်လိုက်တာ။ရှန့်ထင်..ပြီးတော့ယမ်းချီ...။

"ကျွန်မတို့အတူထမင်းစားရအောင်လား"

"ငါယွီပင်းတို့နဲ့စားမှာ...ရိပေါ်နဲ့အတူစားမှာ"

"ကျွန်မနဲ့ဘာလို့မစားတာလဲ"

"မစားချင်လို့"

ရိပေါ်ဝင်ဖြေပေးလိုက်တာပါ။
‌ဪ...ရှင်းနေတာကိုလာ‌မေးနေတော့လဲအရှိတိုင်းလေးဖြေပေးရတာပေါ့။ရင်ခံသွားလည်းမတတ်နိုင်ပါဘူး။

"ဒီဘက်ကအစ်ကိုကဝင်ကရှုပ်တယ်နော်"

"ရှုပ်နေတာကမင်း...တစ်ခွန်းထဲပဲပြောလိုက်မယ်ရှောင်းကျန့်ကငါ့ကိုကြိုက်တာ...သဘောပေါက်လား"

My Crush In My Area >.<حيث تعيش القصص. اكتشف الآن