"ရိပေါ်ရာ...နောက်ဆိုပြန်ပိန်သွားမှာပါ"
"ငါ့နဖူးကိုကြည့်စမ်း...ညာဘက်မှာဘုတစ်လုံးဘယ်ဘက်မှာဘုတစ်လုံးနဲ့မသိရင်ဂျိုပေါက်နေသလိုပဲ!"
"ဟား!!ဟား!!ဟား!!ဟား!!"
ရှောင်းကျန့်ထိန်းထားသည့်ကြားမှရိပေါ်၏စကားကြောင့်အော်ရယ်မိသည်။
"ရယ်နေတာလား....ငါဆောင့်ကန်လွှတ်မှာနော်!"
ရိပေါ်တကယ်ဒေါသထွက်နေတာမို့ရှောင်းကျန့်မျက်နှာပိုးသတ်လိုက်သည်။
"ငါဆေးလိမ်းပေးမယ်ထိုင်လေ"
"ဘာဆေးလဲ"
"ပရုတ်ဆီ"
"ဘာ!!"
ရှောင်းကျန့်သူ့အော်သံကြီးကြောင့်အနည်းငယ်အနောက်သို့ပင်လန်သွား၏။
"နောက်တာနောက်တာ...တစ်ခြားလိမ်းဆေးပါ"
"မလိုဘူးမလိမ်းနဲ့"
"ရိပေါ်ရာ...စိတ်မဆိုးပါနဲ့...ငါလဲကြွက်ကြောက်လို့ပါ"
"ထားလိုက်"
"ငါတောင်းပန်ပါတယ်နော်ရိပေါ်"
"ထားလိုက်တော့"
"မင်းငါ့ကိုစိတ်ဆိုးနေသေးတယ်"
"မဆိုးဘူး!"
"မဆိုးရင်းဘာလို့အကောင်းမပြောလဲ"
"ငါစိတ်မပြေသေးလို့..."
"ငါချော့နေတယ်လေ"
"ငါ့ကိုတစ်ယောက်ထဲပေးနေ!!"
"အော်...အွန်း...အင်းပါ"
စေတနာကိုစော်ကားတယ်!!
ရှောင်းကျန့်သူ့ကိုအားနာခဲ့ရပေမယ့်စိတ်တိုမိသွားပါ၏။
ရှောင်းကျန့်ရောရိပေါ်ရောထိုနေ့ကဘာစကားမှမပြောမိကြပေ။
မိုးချုပ်သည်အထိဘာစကားမှမပြောဖြစ်ကြပဲအိပ်ယာဝင်လိုက်ရသည်။
သူတို့နှစ်ယောက်၏အိပ်ခန်းလေးသည်လေတိုးသံပင်ကြားရသည်အထိတိတ်ဆိတ်လို့နေခဲ့ပြီးအထီးကျန်နေပါတော့၏။Alarmပေးသံကြောင့်ရှောင်းကျန့်ရောရိပေါ်ပါနိုးလာကြသည်။မျက်လုံးဖွင့်သည်ဆိုတာနဲ့တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံမိကြသည်။
![](https://img.wattpad.com/cover/288918646-288-k537916.jpg)
YOU ARE READING
My Crush In My Area >.<
Fanfictionစပ်စလူးစိန်ရှောင်းကျန့်နဲ့သူ၏crhကြီး တစ်လောကလုံးကိုပတ်ချေနေသောရိပေါ်တို့ ဘော်ဒါဆောင်တွင်ထိပ်တိုက်တွေ့သောအခါ... ဘာတွေဆက်ဖြစ်မလဲ? သိချင်ဝင်ဖတ်လိုက်ပါ😶👋 ဒရမ်မာမပါဘာမပါနဲ့လုံးဝSeသီးသန့် အဲမှားလို့Heသီးသန့်ပြောတာ။