Part(9)

1.5K 172 4
                                    

ထမင်းစားချိန်အရောက်တွင်ရိပေါ်မသိအောင်ထမင်းစားခန်းမကြီးရှိရာသို့လှစ်ကနဲထွက်လာခဲ့လိုက်သည်။သူရှာနေတာကတခြားလူမဟုတ်ပါဘူးယမ်းချီပါ။

ရိပေါ်သဝန်တိုတာကိုလိုချင်ရင်သူမကအဓိကပစ်မှတ်ပဲမဟုတ်လား။ဟောတွေ့ပါပြီယမ်းချီ။

"ယမ်းချီ"

"ဟင်..ကော"

သူ့ဘက်ကစလို့လက်ပြလိုက်တယ်ဆိုတာနဲ့အပြေးလေးဝမ်းသာအားရလှမ်းလာတဲ့သူမ။
လူတွေကရှုပ်တော့အနားအရောက်မှာချော်လဲပြီးအရှေ့သိူ့ယိုင်ထိုးကာကျ၏။

လူမှုရေးသိတတ်လွန်းသည့်ရှောင်းကျန့်၏လက်ကသူမကိုအလိုလိုဆွဲမိလျက်သားဖြစ်သွားသည်။ထိုအခါမျက်လုံးချင်းဆုံပြီးအကြည့်ချင်းထပ်တူကျသွားပြီးဆိုပါစို့။

ရိပေါ်ကတိုက်တိုက်ဆိုင်ဆိုင်ကိုဖျတ်ကနဲမြင်လိုက်ပါပြီ။ဒါမျိုးကိုမှမမြင်ရင်ဝမ်ရိပေါ်ဘယ်ပြီသတော့မလဲ။မြင်မြင်ချင်းပဲအုံကြွလာတဲ့ဒေါသကခေါင်းအထိတက်ဆောင့်သွားပါပြီ။

ရှောင်းကျန့်...ဒါဘာလုပ်တာလဲ...

"အဆင်ပြေရဲ့လား"

"ဟုတ်ပြေပါတယ်ကော"

သူမကရှက်ကိုးရှက်ကန်းအမူအယာလေးနဲ့ဆံပင်လေးကိုနားကြားသပ်လိုက်ရင်းခေါင်းလေးငုံ့လို့။အကြမ်းပတမ်းဆွဲဆောင့်ခံလိုက်ရသူကရှောင်းကျန့်။

"ရိပေါ်"

"ဘာလုပ်တာလဲ..ရိပေါ်!!လွှတ်ငါ့ကိုရိပေါ်"

"လွှတ်လို့..ဘာဖြစ်နေတာလဲ"

ရှောင်းကျန့်ရိပေါ်ဆွဲခေါ်ရာနောက်တန်းလန်းလေးပါသွားရင်းမေးနေမိသော်လည်းရိပေါ်ကကြားတယ်မထင်ပါ။ရှောင်းကျန့်၏လက်ကိုဆွဲထားသောသူ့လက်တွေကအကျောတွေထောင်ထနေလိုက်တာ။သဘောကျချင်စရာပဲ။ဒါပေမယ့်ရိပေါ်ကဒေါသထွက်နေတဲ့အချိန်ဆိုတော့ကြောက်မိတယ်။

မေးကျောကြီးကလည်းထောင်ထလို့။နောက်ကျောဘက်ကနေကြည့်တာတောင်သိသိသာသာမြင်ရပါသည်။

ဒါလေးလုပ်မိတာကို...အဲ့လောက်တောင်ဒေါသထွက်ဖို့လိုလို့လား?

My Crush In My Area >.<Where stories live. Discover now