Part(20)

1.6K 135 5
                                    

ရိပေါ်က သူ့ဘာသာအပေါ်ထပ်ကိုကတက်ဖို့ခြေလှမ်းပြင်နေသော်လည်းဒေါ်လေးယွီက
လှမ်းခေါ်သဖြင့်ရိပေါ်၏ခြေလှမ်းတို့ကဒေါ်လေးယွီရှိရာသို့ဦးတည်ပြီးလျက်သားဖြစ်သွားရသည်။

"ရိပေါ်သားဘယ်မှာလဲမသွားဘူးနော်"

"ဟုတ်ကဲ့မသွားချင်လို့ပါ"

"ခြံထဲရောဆင်းသေးလား"

"ဟင့်အင်းမဆင်းဖြစ်သေးဘူး"

"အိမ်ထဲမှာပျင်းနေတော့မှာပဲ"

"ရပါတယ်ဒေါ်လေးရဲ့"

သူနဲ့ယွီမားတို့ပြောဆိုနေဆဲမှာပင်ရှောင်းကျန့်ကအဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ကာပြင်ဆင်ပြီးထွက်လာလေသည်။

ယွီမားကရှောင်းကျန့်ဘက်သို့လှည့်ကာ...

"အဆင်သင့်ဖြစ်ပြီလားသကောင့်သားရေ"

"ဟုတ်...ဟုတ်...ဒေါ်လေး"

"ကဲ...ဒါဆိုပစ္စည်းတွေယူပြီးသွားတော့...တကယ်ပဲ...အပြင်တစ်ခါသွားဖို့အရေးအဝတ်အစားလဲတာတစ်နှစ်လောက်ကြာတယ်"

ယွီမားကာရွဲ့ကာမဲ့ကာဖြင့်ဆိုသည်။
ရိပေါ်ကစိတ်ဝင်စားစွာဖြင့်...

"ရှောင်းကျန့်ကဘယ်သွားမလို့လဲဟင်"

"ဘုံကျောင်းပါ...အဲ့ကျောင်းကဆရာတော်ကိုတစ်လတစ်ခါမုန့်အခြောက်ကပ်နေကျလေကွဲ့"

"‌ဪ...ရှောင်းကျန့်ကတစ်ယောက်ထဲသွားမှာလား"

"အေးလေ...သားလိုက်ချင်လိုက်သွားပေါ့"

"မဖြစ်ဘူးဒေါ်လေး..သူ့ကိုမခေါ်နိုင်ဘူး"

မုန့်ထုတ်တွေဆွဲပြီးပြန်ထွက်လာသည့်ရှောင်းကျန့်ကပြာပြာသလဲလဲငြင်းသည်။ရိပေါ်ကမရ။သနားစရာမျက်လုံးလေးတွေနှင့်‌ယွီမားကိုကပ်ချွဲလိုက်လေသည်။

"ဒေါ်လေး...ကျွန်တော်လိုက်ချင်တာကိုဒေါ်လေးတူကမခေါ်ဘူးတွေ့လား"

ထိုအခါရှောင်းကျန့်၏ပုခုံးကိုယွီမားကဖြန်းကနဲရိုက်လိုက်ရင်းရိပေါ်အားအတူခေါ်သွားဖို့အမိန့်ပေးလေတော့သည်။

"ခေါ်သွားစမ်းပါ...ရိပေါ်ကတော်ရုံအပြင်ထွက်တာမဟုတ်ဘူး...ပြောတာကိုနားထောင်စမ်း"

My Crush In My Area >.<Dove le storie prendono vita. Scoprilo ora