Part(11)

1.5K 146 5
                                        

(Uni )

ယွီပင်းမှာချောင်ကျနေသောမျက်နှာဖြင့်မှုန်တေနေပြီးကော်ရစ်တာလက်ရန်းကိုမှီကာကျောက်ရုပ်တစ်ရုပ်လိုငေးမောနေ၏။ကော်ရစ်တာတွင်လူအနည်းငယ်ရှင်းသော်လည်းတစ်ယောက်စနှစ်ယောက်စတော့ဖြတ်သွားဖြတ်လာလုပ်တတ်ကြ၏။

ယွီပင်းဘေးနားမှာပင်အချိန်ကြာမြင်စွာအတူရပ်နေမိသောကျိုချန်းကသက်ပြင်းမောကိုချရင်းစကားစသည်။

"ယွီပင်းရာပျော်ပျော်ရွှင်ရွှင်နေစမ်းပါကွာ"

"ငါသူ့ကိုမပြတ်နိုင်ဘူး...ငါတကယ်ကိုရူးတော့မယ်ကျိုချန်းရာ"

"ဒီမှာဟေ့ကောင်သူတောင်မင်းကိုဖြတ်‌နိုင်သေးတာပဲမင်းကဘာလို့မပြတ်နိုင်ရမှာလဲ...တစ်ခါထဲစိတ်ပြတ်ပစ်လိုက်စမ်းပါကွာ...သူကမင်းကိုအပျော်ပဲကစားသွားတာ...အခုသူကမင်းလိုလွမ်းဆွတ်နေလို့လား...ပျော်တောင်ပျော်နေအုံးမှာ"

ကျိုချန်းကအပီအပြင်တရားချသော်လည်းယွီပင်းမှာမူပြောင်းလဲခြင်းမရှိ။

"သူကပြတ်ချင်တဲ့လူလေကွာ...ငါကမှမပြတ်နိုင်တာ"

"ပြတ်နိုင်တာတွေမပြတ်နိုင်တာတွေလုပ်မနေနဲ့မင်းသူ့ကိုတစ်ခါထဲစိတ်ဖြတ်လို့မရရင်တောင်ဖြည်းဖြည်းချင်းစိတ်ထဲကထုတ်ပစ်...အချစ်ဆိုတာအလကားပဲ...ဘာမှခံစားနေစရာမလိုဘူး..bla..bla..."

ယွီပင်းကကျိုချန်းဖြောင်းဖြသမျှကိုမျက်နှာသေနှင့်‌သာခေါင်းငြိမ့်ရှာ၏။ဘာမှပြန်မပြောပေမယ့်သူပြောတဲ့စကားတွေကိုသေချာမှတ်ပြီးဖန်ရှင်းကိုပြတ်နိုင်သွားရင်ပဲကျိုချန်းပျော်ပါတယ်။

အမြှုပ်ထွက်မတတ်နားချနေသည်ကိုယွီပင်ကမှိုင်တေတေအမူအယာနဲ့သာတုန့်ပြန်နေပါ၏။

"မင်းသူ့ကိုအသနားသွားမခံနဲ့ဟေ့ကောင်...ပြန်တွဲဖို့လဲမပြောနဲ့...သူ့ရှေ့ရောက်ရင်သူ့ကိုမမြင်သလို‌သဘောထားပစ်...သူ့ကိုစကားလဲသွားမပြောနဲ့ကွာ...မပြတ်နိုင်လဲ
ပက်ပက်စက်စက်ကိုချေပစ်လိုက်...လိုက်...လိုက်..."

ကျိုချန်းစကားပင်မဆုံးလိုက်သေးသူ့ရဲ့ညီတော်မောင်အလိမ်အမာကလေးဟာလှစ်ကနဲမျက်လုံးဝိုင်းလေးနှင့်အလျင်လိုစွာပြေးထွက်သွားပါ၏။

My Crush In My Area >.<Where stories live. Discover now