Part(16)

1.4K 154 3
                                    

ကြက်သားဟင်းဖက်ကိုရိပေါ်၏ပန်းကန်ထဲကိုထည့်ပေးလိုက်ရင်းသူ့ညီလေးဝမ်၏မျက်နှာကိုသေချာကြည့်မိပြန်သည်။

ထမင်းကိုသာလှိမ့်ပိန့်စားနေပြီးဟင်းကိုတော့သိပ်မစားပေ။ခေါင်းလဲဖော်မလာသလိုဘာကိုမှအာရုံမရှိသလိုညှိုးနွမ်းနွမ်းလေးရယ်ပါ။
ပြန်လာတာသုံးရက်ရှိပြီ။

ရွှင်လန်းမြူးထူးနေတာမျိုးတစ်ခါမှမဖြစ်ပေ။မျက်နှာလေးကအမြဲညိုနေပြီးမျက်လုံးတွေကလည်းအရောင်မရှိလှ။ဘာကြောင့်ဒီလောက်တောင်ဝမ်လေးဟာမှိုင်ထွေနေရလေသလဲ။

ဘော်ဒါဆောင်မှာလွမ်းစရာဆွေးစရာတွေကျန်ခဲ့လို့လား။ဒါမှမဟုတ်...မားကိုပဲလွမ်းဆွတ်တမ်းတနေသေးတာလား။အင်းလေ...ဖြစ်နိုင်ပါတယ်...မားမရှိတဲ့အိမ်ဟာအထီးကျန်ဆန်လွန်းလှတာကိုသူလဲသိတာမို့ဝမ့်ကိုအပြည့်အဝကိုယ်ချင်းစာမိ၏။

"ဝမ်..ဘယ်သွားမလဲ..ဘာလုပ်ချင်လဲ..ကောကိုပြော"

"ဘယ်မှမသွားချင်ဘူး"

"အိမ်ထဲပဲလှောင်ပိတ်ပြီးနေတော့မလို့လား..အရင်လိုလျှောက်သွားနေပါလား..စိတ်လန်းတာပေါ့"

"ကျွန်တော်ဘာမှမဖြစ်ဘူးအစ်ကို"

"အစ်ကိုမနက်ဖြန်ဆေးခန်းမထိုင်ရဘူး..ဘယ်သွားကြမလဲ"

ပထမကခေါင်းခါသည်။ပြီးတော့မှခေါင်းလေးထောင်လာရင်း။

"မားကိုတွေ့ချင်တယ်"

"အင်း...အစ်ကိုလိုက်ပို့မယ်နော်...စားများများစား..."

ဟင်းတွေကိုရိပေါ်၏ပန်းကန်ထဲကိုထိုးသိပ်ထည့်ပေးနေမိသည်။
စိတ်ဓာတ်တွေအရမ်းကျနေတဲ့ဒီကလေးကိုသူကသေချာမကြည့်ရင်တစ်ခုခုဖြစ်သွားမှာစိုးရိမ်သည်လေ။

ညနေခင်းနေဝင်သရီသရောအချိန်လေးတွင်
ရှောင်းကျန့်နဲ့ဟောက်ရွှမ်း
တို့ခြံထောင့်ကခုံတန်းလေးတွင်အပျင်းပြေထိုင်ရင်းဟောက်ရွှမ်းက

      "ရှောင်းကျန့်... မင်းနဲ့ရိပေါ် တို့ပြတ်တာပဲသိလိုက်တယ်...ဘယ်ချိန်ကစတွဲတယ်ဆိုတာမသိလိုက်ရဘူးပြောပြပါလား"

သူလည်းစဥ်းစဥ်းစားစားဖြင့်..

     "အဲ့တာတော့ငါလည်းမသိဘူး...ငါတိုပြတ်သာသွားတာဘယ်အချိန်ကတွဲတယ်ဆိုတာငါလည်းမသိလိုက်ဘူး"

My Crush In My Area >.<Tahanan ng mga kuwento. Tumuklas ngayon