Part(4)

2K 191 3
                                    

Uni ~~

ကျောင်းတက်ခေါင်းလောင်းထိုးခါနီးနေပြီမို့ယွီပင်းမှာလူအနည်းငယ်ကြပ်နေသောကော်ရစ်တာတစ်လျှောက်အမြန်ပြေးလာမိသည်။

"ဟဲ့!!"

အရှိန်နဲ့ပြေး‌ပါတယ်ဆိုအနောက်ကနေဖိနပ်ကိုတက်ခြင်းခံလိုက်ရတာကြောင့်ရှေ့သို့ဟပ်ထိုးလဲကျတော့မလိုဖြစ်သွားသည်။တော်သေးတာပေါ့ကော်ရစ်တာလက်ရန်းကယ်လို့။

ဒေါသတကြီးလှည့်ကြည့်မိတော့အနောက်မှာ‌အကျေနပ်ကြီးကျေနပ်နေသည့်ယွီပင်းရဲ့အခန်းဖော်နှစ်နှစ်ငယ်တယ်ဆိုတဲ့အရိုင်တုံးလေးဖန်ရှင်း။

"ကျန်းဖန်ရှင်း!!"

"ဘာလဲ!!"

ကတ်ကတ်လန်လိုက်လေခြင်း။သူကဒေါသတကြီးအော်တော့‌အာပြဲကြီးနဲ့ပြန်ထူးတယ်။

"မင်းလုပ်တာငါသွားကျွတ်နိုင်တယ်ကွ!"

"အဲ့တော့လှသွားတာပေါ့"

"မင်းငါ့ကိုသက်သက်ပြသနာရှာနေတာလား"

"မရှာပါဘူး..ကျီးစားရုံပဲ"

တော်သေးတာပေါ့သူကျီစားတာလေးကနူးညံ့လွန်းလို့သွားမကျွတ်ရုံလေးပဲ။

"မင်းတော့အငယ်မို့လို့ပေါ့ကွာ"

ဟုတ်သည်။ဒီကောင်လေးနဲ့စတွေ့ကတည်းယွီပင်းပြေးထိုးချင်နေတာ။လက်သီးနဲ့။

ယွီပင်းမှာစိတ်တိုနေပေမယ့်အတန်းချိန်မမှီမှာစိုးတာကြောင့်ဖန်ရှင်းကိုလက်ညှိုးတထိုးထိုးနှင့်အခဲမကျေဖြစ်ကာပင်ပြေးထွက်ခဲ့ရသည်။ထိုကောင်လေးကတော့ယွီပင်းကိုလှောင်ပြောင်ရင်းကျန်ခဲ့ပါသည်။

ဒီဘော်ဒါကျောင်းတွင်တိုင်ပင်စရာမလိုပဲဖင်ခေါင်းစတားတဲ့သူတွေကိုboycottလုပ်လေ့ရှိသည်။ဖင်ခေါင်းကျယ်သူအများစုသည်နှစ်ယောက်အိပ်ဆောင်တွင်သာရှိတတ်ပြီးသူ့တို့ဘေးရှိအခန်းဖော်၏ခုတင်သည်မကြာခဏလစ်ဟာနေတတ်၏။

ထိုဖင်ခေါင်းစတားသူများထဲတွင်ဖန်ရှင်းသည်ပထမချိတ်ပြီးဝမ်ရိပေါ်ကဒုတိယနဲ့တတိယနေရာတွင်အတက်အကျဖြစ်နေတတ်သည်။

ဝမ်ရိပေါ်ကဘာကြောင့်စတားတယ်မှန်းမသိပေမယ့်ဖန်ရှင်းစတားသည့်အကြောင့်အရင်းမှာသူ့အဖေကဒီဘော်ဒါကျောင်း၏ရှယ်ယာများကိုဒုတိယအများဆုံးပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏။

My Crush In My Area >.<Donde viven las historias. Descúbrelo ahora