ရှောင်းကျန့်တို့ညီအစ်ကိုလေးယောက်ရပ်ကွက်ထဲရောက်လာတာနဲ့အမျှဟိုးအဝေးဆီကလွင့်မျှောလာသည့်စိုက်ခင်းနံ့လေငွေ့ကိုခံစားမိကြလေသည်။
မကြာခင်မှာပင်တိုက်အိမ်များ၏အဆုံးတစ်ဖက်ဆီမှကျူး villageဆိုသောခြံကြီးနှင့်ကျူးစံအိမ်ကိုကာရံထားသောအုပ်တံတိုင်းကြီးကိုတွေ့မြင်လိုက်ရလေသည်။
သူတို့အားလုံးသည်လည်းပျော်ရွှင်မြူးထူးနေသယောင်အထုတ်အပိုးတွေဆွဲပြီးအိမ်ကြီးရှိရာဆီအပြေးနှင်ခဲ့ကြသည်။
"ဝူးးးး"
ဟောက်ရွှမ်းကအပျော်လွန်ပြီးဝူးကနဲအော်လိုက်သေးသည်။ကိုယ့်အိမ်ကိုပြန်ရောက်ပြီဆိုသောအသိကြောင့်ရှောင်းကျန့်၏စိတ်ရှုပ်ထွေးမှုများသည်လည်းပြေကျသွားသယောင်သူပါအတူလိုက်ပြေးမိတော့၏။
သို့သော်လည်းရင်ထဲကစူးဒဏ်ရာကတော်ရုံပျောက်မည်မထင်။မနက်ဝေလီဝေလင်းအချိန်မှာမြူနှင်းတွေဝေနေတိုင်းဘော်ဒါဆောင်ကိုသတိရပြီးတစ်ယောက်သောသူကိုပါပြင်းပြင်းထန်ထန်လွမ်းမိမှာအသေအချာပဲ။
"ဘကြီးလူ!!"
"ဝေ့!!"
"ငါတူကြီးတွေပြန်လာပြီဟေ့"
ခြံဝနားကဂန္ဓမာခင်းကြီးအားရေလောင်းနေသောဘကြီးကျူးလူကအားရဝမ်းသာရေဗုံးတွေကိုပစ်ချပြီးသူတို့အနားရောက်လာသည်။
"မင်းတို့တွေဖြေနိုင်ရဲ့လား"
"ဖြေနိုင်တာပေါ့"
"ဖြေနိုင်တယ်...ဖြေနိုင်တယ်"
"သွား...အိမ်ပြန်နားကြအုံး...သွားကြ...သွား..သွား"
ဘကြီးလူကအဘွား၏အကြီးဆုံးသားဖြစ်ပြီးဘကြီးဟောက်ကအငယ်ဆုံးသားဖြစ်သည်။သူတို့နှစ်ယောက်စလုံးကလူပျိုကြီးတွေဖြစ်ပြီးဟောက်ရွှမ်းကိုတူလိုသားလိုမွေးထားခြင်းပင်။
"လွမ်းလိုက်တာကွာ"
သူကလျှောက်လမ်းအတိုင်းလျှောက်ရင်းလေကိုတဝကြီးရှူကာပြောတော့ယွီပင်းကရယ်ပြီးမေးသည်။
"ဝမ်ရိပေါ်ကိုလား"
"ငါတို့အိမ်ကိုပြောတာ"

YOU ARE READING
My Crush In My Area >.<
Fanfictionစပ်စလူးစိန်ရှောင်းကျန့်နဲ့သူ၏crhကြီး တစ်လောကလုံးကိုပတ်ချေနေသောရိပေါ်တို့ ဘော်ဒါဆောင်တွင်ထိပ်တိုက်တွေ့သောအခါ... ဘာတွေဆက်ဖြစ်မလဲ? သိချင်ဝင်ဖတ်လိုက်ပါ😶👋 ဒရမ်မာမပါဘာမပါနဲ့လုံးဝSeသီးသန့် အဲမှားလို့Heသီးသန့်ပြောတာ။