Part(8)

1.6K 176 4
                                        

(Uni)

'ရိပေါ်ကဒီရက်ပိုင်းငါ့ကိုအရမ်းသဝန်တိုတတ်လာသလိုပဲ...တကယ်ဟုတ်မဟုတ်နဲနဲလောက်စမ်းကြည့်ရမလား?'

ရှောင်းကျန့်သူ့အတွေးနှင့်သူစာ‌ရေးစားပွဲတွင်
စာကုန်းရေးနေသောရိပေါ်၏ကျောကိုပုတ်လိုက်သည်။

ရိပေါ်ကမော့ကြည့်လာသည်။

"ဘာလဲ"

"ငါမင်းကိုပြမလို့"

လက်ထဲကဖုန်းကိုဖွင့်လိုက်ပြီး Galleryထဲကပုံတစ်ပုံအားရွေးကာရိပေါ်ကိုပြလိုက်သည်။

"ငါ weiboမှာဒါတင်မလို့ဘယ်လိုလဲမိုက်တယ်မလား"

"ကောင်းတယ်တင်လိုက်"

ရှောင်းကျန့်ကပြလိုက်သောအခါရိပေါ်ကပထမကအမူမဲ့အမှတ်မဲ့ကြည့်ကာမျက်နှာလွှဲသွားသည်။

"ဘာ!"

ပြီးမှဗြုန်းဆိုခေါင်းကြီးပြန်လှည့်လာကာလက်ထဲကဖုန်းကိုလေလိုအလျင်နဲ့ဖြတ်ကနဲယူကာပုံကိုပြူးပြဲကြည့်လေ၏။

"မတင်နဲ့...မတင်ရဘူး!!"

အကြံပေးတာမဟုတ်ပါဘူး။အမိန့်ပေးတဲ့လေသံစစ်စစ်။

"ဘာလို့လဲမင်းကလဲမိုက်ပါတယ်ကွာ"

"ဒါကမိုက်တာလား"

ရိပေါ်ကသူ့လက်ထဲကရှောင်းကျန့်၏ဖုန်းကိုရှောင်းကျန့်ဘက်လှည့်ပြကာမေးလေ၏။

ရှောင်းကျန့်ရိုက်ထားတာတစ်ခြားပုံမဟုတ်ပါဘူး...အင်္ကျီအောက်စကိုလှန်ကာသွားနဲ့ကိုက်ထားသောပုံဖြစ်၏။ဖြူဖွေးဖွေးသောဝမ်းဗိုက်သားမှအမြှောင်းအဖုအထစ်‌အသေးစားလေးတွေကိုထင်းထင်းလင်းလင်းမြင်နေရသည်။

ရိပေါ်ကထိုင်နေရာမှထရပ်ကာမမျက်မှောင်ကြီးကျုံ့၏။

ရှောင်းကျန့်ကထိုပုံကိုတင်ဖို့ရည်ရွယ်ချက်မရှိသော်လည်းရိပေါ်အခုလိုဆူပူနေတာလေးကိုတကယ်သဘောကျသည်မို့သက်သက်မျက်နှာလေးမဲ့ပြကာ။

"မင်းကအဲ့ပုံကိုမကြိုက်လို့လား"

"ကြိုက်တယ်!!"

"ဒါဆိုဘာလို့လဲ"

မျက်နှာပေးကသနားစရာလေးပေမယ့်ရှောင်းကျန့်တို့စိတ်ထဲမှာတော့ကြိတ်တွေကျေနပ်နေပါပြီ။

My Crush In My Area >.<Tahanan ng mga kuwento. Tumuklas ngayon