Part(14)

1.4K 151 5
                                    

ဒီညတစ်ယောက်ထဲအိပ်ရတော့မှာလား?
ရှောင်းကျန့်ကရောဘယ်အခန်းမှာဘယ်သူနဲ့အတူနေတာလဲ?

စိတ်လေးများပြောင်းပြီးပြန်လာမယ်မလား။
သူပြန်လာနိုင်သေးလား?။သူပြန်လာနိုင်သေးတယ်မဟုတ်လား?။သူကမချစ်ဘူးလို့ပြောသွားပေမယ့်ရင်ဘတ်ထဲမှာတော့ဆန့်ကျင်ဘက်အဖြေကိုသိမ်းထားတယ်မလား?။

ရှောင်းကျန့်မရှိတဲ့အခန်းလေးဟာတိတ်ဆိတ်နေပါတော့သည်။ရိပေါ်စာကိုသာအာရုံပြုထားပေမယ့်တစ်ချက်တစ်ချက်လွတ်သွားတဲ့စိတ်တွေကအကြိမ်အခါရေလို့မရအောင်သူ့ကိုပဲတမ်းတနေမိသည်။

တစ်ခါတစ်ခါရှောင်းကျန့်ရယ်သံကိုကြားမိတယ်။တစ်ခါတစ်ခါ'ရိပေါ်'ဆိုပြီးခေါ်တဲ့အသံကိုကြားမိတယ်။‌

ထိုခေါ်သံကိုကြားတိုင်းရှောင်းကျန့်ပြန်လာသလားအတွေးနဲ့ခေါင်းထောင်သွားမိပေမယ့်
အသံတွေကဟိုးအဝေးကြီးကလာသလိုနားထဲတိုးဝင်လာတာကြောင့်သူစိတ်ထင်နေတာကိုသိသိသာသာသဘောပေါက်မိပါ၏။

အသံတွေကဟိုးအဝေးဆီကလာတာ....။ဟိုး....အဝေးဆီက....။

"ရိပေါ်စာလုပ်ရတာညောင်းလာလို့ထရပ်ကာအကျောဆန့်ရင်းစားပွဲပေါ်ကရေကိုမော့သောက်လိုက်သည်။အခန်းတံခါးဝကိုမျက်နှာမူထားတာကြောင့်အခန်းတံခါးပွင့်သွားတာကိုသူမြင်လိုက်ရသည်။

"ဘယ်သူလဲ"

"ငါပါ"

အခန်းတံခါးဝမှခေါင်းပြူကာပြုံးပြတဲ့ကျိုချန်း၏ဖြူဖြူစင်စင်အပြုံးလေးတစ်ပွင့်။တံခါးကရုတ်တရက်ပွင့်သွားတော့သရဲမှတ်ပြီးရေပါနင်သွားတာလက်စသတ်တော့ကျိုချန်းလက်ချက်ပါလား။

"ငါဝင်လာမယ်နော်"

"အင်း"

ဝင်လာတာကလူချည်းပဲမဟုတ်...။အထုတ်အပိုးတွေပါပါသည်။ရိပေါ်မျက်လုံးကျဉ်းကာကြည့်မိပြီ။

"ဒါကဒီလိုလေ"

ကျိုချန်းကရှောင်းကျန့်အရင်နေခဲ့သောကုတင်ပေါ်တွင်ဟန်ပါပါထိုင်ရင်းရှင်းပြဖို့စကားစ၏။

"ရှောင်းကျန့်ကမင်းကိုမရမ်းစိတ်နာနေတယ်...သူကမင်းနဲ့တစ်ခန်းထဲမနေနိုင်ဘူးတဲ့...ငါတို့သုံးယောက်ထဲကတစ်ယောက်ယောက်နဲ့အခန်းလဲပေးဖို့တောင်းဆိုတယ်"

My Crush In My Area >.<Donde viven las historias. Descúbrelo ahora