Part(17)

1.4K 143 3
                                    

သစ်ရွက်​ခေါက်များကလေဝေ့တိုင်းအုံမိုးထားသောညောင်ပင်ကြီးဆီမှတဖွဲဖွဲကျလာစမြဲဖြစ်သည်။အဖြူရောင်ကနုတ်ပန်းတွေနှင့်လှပနေသောအမေ့အုပ်ဂူထက်မှသစ်ရွက်​​
ခြောက်တွေကိုလက်နဲ့သပ်ချရင်းကမျက်ရည်တစ်ပေါက်ကျမိသည်။

       ခံစားလွယ်ပေမယ့်စိတ်ခံစားမှုတိုင်းကိုမျိုသိပ်ထားတတ်သောသူ့ညီအကြောင်းကိုကောင်းကောင်းသိတဲ့ကျိရန်ကပုခုံးသားများကိုဆုပ်ကိုင်ဖျစ်ညစ်ရင်းအားပေးပါသည်။

       "ဝမ်လေး...ဝမ်...သား..ဝမ်လေး"

      မားခေါ်သံတွေကနားထဲပဲ့တင်ထပ်လို့နေသည်။ဝမ်လေးဟုမားကသူ့ကိုချစ်စနိုးဖြင့်တဖွဖွခေါ်ခဲ့ဖူးတာကိုသတိရမိသဖြင့်မျက်ရည်တွေကမထိန်းနိုင်တော့.....။

       "ဝမ်..."

      အစ်ကိုဆီမှဂရုဏာသက်သောလေသံ...။

      "အရမ်းကြီးမခံစားပါနဲ့ကွာ...အစ်ကိုတို့ဘဝမှာ...ဝမ်းနည်းလည်းနှစ်သိမ့်ပေးမယ်သူမရှိဘူး...လမ်းမှားလည်းလမ်းမှန်ပြင်ပေးမယ့်သူမရှိဘူး...ကိုယ့်ခြေထောက်ပေါ်ရပ်ပြီးကိုယ့်ဘဝကိုကိုယ်လက်တွေနဲ့ပဲလှပအောင်ထုဆစ်နေခဲ့ရတာ...မားဆိုတာလည်းတစ်သက်လုံးထွေးဖက်ထားနိုင်မယ့်သူမှမဟုတ်တာ...တစ်နေ့ဆိုတာရောက်လာမှာပဲ...
ရင်ဆိုင်တတ်ဖို့ပဲလိုတယ်..."

      အစ်ကိုစကားလုံးတွေကရိ‌ပေါ်  ကိုစိတ်ဓာတ်ခွန်အားတွေပေးစွမ်းနိုင်ပါသည်။
ဝမ်းနည်းပြီးခေါင်းမထောင်နိုင်အောင်လဲကျနေချိန်မျိုးမှာအစ်ကိုစကားတွေဟာသူ့အတွက်အားဆေးပါ...။

       မျက်ရည်တွေကိုလက်နဲ့သုတ်ပစ်ပြီးအမေ့အုပ်ဂူခြေရင်းမှာဒူးထောက် ထိုင်ချလျက်အမေ့ကိုဂါရဝသုံးကြိမ်ပြုပါသည်။

      (မား...မားရဲ့နွေးထွေးတဲ့ရင်ခွင်ကသားတို့အတွက်အမြဲ ရှိနေပေးလို့ကျေးဇူးတင်ပါတယ်...မားရဲ့လမ်းပြမှုတွေမရှိလည်း...ဘဝကိုလှပအောင်ပုံဖော်နိုင်ပါတယ်မား...ကျွန်တော် တို့ကိုစိတ်ချပြီးငြိမ်းချမ်းစွာအိပ်စက်ပါ...)

        "မင်းတို့ကဘယ်သူတွေလဲကွယ့်"

          "ခင်ဗျာ"

My Crush In My Area >.<Tempat cerita menjadi hidup. Temukan sekarang