Part(18)

1.5K 144 1
                                        

ဝရံတာမှနေ၍ခြံကြီးတစ်ခုလုံးကိုချုံ့ငေးကြည့်လိုက်တော့...'လှရက်လိုက်တာ'ဟုစိတ်ထဲကအလိုလိုတွေးမိလာပါ၏။ဒီလောက်လှပတဲ့ခြံရယ်အိမ်ရယ်ကစိတ်တိုင်းကျခြယ်သထားသောပန်းချီကားချပ်တစ်ခုလေလား။

ဒီမိသားစုနဲ့အတူအမြဲနေချင်မိတယ်။
‌မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့အမြဲပျော်ပျော်ရွှင်ရွှင်နေတာကိုသူသိပ်သဘောကြပါတယ်။ဒါပေမယ့်အဲ့လိုဘဝမျိုးကိုအခုမှပိုင်ဆိုင်ခဲ့ရတာ။

သက်ပြင်းမောကိုဟူးကနဲမှူတ်ထုတ်လိုက်တော့လေငွေ့လေးတွေကနှုတ်ခမ်းထပ်မှဟုတ်ကနဲ။ရာသီဥတုကလဲအေးနေတုန်းပင်။အောက်ဆင်းပြီးကော်ဖီနဲ့မုန့်လေးစားရရင်ကောင်းမယ်။

မနေ့ကရှောင်းကျန့်တစ်ညလုံးဘာမှမစားပဲအိပ်ခဲ့တာလား?
သူတစ်ခုခုတော့စားခဲ့မှာပေ့ါလေ။
အခုမှအရမ်းစိတ်ပူပြနေရင်ရှောင်းကျန့်အတွက်ပြောစရာဖြစ်မှာလည်းသူစိုးရိမ်မိသည်။

သူထမင်းစားခန်းထဲဝင်လာတော့ယွီမားတစ်ယောက်ထဲသာရှိပြီးထမင်းစားစားပွဲကိုပုဝါစနှင့်သုတ်လို့နေ၏။တစ်ခြားဘယ်သူမှလဲမရှိပေ။

"သား...ဘာစားချင်လို့လဲဒေါ်လေးဘာလုပ်ပေးရမလဲ"

"ကော်ဖီသောက်မလို့ပါ"

"‌ဪဒေါ်လေးဖျော်ပေးမယ်လေ"

ပြောရင်းယွီမားကစားပွဲသုတ်လက်စကိုထားပြီးထမင်းစားခန်းရဲ့တစ်ဘက်ထောင့်ချိုးကမီးဖိုခန်းထဲဝင်ဖို့ပြင်လေ၏။

"နေပါစေဒေါ်လေး...ကိုယ့်ဘာသာပဲဖျော်သောက်လိုက်ပါ့မယ်"

"ရပါတယ်ကွယ်..ထိုင်နေစမ်းပါ..ဒေါ်လေးလက်ရာလေးကြွားချင်လို့"

ဒီလိုဆိုတော့လည်းဘယ်ဆိုးလို့လဲဟုတွေးရင်းရိပေါ်ခေါင်းငြိမ့်လိုက်သည်။ယွီမားမီးဖိုထဲဝင်သွားတော့သူလဲအားနေတာနဲ့ယွီမားသုတ်လက်စကျန်ခဲ့သည့်စားပွဲခုံတန်းရှည်ကြီးအားဆက်သုတ်ပေးနေလိုက်၏။

ရိပေါ်သူကျောပေးထားသောဝင်ပေါက်ဆီမှလူတစ်ယောက်ဝင်လာသလိုခံစားရတာကြောင့်လှည့်ကြည့်လိုက်သည်။
ရေဘူးကိုမော့သောက်နေတဲ့ရှောင်းကျန့်။
သူ့ကိုမမြင်သေးဘူးထင်တယ်။သူရှိတာသာသိရင်ဝင်တောင်လာမယ်မထင်။

My Crush In My Area >.<Where stories live. Discover now