အိမ်သာအတွင်းရှိလက်ဆေးဘေးစင်မှနံရံကပ်မှန်ပေါ်တွင်ထင်နေသောသူ့မျက်လုံးတို့သည်နီရဲမို့မောက်နေ၏။ဘေစင်မှရေကိုဖွင့်ချလိုက်သည်။
ဝေါကနဲစီးဆင်းလာသောရေတို့ကိုလက်ဝါးနှင့်ခံယူကာမျက်နှာအားသစ်ပစ်လိုက်၏။ထပ်ခါထပ်ခါရေနှင့်ဆေးကြောလိုက်တာတောင်မျက်လုံးတွေကငိုထားမှန်းအရမ်းသိသာနေသည်။
ချစ်ရသူကိုအရွဲ့တိုက်မိတဲ့အကျိုးရလဒ်က
သူခံစားရတဲ့ဝမ်းနည်းမှုထက်သာပိုပြီးကိုယ်ကသာနာကျင်ခံစားရတာပါပဲ။သူ့အပေါ်အေးစက်ဖို့ကြိုးစားလေနှလုံးသားကပိုနာကျင်ရလေ။သူ့ကိုအနိုင်ယူဖို့ကြိုးစားလေကိုယ်ကပိုပြီးရှုံးရလေပဲ။သူ့ဝေးရာမှာနေဖို့ကြိုးစားမိပြန်တော့လည်း.....။
'ရိပေါ်ရာ..မင်းငါ့ကိုအဲ့လောက်မနှိပ်စက်ပါနဲ့လား'
ဒါတွေကပြီးတော့မှာပါ။ဘော်ဒါဆောင်ပိတ်သွားရင်..ထပ်တွေ့စရာအကြောင်းမရှိဘူး။
အားလုံးကသူ့အလိုလိုအဆုံးသတ်သွားတော့မှာ။အချိန်နည်းနည်းလေးကိုပဲသည်းခံနိုင်ရင်ရပြီ။ပုံမှန်ထပ်ပိုမြန်နေသောအသက်ရှူသံတို့ကိုစိတ်ကိုငြိမ်အောင်ထားရင်းထိန်းချုပ်လိုက်သည်။ပြီးတော့အိမ်သာဆီမှထွက်ခဲ့၏။ရိပေါ်အတော်မူးနေလောက်ပြီလားမသိပေ။
သူအိမ်သာထဲဝင်ပြီးတစ်ယောင်ထဲငိုလိုက်ရယ်လိုက်နဲ့အချိန်ဖြုန်းနေမိတာအတော်ကြာသွားတာသတိထားမိလိုက်သည်။အကယ်၍ရိပေါ်အရမ်းမူးနေရင်အိပ်ဆောင်ကိုအကူမပါပဲပြန်နိုင်မှာမဟုတ်။
သူတွဲခေါ်ရမှာလား?ဟင့်အင်းမခေါ်ဘူး။ကျိုချန်းဖြစ်ဖြစ်ဟောက်ရွှမ်းဖြစ်ဖြစ်တစ်ယောက်ယောက်ကိုပဲကူခေါ်ခိုင်းတော့မယ်။သူ့ကိုရှောင်းကျန့်ရှောင်ဖို့လိုပါသည်။
ဒါမှလည်းဖြည်းဖြည်းချင်းအေးစက်နိုင်မှာပေါ့။'ဟင်!!ရိပေါ်!"
ရုတ်တရက်မိန်းကလေးအဆောင်ဘက်ကိုသွားသောလမ်း၌ရိပေါ်ကိုလှမ်းမြင်လိုက်ရသည်။ရိပေါ်ကိုတစ်စုံတစ်ယောက်ကတွဲခေါ်လာတာကိုလည်းသတိထားမိလိုက်သည်။အတော်ကလေးဝေးကွာတာကြောင့်ရှောင်းကျန့်ကိုသူတို့ကသိမြင်ပုံမရ။

YOU ARE READING
My Crush In My Area >.<
Fanfictionစပ်စလူးစိန်ရှောင်းကျန့်နဲ့သူ၏crhကြီး တစ်လောကလုံးကိုပတ်ချေနေသောရိပေါ်တို့ ဘော်ဒါဆောင်တွင်ထိပ်တိုက်တွေ့သောအခါ... ဘာတွေဆက်ဖြစ်မလဲ? သိချင်ဝင်ဖတ်လိုက်ပါ😶👋 ဒရမ်မာမပါဘာမပါနဲ့လုံးဝSeသီးသန့် အဲမှားလို့Heသီးသန့်ပြောတာ။