Part(19)

1.5K 145 1
                                        

"ကလေးတွေ...စကားမများနဲ့.."

ကျွတ်ကျွတ်ညံနေသောထမင်းစားဝိုင်းအတွင်းကျိုမား၏အသံကဟိန်းထွက်သွားပြီးစားပွဲဝိုင်းတစ်ခုလုံးမှပြောလက်စစကားများပြတ်သွားကြလေသည်။ထိုသို့ငြိမ်သက်သွားကြသူများမှာလဲကျိုချန်းတို့လိုယွီပင်းတို့လိုကလေးကြီးတွေသာဖြစ်၏။

"ရိပေါ်ရော...မဆင်းလာသေးဘူးလား"

"သွားခေါ်လိုက်မယ်ဒေါ်လေး"

ဒေါ်လေးယွီကမေးရုံရှိသေးအသွက်မအောရိန်းကအခန်းပြင်ဝတောင်ရောက်အောင်ပြေးထွက်ပြီးနှင့်နေပြီ။

"ခေါ်ပီးပီ...နင်ပြန်လာ.."

ကျိုမားကသူ့သမီးသူအံကြိတ်သံလေးနှင့်ထိန်းရသည်။
ရှောင်းကျန့်တစ်ယောက်စားပွဲခုံ၏တစ်နေရာတွင်ဝင်ထိုင်နေမိသော်လည်းရိပေါ်ထမင်းဆင်းမစားမှာပူနေမိသည်။

သိပ်မကြာလိုက်ခင်မှာပင်ဘကြီးကျူးဟောက်နဲ့ဘကြီးကျူးလူတို့ဝင်လာပြီးလူစုံတက်စုံဖြစ်သွားသဖြင့်အားလုံးဇွန်းကိုင်ခရင်းကိုင်နှင့်ဟင်းခွက်တွေစနှိုက်ကုန်ကြလေသည်။

ရှောင်းကျန့်တစ်ယောက်သာထမင်းထည့်ဝါးလိုက်အပေါက်ဝကိုငေးလိုက်ခုံအလွတ်လေးကိုကြည့်လိုက်နဲ့ထမင်းစားရတာအရသာမရှိဖြစ်နေမိသည်။

'ဘယ်သူ့အမိန့်နဲ့သူကအငတ်ခံနေရတာလဲ...သူဆင်းစားတာနဲ့ဘယ်သူကထထွက်ပြေးမှာမို့လို့လဲ'

"ဟိုမှာလွတ်နေတဲ့ခုံကဘယ်သူ့ခုံလဲ"

"ရိပေါ်လေ...ဘာလို့မစားမှန်းမသိဘူး"

ကျိုမားနဲ့ကျိုပါးကအချင်းချင်းမကြားတကြားပြောနေချင်းပါ။

"ရိပေါ်ကိုကျွန်တော်မဆင်းလာခင်ကထမင်းစား‌ဖို့ဝင်ခေါ်သေးတယ်...အဟွတ်...သူကနောက်မှစားမယ်တဲ့...အဟွတ်..ဟွတ်...အိပ်နေတာလားမသိဘူး"

ကျိရန်ကချောင်းတဟွတ်ဟွတ်ဆိုးရင်းကဝင်ပြောလိုက်သည်။

"သားကဘာလို့ချောင်းဆိုးနေတာလဲနေမကောင်းဘူးလား"

"အအေးနဲနဲမိသွားလို့ပါ"

"‌ဪဆေးလေးသောက်ထားဦးလေကွယ်"

My Crush In My Area >.<Onde histórias criam vida. Descubra agora